
Photo Credit
Photo Credit
လွန်ခဲ့တဲ့ ၁၅ နှစ်ကဒီလိုနေ့မျိုးမှာပဲ ဘာစီလိုနာအသင်းကအက်စပန်ညိုအသင်းကို ၁-ဝနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လက်ရှိဘာစီလိုနာကြယ်ပွင့် လီယိုနယ်မက်ဆီက ပွဲဦးထွက်ကစားခွင့်ရခဲ့ပေမယ့် အဲဒီပွဲမှာ သူ့ကိ ုလူကပ်ကစားခဲ့ရသူကတော့ မက်ဆီရဲ့ပွဲထွက်ခြေစမ်းက အထင်ကြီးစရာမရှိဘူးလို့ ုဆိုပါတယ်။

Photo Credit ; Getty Images
အဆိုပါနေ့ရက်မှာ အက်စပန်ညိုအသင်းဘယ်နောက်ခံလူဟောင်း ဒေးဗစ်ဂါစီယာက အသက် ၁၇ နှစ်အရွယ်မက်ဆီနဲ့ လာလီဂါနောက်ပိုင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူပေးထားတဲ့ ကွင်းလယ်လူဒေကိုရဲ့နေရာမှာ ငယ်ရွယ်တဲ့ မက်ဆီက ပွဲကစားချိန် ၈၂ မိနစ်မှာလူစားလဲခဲ့တာဖြစ်ပါတယ်။
Photo Credit
အာဂျင်သားအတွက်တော့ ပွဲကစားချိန် ၁၀ မိနစ်ကျော်ကျော်သာ ကျန်တော့တာပါ။ ဒီအချိန်တိုလေးက မက်ဆီခြေစွမ်းပြဖို့ တိုတောင်းတဲ့ အချိန်ကာလဖြစ်ပြီး ဂါစီယာနဲ့မက်ဆီတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။
Photo Credit
”ကျွန်တော်အပါအဝင် အက်စပန်ညိုလူငယ်ကစားသမားတွေလည်း သူဘယ်သူဆိုတာသိကြပါတယ်၊ ကျွန်တော်တို့အားလုံး ဘာစီလိုနာအသင်းရဲ့ လူစာရင်းကိုသိရှိပြီးသူကစောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးဆိုတာသိကြပါတယ်။
Photo Credit
”ဘာစီလိုနာဘီအသင်းမှာ သူဘယ်လိုစွမ်းဆောင်ထားနိုင်တယ်ဆိုတာနဲ့ တချို့ပွဲစဉ်တွေမှာလည်း သူ့ရဲ့ခြေစွမ်းကောင်းတွေကိုတွေ့ဖူးပါတယ်၊ အဲဒီနေ့ကတော့ မှတ်မှတ်ရရ သူ့ရဲ့ခြေစွမ်းက သာမန်ပါပဲ၊ သူ့ရဲ့ဘောလုံးပါရမီရှိတာကလွဲလို့ပေါ့”
Photo Credit
”ဒီနေ့မှာတော့ သူအရမ်းကိုတိုးတက်အောင်မြင်နေပါပြီ၊ အဲဒီနေ့ကပွဲစဉ်နဲ့တော့ ဘာမှကိုမဆိုင်ပါဘူး“လို့ ဂါစီယာကပြောပါတယ်။ ဆက်လက်ပြီး ဂါစီယာက ”အဲဒီနေ့က သူထူးထူးခြားခြားကစားပြသွားတာမျိုး ကျွန်တော် မမှတ်မိပါဘူး၊ တခြားသောတိုက်စစ်မှူးတွေကိုထိန်းချုပ်ကာကွယ်ရသလိုပါပဲ“လို့ ဆက်ပြောပါတယ်။
Photo Credit
အဆိုပါ ၂၀၀၄ ခုနှစ်အောက်တိုဘာလ ၁၇ရက်နေ့ကနေ မက်ဆီက အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်နေပါပြီ။ ကက်တာလန်အသင်းအတွက် ၆၉၂ ပွဲပါဝင်ကစားပြီး အံသြဖွယ် သွင်းဂိုး ၆၀၄ ဂိုးအထိသွင်းယူပေးထားပါတယ်။
Photo Credit
ဂါစီယာကတော့ အက်စပန်ညိုအသင်းမှာပွဲ ၂၀၀ ပွဲထွက် ကစားခဲ့ပြီး၂၀၁၅ ခုနှစ်မှာ ဂီရိုနာအသင်းကစားသမားအဖြစ်ကနေ အနားယူသွားခဲ့ပါတယ်။
Photo Credit
Zawgyi
မက္ဆီရဲ႕ပြဲဦးထြက္ေျခစြမ္းကို ဖြင့္ဟလာတဲ့ၿပိဳင္ဘက္ေဟာင္း
လြန္ခဲ့တဲ့ ၁၅ ႏွစ္ကဒီလိုေန႔မ်ိဳးမွာပဲ ဘာစီလိုနာအသင္းကအက္စပန္ညိဳအသင္းကို ၁-၀နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ လက္ရွိဘာစီလိုနာၾကယ္ပြင့္ လီယိုနယ္မက္ဆီက ပြဲဦးထြက္ကစားခြင့္ရခဲ့ေပမယ့္ အဲဒီပဲြမွာ သူ႕ကိ ုလူကပ္ကစားခဲ့ရသူကေတာ့ မက္ဆီရဲ႕ပဲြထြက္ေျခစမ္းက အထင္ႀကီးစရာမရွိဘူးလုိ႔ ုဆိုပါတယ္။
အဆိုပါေန႔ရက္မွာ အက္စပန္ညိဳအသင္းဘယ္ေနာက္ခံလူေဟာင္း ေဒးဗစ္ဂါစီယာက အသက္ ၁၇ ႏွစ္အရြယ္မက္ဆီနဲ႔ လာလီဂါေနာက္ပိုင္းအဆင့္မွာ ထိပ္တိုက္ေတြ႔ဆံုခဲ့ၾကတာ ျဖစ္ပါတယ္။ အဆိုပါပြဲစဥ္မွာ တစ္လုံးတည္းေသာအႏိုင္ဂိုး သြင္းယူေပးထားတဲ့ ကြင္းလယ္လူေဒကိုရဲ႕ေနရာမွာ ငယ္ရြယ္တဲ့ မက္ဆီက ပြဲကစားခ်ိန္ ၈၂ မိနစ္မွာလူစားလဲခဲ့တာျဖစ္ပါတယ္။
အာဂ်င္သားအတြက္ေတာ့ ပြဲကစားခ်ိန္ ၁၀ မိနစ္ေက်ာ္ေက်ာ္သာ က်န္ေတာ့တာပါ။ ဒီအခ်ိန္တိုေလးက မက္ဆီေျခစြမ္းျပဖို႔ တိုေတာင္းတဲ့ အခ်ိန္ကာလျဖစ္ၿပီး ဂါစီယာန႔ဲမက္ဆီတို႔ ထိပ္တိုက္ ရင္ဆိုင္ခဲ့ရပါတယ္။
”ကၽြန္ေတာ္အပါအဝင္ အက္စပန္ညိဳလူငယ္ကစားသမားေတြလည္း သူဘယ္သူဆိုတာသိၾကပါတယ္၊ ကၽြန္ေတာ္တို႔အားလံုး ဘာစီလိုနာအသင္းရဲ႕ လူစာရင္းကိုသိရွိၿပီးသူကေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ဦးဆိုတာသိၾကပါတယ္။
”ဘာစီလိုနာဘီအသင္းမွာ သူဘယ္လိုစြမ္းေဆာင္ထားႏိုင္တယ္ဆိုတာနဲ႔ တခ်ိဳ႕ပြဲစဥ္ေတြမွာလည္း သူ႕ရဲ႕ေျခစြမ္းေကာင္းေတြကိုေတြ႔ဖူးပါတယ္၊ အဲဒီေန႔ကေတာ့ မွတ္မွတ္ရရ သူ႕ရဲ႕ေျခစြမ္းက သာမန္ပါပဲ၊ သူ႕ရဲ႕ေဘာလံုးပါရမီရွိတာကလြဲလို႔ေပါ့”
”ဒီေန႔မွာေတာ့ သူအရမ္းကိုတိုးတက္ေအာင္ျမင္ေနပါၿပီ၊ အဲဒီေန႔ကပြဲစဥ္နဲ႔ေတာ့ ဘာမွကိုမဆုိင္ပါဘူး“လို႔ ဂါစီယာကေျပာပါတယ္။ ဆက္လက္ၿပီး ဂါစီယာက ”အဲဒီေန႔က သူထူးထူးျခားျခားကစားျပသြားတာမ်ိဳး ကၽြန္ေတာ္ မမွတ္မိပါဘူး၊ တျခားေသာတိုက္စစ္မွဴးေတြကိုထိန္းခ်ဳပ္ကာကြယ္ရသလိုပါပဲ“လို႔ ဆက္ေျပာပါတယ္။
အဆိုပါ ၂၀၀၄ ခုႏွစ္ေအာက္တိုဘာလ ၁၇ရက္ေန႔ကေန မက္ဆီက အခုခ်ိန္မွာေတာ့ ကမၻာ့အေကာင္းဆံုးကစားသမားတစ္ဦး ျဖစ္ေနပါၿပီ။ ကက္တာလန္အသင္းအတြက္ ၆၉၂ ပြဲပါဝင္ကစားၿပီး အံၾသဖြယ္ သြင္းဂိုး ၆၀၄ ဂိုးအထိသြင္းယူေပးထားပါတယ္။
ဂါစီယာကေတာ့ အက္စပန္ညိဳအသင္းမွာပြဲ ၂၀၀ ပြဲထြက္ ကစားခ့ဲၿပီး၂၀၁၅ ခုႏွစ္မွာ ဂီ႐ိုနာအသင္းကစားသမားအျဖစ္ကေန အနားယူသြားခဲ့ပါတယ္။