မက်ဆီရဲ့ပွေ့ဖက်မှုကြောင့် သူ့ဂျာစီကို လျှော်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဘရိတ်ဝိတ်

photo-tribuna

photo-gettyimages

သူ့ရဲ့ဘာစီလိုနာပွဲဦးထွက်မှာ အသင်းခေါင်းဆောင်မက်ဆီရဲ့ပွေ့ဖက်မှုကို ရရှိခဲ့ပြီးနောက် အသင်းတိုက်စစ်မှုးသစ်ဘရိဝိတ်က သူ့ဂျာစီအင်္ကျီကို လျှော်တော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အဲဒီလီဂါနက်စ်တိုက်စစ်မှုးဟောင်းဟာ ပြီးခဲ့တဲ့စနေည အီဘာကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာ လူစားဝင်လာပြီး ဘာစီလိုနာအတွက် ပွဲဦးထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

photo-gettyimages

ဒါပေမဲ့ သူဟာ လူစားဝင်လာပြီး သိပ်မကြာခင်မှာပဲ မက်ဆီအတွက် ဂိုးတစ်ဂိုးကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အဲဒီဂိုးသွင်းအပြီးမှာ မက်ဆီက ဘရိတ်ဝိတ်ကို ပွေ့ဖက်ဂုဏ်ပြုခဲ့တာပါ။ လွန်ခဲ့တဲ့တစ်ပတ်က တန်းဇုန်တိုက်ပွဲဆင်နွှဲနေရတဲ့အသင်းတစ်သင်းက ကစားသမားဟာ ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာတိုက်စစ်မှာ မက်ဆီလို ကမ္ဘာကျော်ကစားသမားနဲ့ အတူတွဲကစားရမယ်လို့ လုံးဝကိုမမျှော်လင့်ထားတဲ့အတွက်ကြောင့် သူ့အတွက် အိပ်မက်ဆန်တဲ့အခိုက်အတန့်ဖြစ်မှာပါ။

photo-gettyimages

”မက်ဆီရဲ့ပွေ့ဖက်မှုကို ရရှိပြီးနောက်မှာတော့ ကျွန်တော့်အင်္ကျီကို လျှော်မှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့တစ်ပတ်လောက်က  ဘာစီလိုနာအတွက် ကစားရလိမ့်မယ်လို့ မထင်ခဲ့ဘူးဆိုတာကို ဝန်ခံလိုပါတယ်။ အဲဒီဂိုးသွင်းပြီးတော့ မက်ဆီဟာ ကျွန်တော့်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ပါတယ်။ သူဟာ စိတ်သဘောထားပြည့်သူတစ်ယောက်လိုပါပဲ။ သူဟာ ကျွန်တော့်ကို သက်သောင့်သက်သာ ဖြစ်စေချင်ပါတယ်။ ကျွန်တော်လူးစားဝင်လာတော့ ဘောလုံးပေးဖို့ သူ ကျွန်တော့်ကို ရှာခဲ့တာပါ”လို့ ဘရိတ်ဝိတ်က အီဘာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

[Zawgyi]

မက္ဆီရဲ႕ေပြ႕ဖက္မႈေၾကာင့္ သူ႔ဂ်ာစီကို ေလွ်ာ္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ဘရိတ္၀ိတ္

သူ႔ရဲ႕ဘာစီလိုနာပြဲဦးထြက္မွာ အသင္းေခါင္းေဆာင္မက္ဆီရဲ႕ေပြ႕ဖက္မႈကို ရရွိခဲ့ၿပီးေနာက္ အသင္းတိုက္စစ္မႈးသစ္ဘရိ၀ိတ္က သူ႔ဂ်ာစီအက်ၤီကို ေလွ်ာ္ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။ အဲဒီလီဂါနက္စ္တိုက္စစ္မႈးေဟာင္းဟာ ၿပီးခဲ့တဲ့စေနည အီဘာကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လာလီဂါပြဲစဥ္မွာ လူစား၀င္လာၿပီး ဘာစီလိုနာအတြက္ ပြဲဦးထြက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူဟာ လူစား၀င္လာၿပီး သိပ္မၾကာခင္မွာပဲ မက္ဆီအတြက္ ဂိုးတစ္ဂိုးကို ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။ အဲဒီဂိုးသြင္းအၿပီးမွာ မက္ဆီက ဘရိတ္၀ိတ္ကို ေပြ႕ဖက္ဂုဏ္ျပဳခဲ့တာပါ။ လြန္ခဲ့တဲ့တစ္ပတ္က တန္းဇုန္တိုက္ပြဲဆင္ႏႊဲေနရတဲ့အသင္းတစ္သင္းက ကစားသမားဟာ ရက္ပိုင္းအတြင္းမွာပဲ ဘာစီလုိနာတုိက္စစ္မွာ မက္ဆီလို ကမာၻေက်ာ္ကစားသမားနဲ႔ အတူတဲြကစားရမယ္လုိ႔ လုံး၀ကုိမေမွ်ာ္လင့္ထားတဲ့အတြက္ေၾကာင့္ သူ႔အတြက္ အိပ္မက္ဆန္တဲ့အခိုက္အတန္႔ျဖစ္မွာပါ။

”မက္ဆီရဲ႕ေပြ႕ဖက္မႈကို ရရွိၿပီးေနာက္မွာေတာ့ ကၽြန္ေတာ့္အက်ၤီကို ေလွ်ာ္မွာ မဟုတ္ေတာ့ပါဘူး။ လြန္ခဲ့တဲ့တစ္ပတ္ေလာက္က  ဘာစီလုိနာအတြက္ ကစားရလိမ့့္မယ္လုိ႔ မထင္ခဲ့ဘူးဆိုတာကို ၀န္ခံလိုပါတယ္။ အဲဒီဂိုးသြင္းၿပီးေတာ့ မက္ဆီဟာ ကၽြန္ေတာ့္ကုိ ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့ပါတယ္။ သူဟာ စိတ္သေဘာထားျပည့္သူတစ္ေယာက္လိုပါပဲ။ သူဟာ ကၽြန္ေတာ့္ကို သက္ေသာင့္သက္သာ ျဖစ္ေစခ်င္ပါတယ္။ ကၽြန္ေတာ္လူးစား၀င္လာေတာ့ ေဘာလုံးေပးဖို႔ သူ ကၽြန္ေတာ့္ကို ရွာခဲ့တာပါ”လို႔ ဘရိတ္၀ိတ္က အီဘာနဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။