
Photo Credit
Photo Credit
နှစ်ပေါင်းများစွာတိုက်စစ်မှူးတွေက ဂိုးသွင်းအပြီးမှာထူးခြားတဲ့အပြုအမူတွေနဲ့ အောင်ပွဲခံကြသလို အခုတော့ နောက်ခံလူတွေကလည်း ပြီးပြည့်စုံတဲ့ဖျက်ထုတ်မှုတွေ လုပ်ဆောင်အပြီးမှာ အောင်ပွဲခံတတ်တဲ့အကြောင်း ပြောဖို့ အချိန်ရောက်လာခဲ့ပါပြီ။ ဆလားဗီးယားပရာဟာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၂-၁ နဲ့ ရံှုံးနိမ့်ခဲ့ရပါတယ်။
Slavia Prague might have lost to Barcelona last night, but David Hovorka had a night to remember:
1) Slide tackles Messi and celebrates like a boss
2) Cruyff turning him back to Argentina
Not bad for a centre back! pic.twitter.com/uMZMuRnTMA
— Sport Social (@TheSportSocial) October 24, 2019
Video Credit
ဒါပေမဲ့ အဲဒီပွဲစဉ်မှာ ချက်ကိုယ်စားပြုကလပ်အသင်းဟာ ပေါ့သေးသေးမဟုတ်ဘဲ ချက်ဘောလုံးလောကကရှင်သန်နေသေးကြောင်း သက်သေပြခဲ့သူကတော့ လီယိုနယ်မက်ဆီရဲ့ ခြေထောက်ထဲကဘောလုံးကို ပိုင်ပိုင်နိုင်နိုင်ဖျက်ထုတ်ပြနိုင်ခဲ့တဲ့ ပရာဟာနောက်ခံလူဒေးဗစ်ဟိုဗော်ကာပဲ ဖြစ်ပါတယ်။ Ballon d’Or ဆု ၅ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ပြိုင်ဘက်အသင်းရဲ့ပင်နယ်တီဧရိယာထဲမှာ ဘောလုံးဆွဲပြေးနေချိန် ဟိုဗော်ကာက လျင်မြန်စွာဘောလုံးဖျက်ထုတ်နိုင်ခဲ့ပြီး ထောင့်ကန်ဘော ဖြစ်စေခဲ့တာပါ။
Photo Credit
အသက် ၂၆ နှစ်အရွယ်နောက်ခံလူဟာ မက်ဆီနဲ့ တစ်ဦးချင်းရင်ဆိုင်အတွေ့မှာ အောင်မြင်စွာ ဖျက်ထုတ်နိုင်ခဲ့တာကြောင့် အောင်ပွဲခံခဲ့ပါသေးတယ်။ မက်ဆီရဲ့ခြေထောက်ထဲကဘောလုံးကို တားဆီးနိုင်ခဲ့ပြီးနောက် ဟိုဗော်ကာရဲ့ ရယ်ရွှင်ဖွယ်လုပ်ရပ်က ဆီနိုဘိုကွင်းကြီးထဲမှာ အမှတ်ရဖွယ်ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
Photo Credit
ဘာစီလိုနာ ကြယ်ပွင့်မက်ဆီကတော့ ချန်ပီယံလိဂ်မှာ ၁၁၃ ဂိုးမြောက်သွင်းဂိုးကို အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ၃ မိနစ်မှာပဲသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ ဦးဆောင်ဂိုးနဲ့ ဘာစီလိုနာက ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာပရာဟာက ဂျန်ဘိုရယ်လ်ကချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။
Photo Credit
ချေပဂိုးရရှိပြီးသိမ်မကြာခင်မှာပဲ ပီတာအိုလေရင်ကရဲ့ ကံခေတဲ့ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမှုကြောင့် ဘာစီလိုနာအသင်းကို ၃ မှတ်ပေးလိုက်ရပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စု F မှာ ထိပ်ဆုံးကဦးဆောင်နေပါတယ်။
Photo Credit
Zawgyi
မက္ဆီရဲ႕ထိုးေဖာက္မႈကို ေအာင္ျမင္စြာတားဆီးႏိုင္ခဲ့ၿပီးေနာက္ ေအာင္ပြဲခံသြားတဲ့ပရာဟာေနာက္ခံလူရဲ႕ျဖစ္ရပ္ လူမႈမီဒီယာမွာ ေရပန္းစား
ႏွစ္ေပါင္းမ်ားစြာတိုက္စစ္မွဴးေတြက ဂိုးသြင္းအၿပီးမွာထူးျခားတဲ့အျပဳအမူေတြနဲ႔ ေအာင္ပြဲခံၾကသလို အခုေတာ့ ေနာက္ခံလူေတြကလည္း ၿပီးျပည့္စံုတဲ့ဖ်က္ထုတ္မႈေတြ လုပ္ေဆာင္အၿပီးမွာ ေအာင္ပြဲခံတတ္တဲ့အေၾကာင္း ေျပာဖို႔ အခ်ိန္ေရာက္လာခဲ့ပါၿပီ။ ဆလားဗီးယားပရာဟာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းကို အေကာင္းဆံုးတံု႔ျပန္ကစားႏိုင္ခ့ဲေပမယ့္ ပြဲအၿပီးမွာေတာ့ ၂-၁ နဲ႔ ႐ံံႈးနိမ့္ခဲ့ရပါတယ္။
ဒါေပမဲ့ အဲဒီပြဲစဥ္မွာ ခ်က္ကိုယ္စားျပဳကလပ္အသင္းဟာ ေပါ့ေသးေသးမဟုတ္ဘဲ ခ်က္ေဘာလံုးေလာကကရွင္သန္ေနေသးေၾကာင္း သက္ေသျပခဲ့သူကေတာ့ လီယိုနယ္မက္ဆီရဲ႕ ေျခေထာက္ထဲကေဘာလံုးကို ပိုင္ပိုင္ႏိုင္ႏိုင္ဖ်က္ထုတ္ျပႏိုင္ခဲ့တဲ့ ပရာဟာေနာက္ခံလူေဒးဗစ္ဟိုေဗာ္ကာပဲ ျဖစ္ပါတယ္။ Ballon d’Or ဆု ၅ ႀကိမ္ရရွိထားတဲ့ မက္ဆီဟာ ၿပိဳင္ဘက္အသင္းရဲ႕ပင္နယ္တီဧရိယာထဲမွာ ေဘာလံုးဆြဲေျပးေနခ်ိန္ ဟိုေဗာ္ကာက လ်င္ျမန္စြာေဘာလံုးဖ်က္ထုတ္ႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာ ျဖစ္ေစခဲ့တာပါ။
အသက္ ၂၆ ႏွစ္အရြယ္ေနာက္ခံလူဟာ မက္ဆီနဲ႔ တစ္ဦးခ်င္းရင္ဆိုင္အေတြ႕မွာ ေအာင္ျမင္စြာ ဖ်က္ထုတ္ႏိုင္ခဲ့တာေၾကာင့္ ေအာင္ပြဲခံခဲ့ပါေသးတယ္။ မက္ဆီရဲ႕ေျခေထာက္ထဲကေဘာလံုးကို တားဆီးႏိုင္ခဲ့ၿပီးေနာက္ ဟိုေဗာ္ကာရဲ႕ ရယ္ရႊင္ဖြယ္လုပ္ရပ္က ဆီႏိုဘိုကြင္းၾကီးထဲမွာ အမွတ္ရဖြယ္ျဖစ္ရပ္ ျဖစ္ခဲ့ပါတယ္။
ဘာစီလိုနာ ၾကယ္ပြင့္မက္ဆီကေတာ့ ခ်န္ပီယံလိဂ္မွာ ၁၁၃ ဂိုးေျမာက္သြင္းဂိုးကို အဆိုပါပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၃ မိနစ္မွာပဲသြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ မက္ဆီရဲ႕ ဦးေဆာင္ဂိုးနဲ႔ ဘာစီလုိနာက ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာပရာဟာက ဂ်န္ဘိုရယ္လ္ကေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ပါတယ္။
ေခ်ပဂိုးရရွိၿပီးသိမ္မၾကာခင္မွာပဲ ပီတာအိုေလရင္ကရဲ႕ ကံေခတဲ့ကိုယ့္ဂိုးကိုယ္ျပန္သြင္းယူမႈေၾကာင့္ ဘာစီလိုနာအသင္းကို ၃ မွတ္ေပးလိုက္ရပါတယ္။ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ ၃ ပြဲကစားအၿပီးမွာ ရမွတ္ ၇ မွတ္နဲ႔ အုပ္စု F မွာ ထိပ္ဆံုးကဦးေဆာင္ေနပါတယ္။