
photo-goal
photo-gettyimages
ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ ဘရုဂျက်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ဒုတိယပိုင်း ၅၂ မိနစ်ရောက်မှသာ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့် စံချိန်သစ် ၂ ခုရရှိသွားခဲ့ပါတယ်။ ဒဏ်ရာက ပြန်ကောင်းတာ မကြာသေးတာကြောင့် အမ်ဘက်ပီဟာ အဲဒီပွဲမှာ ဒုတိယပိုင်းရောက်မှသာ လူစားဝင်ကစားခဲ့တာပါ။ သူစတင်လူစားဝင်တော့ ပီအက်စ်ဂျီဟာ အိမ်ရှင်ဘရုဂျက်ကို ဂိုးမပြတ်သေးပါဘူး။ ပထမပိုင်းမှာ အိုင်ကာဒီသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့သာ ဦးဆောင်နေတာပါ။
photo-gettyimages
ဒါပေမဲ့ အမ်ဘက်ပီက လူစားဝင်လာပြီး ၉ မိနစ်အကြာမှာပဲ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ခေါင်းတိုက်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘက်ပီဟာ နောက် ၂ မိနစ်အကြာမှာ အိုင်ကာဒီသွင်းခဲ့တဲ့ တတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။ အမ်ဘက်ပီတစ်ယောက် ဒီလောက်နဲ့ရပ်မနေခဲ့ပါဘူး။ ၇၉ နဲ့ ၈၃ မိနစ်တွေမှာ ၄ မိနစ်သာခြားပြီး ပီအက်စ်ဂျီအတွက် နောက်ထပ် ၂ ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဒီလိုဟက်ထရစ်သွင်းနိုင်ခဲ့တာကြောင့်လည်း အမ်ဘက်ပီဟာ ချန်ပီယံလိဂ်သမိုင်းမှာ လူစားဝင်တစ်ယောက်အနေနဲ့ အမြန်ဆုံးဟက်ထရစ်ရသူဖြစ်လာခဲ့ပါတယ်။
photo-gettyimages
အဲဒီပွဲက ဟက်ထရစ်ကြောင့် သူ့ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်က ၁၅ ဂိုးရှိသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀ နှစ်၊ ၃၀၆ ရက်နဲ့ အမ်ဘက်ပီဟာ ချန်ပီယံလိဂ်မှာ ၁၅ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသူ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ မက်ဆီရဲ့စံချိန်ကိုချိုးနိုင်ခဲ့တာပါ။ မက်ဆီဟာ ၂၁ နှစ်၊ ၂၈၈ ရက်နဲ့ ယခင်စံချိန်ရှင်ဖြစ်ခဲ့ပြီး သူ့တုန်းကလည်း ရီးရဲလ်ဂန္ထဝင်ရာအူးလ်ရဲ့စံချိန်ကိုချိုးခဲ့တာ ဖြစ်ပါတယ်။
[Zawgyi]
မက္ဆီရဲ႕စံခ်ိန္ကိုခ်ိဳးခ့ဲသလို လူစား၀င္တစ္ေယာက္အေနနဲ႔ အျမန္ဆုံးဟက္ထရစ္ရခဲဲ့တဲ့ အမ္ဘက္ပီ
ပီအက္စ္ဂ်ီတုိက္စစ္မႈးအမ္ဘက္ပီဟာ ဘရုဂ်က္ကို ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မွာ ဒုတိယပိုင္း ၅၂ မိနစ္ေရာက္မွသာ လူစား၀င္ကစားခဲ့တာျဖစ္ေပမယ့္ စံခ်ိန္သစ္ ၂ ခုရရွိသြားခဲ့ပါတယ္။ ဒဏ္ရာက ျပန္ေကာင္းတာ မၾကာေသးတာေၾကာင့္ အမ္ဘက္ပီဟာ အဲဒီပြဲမွာ ဒုတိယပိုင္းေရာက္မွသာ လူစား၀င္ကစားခဲ့တာပါ။ သူစတင္လူစား၀င္ေတာ့ ပီအက္္စ္ဂ်ီဟာ အိမ္ရွင္ဘရုဂ်က္ကို ဂိုးမျပတ္ေသးပါဘူး။ ပထမပိုင္းမွာ အိုင္ကာဒီသြင္းယူတဲ့ တစ္လုံးတည္းေသာဂိုးနဲ႔သာ ဦးေဆာင္ေနတာပါ။
ဒါေပမဲ့ အမ္ဘက္ပီက လူစား၀င္လာၿပီး ၉ မိနစ္အၾကာမွာပဲ ပီအက္စ္ဂ်ီအတြက္ ဒုတိယဂိုးကုိ ေခါင္းတုိက္သြင္းေပးခဲ့ပါတယ္။ ဒါ့အျပင္ အမ္ဘက္ပီဟာ ေနာက္ ၂ မိနစ္အၾကာမွာ အိုင္ကာဒီသြင္းခဲ့တဲ့ တတိယဂိုးကိုလည္း ဖန္တီးေပးခဲ့ပါေသးတယ္။ အမ္ဘက္ပီတစ္ေယာက္ ဒီေလာက္နဲ႔ရပ္မေနခဲ့ပါဘူး။ ၇၉ နဲ႔ ၈၃ မိနစ္ေတြမွာ ၄ မိနစ္သာျခားၿပီး ပီအက္စ္ဂ်ီအတြက္ ေနာက္ထပ္ ၂ ဂိုးဆက္တုိက္သြင္းယူႏိုင္ခဲ့ျပန္ပါတယ္။ ဒီလိုဟက္ထရစ္သြင္းႏိုင္ခဲ့တာေၾကာင့္လည္း အမ္ဘက္ပီဟာ ခ်န္ပီယံလိဂ္သမုိင္းမွာ လူစား၀င္တစ္ေယာက္အေနနဲ႔ အျမန္ဆုံးဟက္ထရစ္ရသူျဖစ္လာခဲ့ပါတယ္။
အဲဒီပြဲက ဟက္ထရစ္ေၾကာင့္ သူ႔ရဲ႕ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္သြင္းဂိုးအေရအတြက္က ၁၅ ဂိုးရွိသြားခဲ့ပါတယ္။ ဒါေၾကာင့္လညး္ ၂၀ ႏွစ္၊ ၃၀၆ ရက္နဲ႔ အမ္ဘက္ပီဟာ ခ်န္ပီယံလိဂ္မွာ ၁၅ ဂိုးသြင္းႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးသူ ျဖစ္လာခဲ့ပါတယ္။ သူ႔အေနနဲ႔ မက္ဆီရဲ႕စံခ်ိန္ကိုခ်ိဳးႏိုင္ခဲ့တာပါ။ မက္ဆီဟာ ၂၁ ႏွစ္၊ ၂၈၈ ရက္နဲ႔ ယခင္စံခ်ိန္ရွင္ျဖစ္ခဲ့ၿပီး သူ႔တုန္းကလည္း ရီးရဲလ္ဂႏၳ၀င္ရာအူးလ္ရဲ႕စံခ်ိန္ကိုခ်ိဳးခဲ့တာ ျဖစ္ပါတယ္။