
အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်ပွဲမှာ မက်ဆီဝတ်ဆင်ကစားခဲ့တဲ့
အင်္ကျီ ၆ ထည်ကို လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
၃၆ နှစ်အရွယ် အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက
ပြင်သစ်နဲ့ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူ့ကစားသမားဘ၀
ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။
လေလံတင်ရောင်းချမယ့် မက်ဆီရဲ့ဂျာစီတွေထဲမှာ အဲဒီဗိုလ်လုပွဲက အင်္ကျီလည်း ပါဝင်ပါတယ်။
မက်ဆီရဲ့ကာတာကမ္ဘာ့ဖလားဝတ်ဂျာစီတွေ ရောင်းချရမှုကနေ
ကမ္ဘာ့စံချိန်တင်ဈေးအဖြစ် ပေါင် ၈ သန်းကျော်ရမယ်လို့ မျှော်မှန်းထားတာပါ။
မက်ဆီရဲ့အင်္ကျီတွေကို အကြီးဆုံးလေလံကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့
ဗြိတိန်အခြေစိုက် Brahm Wachter က အမေရိကန်နိုင်ငံ နယူးယော့ခ်မှာ လေလံတင်မှာ ဖြစ်ပါတယ်။
ပွဲဝတ်ဘောလုံးအင်္ကျီတွေထဲမှာ စံချိန်တင်ဈေးနဲ့ရောင်းချလို့ရထားတာက
မာရာဒိုနာရဲ့ဘုရားပေးသောလက်ဂျာစီပါ။
အင်္ဂလန်နဲ့ရင်ဆိုင်ကစားခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ
မာရာဒိုနာဝတ်ခဲ့တဲ့အဲဒီအင်္ကျီကို ၂၀၂၂ တုန်းက ပေါင် ၇.၁ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။
လေလံတင်ရောင်းချခဲ့တဲ့ ဘောလုံးအင်္ကျီတွေထဲမှာ ဒုတိယဈေးအရဆုံးဖြစ်တဲ့
ပီလီရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအင်္ကျီတောင် ပေါင် ၁၅၇၇၅၀ ပဲ ရတာပါ။
မက်ဆီရဲ့ဂျာစီတွေကို လေလံတင်မှာဟာ သူတု့ိရဲ့လေလံသမိုင်းမှာ မှတ်မှတ်ရရလို့ Brahm Wachter က ဆိုပါတယ်။
Ballon d’Or ၈ ကြိမ်ရမက်ဆီဟာ ကမ္ဘာ့ပြိုင်ပွဲတစ်ခုမှာ အုပ်စုကနေ ဗိုလ်လုပွဲအထိ
အဆင့်တိုင်းဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်တာပါ။