မက်ဆီရဲ့ကစားသမားဘဝမှာ ဘယ်တုန်းကမှ မရဖူးသေးတဲ့ တစ်ဦးချင်း အထူးဆု

photo-gettyimages

photo-fifa

လက်ရှိကမ္ဘာ့အကောင်းဆုံးကစားဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ သူ့ကစားသမားဘဝတစ်လျှောက် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ဂိုးမာျးစွာသွင်းယူခဲ့တာကို ကျွန်တော်တို့အားလုံး တွေ့မြင်ခဲ့ကြရပြီးပါပြီ။ အဲဒီအာဂျင်တီးနားကြယ်ပွင့်ရဲ့လှပတဲ့သွင်းဂိုးတွေကိုလည်း YouTube ပေါ်မှာ တစ်စုတစ်စည်းတည်းနဲ့ အလွယ်တကူကြည့်ရှုခံစားလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ မက်ဆီဟာ ဖီဖာရဲ့တစ်နှစ်တာအလှဆုံးသွင်းဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကပ်ဆုကို တစ်ခါမှ မရဖူးသေးပါဘူး။

photo-gettyimages

သူ့ရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ စီရော်နယ်ဒိုတောင် ဂုဏ်သိက္ခာကြီးမြင့်တဲ့ဆုတစ်ခုဖြစ်တဲ့ အဲဒီဆုကို သူ့ကစားသမားဘဝမှာ ရခဲ့ဖူးပါတယ်။ ဒီလိုပဲ ပွတ်ရှ်ကပ်ဆုရဖူးသူတွေထဲမှာ လက်ရှိနာမည်ကြီးတွေထဲက ဆာလာ၊နေမာနဲ့ အီဘရာဟီဗိုဗစ်တို့လည်း ပါဝင်ပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက မက်ဆီဟာ အလှဆုံးသွင်းဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကပ်ဆုအတွက် ဆန်ခါတင်ပါဝင်မှု အကြိမ်ရေအများဆုံးသူအဖြစ် စံချိန်တင်ထားပြီး ၇ ကြိမ်တောင် ရှိခဲ့တာပါ။

photo-gettyimages

ပြီးခဲ့တဲ့နှစ်တုန်းကလည်း မက်ဆီဟာ ပွတ်ရှ်ကပ်ဆုရဖို့ ရေပန်းစားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီလာလီဂါမှာ ဘက်တစ်ဘက်ကို သွင်းခဲ့တဲ့ လှပတဲ့ဂိုးနဲ့ပါ။ ဒါပေမဲ့လည်း နောက်ဆုံးတော့ မဲပေးမှုမှာ ဒုတိယသာချိတ်ခဲ့လို့ မက်ဆီဟာ အဲဒီဆုနဲ့ ကပ်လွဲခဲ့ရပြန်တယ်။ ဖီဖာရဲ့The Best ၊ Ballon d’Or တို့နဲ့ သူ့ဘဝမှာ မရဖူးတဲ့ တစ်ဦးချင်းအထူးဆုဆိုတာ မရှိသလောက်ပါပဲ။ ပွတ်ရှ်ကပ်ဆုက လွဲရင်ပေါ့လေ။ သူ့ရဲ့လက်ကျန်ကစားသမားဘဝမှာ ဒီဆုကို သူ ရရော ရပါဦးတော့မလား။

[Zawgyi]

မက္ဆီရဲ႕ကစားသမားဘ၀မွာ ဘယ္တုန္းကမွ မရဖူးေသးတဲ့ တစ္ဦးခ်င္း အထူးဆု

လက္ရွိကမာၻ႔အေကာင္းဆုံးကစားျဖစ္တဲ့ လီယြန္နယ္မက္ဆီဟာ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္ ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ဂိုးမာ်းစြာသြင္းယူခဲ့တာကို ကၽြန္ေတာ္တုိ႔အားလုံး ေတြ႕ျမင္ခဲ့ၾကရၿပီးပါၿပီ။ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ရဲ႕လွပတဲ့သြင္းဂိုးေတြကိုလည္း YouTube ေပၚမွာ တစ္စုတစ္စည္းတည္းနဲ႔ အလြယ္တကူၾကည့္ရႈခံစားလုိ႔ ရႏိုင္ပါတယ္။ ဒါေပမဲ့ မယုံၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ပဲ မက္ဆီဟာ ဖီဖာရဲ႕တစ္ႏွစ္တာအလွဆုံးသြင္းဂိုးဆုျဖစ္တဲ့ ပြတ္ရွ္ကပ္ဆုကို တစ္ခါမွ မရဖူးေသးပါဘူး။

သူ႔ရဲ႕အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့ စီေရာ္နယ္ဒိုေတာင္ ဂုဏ္သိကၡာႀကီးျမင့္တဲ့ဆုတစ္ခုျဖစ္တဲ့ အဲဒီဆုကို သူ႔ကစားသမားဘ၀မွာ ရခဲ့ဖူးပါတယ္။ ဒီလုိပဲ ပြတ္ရွ္ကပ္ဆုရဖူးသူေတြထဲမွာ လက္ရွိနာမည္ႀကီးေတြထဲက ဆာလာ၊ေနမာနဲ႔ အီဘရာဟီဗုိဗစ္တို႔လည္း ပါ၀င္ပါတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာက မက္ဆီဟာ အလွဆုံးသြင္းဂိုးဆုျဖစ္တဲ့ ပြတ္ရွ္ကပ္ဆုအတြက္ ဆန္ခါတင္ပါ၀င္မႈ အႀကိမ္ေရအမ်ားဆုံးသူအျဖစ္ စံခ်ိန္တင္ထားၿပီး ၇ ႀကိမ္ေတာင္ ရွိခဲ့တာပါ။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း မက္ဆီဟာ ပြတ္ရွ္ကပ္ဆုရဖုိ႔ ေရပန္းစားခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ရာသီလာလီဂါမွာ ဘက္တစ္ဘက္ကို သြင္းခ့ဲတဲ့ လွပတ့ဲဂိုးနဲ႔ပါ။ ဒါေပမဲ့လည္း ေနာက္ဆုံးေတာ့ မဲေပးမႈမွာ ဒုတိယသာခ်ိတ္ခဲ့လုိ႔ မက္ဆီဟာ အဲဒီဆုနဲ႔ ကပ္လြဲခဲ့ရျပန္တယ္။ ဖီဖာရဲ႕The Best ၊ Ballon d’Or တုိ႔နဲ႔ သူ႔ဘ၀မွာ မရဖူးတဲ့ တစ္ဦးခ်င္းအထူးဆုဆိုတာ မရွိသေလာက္ပါပဲ။ ပြတ္ရွ္ကပ္ဆုက လြဲရင္ေပါ့ေလ။ သူ႔ရဲ႕လက္က်န္ကစားသမားဘ၀မွာ ဒီဆုကုိ သူ ရေရာ ရပါဦးေတာ့မလား။