မက်ဆီရော စီရော်နယ်ဒိုပါ ဘက်ခမ်းရဲ့အသင်းမှာ အတူကစားပြီးကစားသမားဘဝအဆုံးသတ်နိုင်တယ်လို့ဆို

Photo- Internet
Photo- Internet

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ တစ်သင်းတည်းမှာ ကစားတာကိုမြင်ရဖို့ ကဥရောမှာမဖြစ်နိုင်သလို ပရိသတ်တွေအတွက်လည်း အိပ်မက်ပမာဖြစ်နေပေမယ့် သူတို့နှစ်ဦးတွဲကစားရေးက နာမည်ကျော်ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းမှာတော့ ဖြစ်နိုင်တယ်လို့ မေဂျာလိဂ်ကလပ် မီနီဆိုတာအသင်းနည်းပြ အက်ဒီရီယန်ဟိသ်က ပြောလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ အင်တာမိုင်ယာမီမှာတွဲကစားပြီးနောက် ကစားသမားဘဝကိုနှစ်ဦးစလုံးအဆုံးသတ်လိမ့်မယ်လို့ယုံကြည်ကြောင်းလည်း ဟိသ်ကဆိုပါတယ်။ မန်ယူနဲ့ ဂလက်ဆီအသင်းတို့ရဲ့ ကွင်းလယ်လူဟောင်းဖြစ်တဲ့ ဘက်ခမ်းဟာ အချိန်ကြာမြင့်စွာပြိုင်ဘက်တွေအဖြစ်ရပ်တည်ခဲ့တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ကိုအတူတွဲဖက်ကာ ပါဝါတစ်ခုအဖြစ်ပေါင်းစပ်ဖို့လည်း ဆန္ဒရှိနေတာပါ။

Photo- Internet

ဟိသ်က”မက်ဆီနဲ့ စီရော်နယ်ဒိုတို့သာ တွဲကစားခဲ့မယ်ဆိုရင် အမေရိကန်ဘောလုံးလောကအတွက် တကယ့်ကိုမယုံကြည်နိုင်စရာ ဖြစ်လာမှာပါ။ သူတို့နှစ်ဦးတွဲကစားရေးဆိုတဲ့ အိပ်မက်ကိုတကယ်ဖြစ်လာစေချင်တဲ့သူတွေထဲမှာ ဘက်ခမ်းထက်ပိုပြီး ဆန္ဒပြင်းထန်တဲ့သူရှိမှာမဟုတ်ပါဘူး။ အခုချိန်အထိတော့ မဖြစ်သေးပေမယ့် စီရော်နယ်ဒိုဟာ ရူနီ၊ အီဘရာဟီမိုဗစ်၊ စတီဗင်ဂျရတ်နဲ့ လမ်းပတ်တို့ရဲ့ခြေရာကို လိုက်နင်းမယ်လို့ ယုံကြည်ပါတယ်။

Photo- Internet

မက်ဆီနဲ့ စီရော်နယ်ဒိုတို့သာ မေဂျာလိဂ်ကိုလာမယ်ဆိုရင် သိပ်ကိုထင်ရှားတဲ့ ဖြစ်ရပ်အဖြစ် ရပ်တည်နိုင်မှာပါ” လို့ပြောသွားပါတယ်။ ဘက်ခမ်းဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဆက်ဆံရေးကောင်းရှိထားသူဖြစ်ပြီး သူအနားမယူခင်မှာ ဥရောပပြင်ဘက်ကစိန်ခေါ်မှုကို ရင်ဆိုင်စေဖို့ ဘက်ခမ်းက ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Photo- Internet

သူတို့နှစ်ဦးဟာ ဥရောပမှာဆယ်စုနှစ်နဲ့ချီပြီး ပြိုင်ဘက်တွေဖြစ်ခဲ့ကြသလို Ballon d’OR ဆိုကိုလည်း ၂၀၀၈ ကတည်းက သူတို့နှစ်ဦးတစ်ပြန်စီရယူခဲ့ကြတာပါ။ လက်ရှိမှာတော့ မက်ဆီက ဒီဆုကို စီရော်နယ်ဒိုထက်တစ်ကြိမ်ပိုရထားပြီး ၆ ကြိမ်ဆွတ်ခူးထားပါတယ်။

Photo- Internet

Zawgi

မက္ဆီေရာ စီေရာ္နယ္ဒိုပါ ဘက္ခမ္းရဲ႕အသင္းမွာ အတူကစားၿပီးကစားသမားဘ၀အဆုံးသတ္ႏိုင္တယ္လို႔ဆို

မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ တစ္သင္းတည္းမွာ ကစားတာကိုျမင္ရဖို႔ ကဥေရာမွာမျဖစ္ႏိုင္သလို ပရိသတ္ေတြအတြက္လည္း အိပ္မက္ပမာျဖစ္ေနေပမယ္႔ သူတို႔ႏွစ္ဦးတြဲကစားေရးက နာမည္ေက်ာ္ေဒးဗစ္ဘက္ခမ္းရဲ႕ အင္တာမိုင္ယာမီအသင္းမွာေတာ႔ ျဖစ္ႏိုင္တယ္လို႔ ေမဂ်ာလိဂ္ကလပ္ မီနီဆိုတာအသင္းနည္းျပ အက္ဒီရီယန္ဟိသ္က ေျပာလိုက္ပါတယ္။

သူတို႔ႏွစ္ဦးဟာ အင္တာမိုင္ယာမီမွာတြဲကစားၿပီးေနာက္ ကစားသမားဘ၀ကိုႏွစ္ဦးစလုံးအဆုံးသတ္လိမ့္မယ္လို႔ယုံၾကည္ေၾကာင္းလည္း ဟိသ္ကဆိုပါတယ္။ မန္ယူနဲ႔ ဂလက္ဆီအသင္းတို႔ရဲ႕ ကြင္းလယ္လူေဟာင္းျဖစ္တဲ႔ ဘက္ခမ္းဟာ အခ်ိန္ၾကာျမင့္စြာၿပိဳင္ဘက္ေတြအျဖစ္ရပ္တည္ခဲ့တဲ႔ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ကိုအတူတြဲဖက္ကာ ပါ၀ါတစ္ခုအျဖစ္ေပါင္းစပ္ဖို႔လည္း ဆႏၵရွိေနတာပါ။

ဟိသ္က”မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔သာ တြဲကစားခဲ့မယ္ဆိုရင္ အေမရိကန္ေဘာလုံးေလာကအတြက္ တကယ္႔ကိုမယုံၾကည္ႏိုင္စရာ ျဖစ္လာမွာပါ။ သူတို႔ႏွစ္ဦးတြဲကစားေရးဆိုတဲ႔ အိပ္မက္ကိုတကယ္ျဖစ္လာေစခ်င္တဲ႔သူေတြထဲမွာ ဘက္ခမ္းထက္ပိုၿပီး ဆႏၵျပင္းထန္တဲ႔သူရွိမွာမဟုတ္ပါဘူး။ အခုခ်ိန္အထိေတာ႔ မျဖစ္ေသးေပမယ္႔ စီေရာ္နယ္ဒိုဟာ ရူနီ၊ အီဘရာဟီမိုဗစ္၊ စတီဗင္ဂ်ရတ္နဲ႔ လမ္းပတ္တို႔ရဲ႕ေျခရာကို လိုက္နင္းမယ္လို႔ ယုံၾကည္ပါတယ္။

မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔သာ ေမဂ်ာလိဂ္ကိုလာမယ္ဆိုရင္ သိပ္ကိုထင္ရွားတဲ႔ ျဖစ္ရပ္အျဖစ္ ရပ္တည္ႏိုင္မွာပါ” လို႔ေျပာသြားပါတယ္။ ဘက္ခမ္းဟာ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုနဲ႔ ဆက္ဆံေရးေကာင္းရွိထားသူျဖစ္ၿပီး သူအနားမယူခင္မွာ ဥေရာပျပင္ဘက္ကစိန္ေခၚမႈကို ရင္ဆိုင္ေစဖို႔ ဘက္ခမ္းက ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။

သူတို႔ႏွစ္ဦးဟာ ဥေရာပမွာဆယ္စုႏွစ္နဲ႔ခ်ီၿပီး ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကသလို Ballon d’OR ဆိုကိုလည္း ၂၀၀၈ ကတည္းက သူတို႔ႏွစ္ဦးတစ္ျပန္စီရယူခဲ့ၾကတာပါ။ လက္ရွိမွာေတာ႔ မက္ဆီက ဒီဆုကို စီေရာ္နယ္ဒိုထက္တစ္ႀကိမ္ပိုရထားၿပီး ၆ ႀကိမ္ဆြတ္ခူးထားပါတယ္။