
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မက်ဆီမပါဘဲ ပထမဆုံးကစားရတဲ့ လာလီဂါအဖွင့်ပွဲတွင် ဘာစီလိုနာအသင်းဟာ နူးကမ့်တွင် ဆိုစီဒက်ကို ၄ဂိုး-၂ဂိုးနဲ့ ဂိုးပြတ် အနိုင်ရကာ တာထွက်လှခဲ့ပါတယ်။
နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် ဒီပိုင်း အဓိကခြေစွမ်းပြသွားပြီး တိုက်စစ်နဲ့ကွင်းလယ်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
မက်ဆီမရှိတော့တဲ့ ဘာစီလိုနာဟာ တိုက်စစ်ပိုင်းမှာ ဘရိတ်ဝေ့၊ ဒီပိုင်း၊ ဂရစ်မန်းတို့ကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။
ဆိုစီဒက်ဘက်မှာလည်း အိုယာဇာဘယ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဂျာနူဇက်၊ ပေါ်တူတို့ ပါဝင်ခဲ့ကြပါတယ်။
ပထမဆုံးအဖွင့်ဂိုးကို ဒီပိုင်းကဘဲ ဖရီးကစ်တစ်ဆင့် ဖန်တီးပေးခဲ့ပြီး နောက်ခံလူ ပီကေးက မိနစ်၂၀တွင် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ဘာကာအတွက် ဒုတိယဂိုးကို ပထမပိုင်းပြီးခါနီးတွင် ဘရိတ်ဝေ့က ကွင်းလယ်လူ ဒီဂျောင်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဆိုစီဒက် ကစားအားမြင့်လာပြီး ပေါ်တူနှင့် အိုရာဇာဘယ်တို့က ချေပဂိုးတွေ သွင်းခဲ့ကြပေမယ့် အဲဒီမတိုင်ခင် ဘရိတ်ဝေ့က ဂျော်ဒီအယ်ဘာရဲ့ ပေးပို့မှုကနေ ပြန်အံ့ထွက်လာတာကို အပိုင်ပိတ်သွင်းပြီး ၃ဂိုးပြတ်စေခဲ့ပါတယ်။
၃ဂိုးပြတ်သွားချိန် ဘာစီလိုနာတို့ သက်သာစွာ ကစားချိန်လိုဘက်တီရဲ့ ထောင့်ဖြတ်ဂိုး၊ အိုရာဇာဘယ်ရဲ့ လှပတဲ့ ဖရီးကစ်ဂိုးတွေနဲ့ဆိုစီဒက် အသာပြန်ရတော့မလို ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ပွဲပြီးခါနီးမှာ ဘရိတ်ဝေ့ရဲ့ ညာခြမ်းက ဖြတ်ပေးမှုကနေ ရော်ဘတ်တို အပိုင်ပိတ်သွင်းပြီး စတုတ္ထမြောက်ဂိုးကို ရယူကာ ဘာကာတို့အနိုင်၃မှတ်ရခဲ့ပါတယ်။
အဲဒီပွဲမှာ အထူးခြေစွမ်းပြခဲ့တာကတော့ ထင်မှတ်မထားရတဲ့ ဘရိတ်ဝေ့ဖြစ်ပြီး အသင်းအတွက် ၂ ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးပေးပြီး မက်ဆီအလားထင်မှတ်စေခဲ့ရတာပဲဖြစ်ပါတယ်။ မက်ဆီနဲ့ နှိုင်းတာ လွန်ကောင်းလွန်မယ်လို့ တချို့က ထင်ကြပါမယ်။
တချို့ ဘောလုံးပရိသတ်များကတော့ မက်ဆီခေတ်အလွန်တွင်ဘရိတ်ဝေ့အားဘာစီလိုနာရဲ့GOAT အသစ်အဖြစ်ချီးကျူးနေကြတာဖြစ်ပါတယ်။
ဘရိတ်ဝေ့ဟာ၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလတွင်လီဂါနက်စ်မှဘာစီလိုနာသို့မထင်မှတ်ဘဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာလာမယ့်စနေနေ့မှာဘီလ်ဘာအိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီမရွိလည္း ဘရိတ္ေဝ့ေၾကာင့္ ႏိုင္ပြဲရ ေခါင္းေမာ့ႏိုင္ေသးတဲ့ ဘာစီလိုနာ
မက္ဆီမပါဘဲ ပထမဆုံးကစားရတဲ့ လာလီဂါအဖြင့္ပြဲတြင္ ဘာစီလိုနာအသင္းဟာ ႏူးကမ့္တြင္ ဆိုစီဒက္ကို ၄ဂိုး-၂ဂိုးနဲ႔ ဂိုးျပတ္ အႏိုင္ရကာ တာထြက္လွခဲ့ပါတယ္။ ေႏြရာသီမွာ ေခၚယူထားတဲ့ ကစားသမားသစ္ ဒီပိုင္း အဓိကေျခစြမ္းျပသြားၿပီး တိုက္စစ္နဲ႔ကြင္းလယ္ကို အေကာင္းဆုံး ခ်ိတ္ဆက္ေပးႏိုင္ခဲ့ပါတယ္။
မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာဟာ တိုက္စစ္ပိုင္းမွာ ဘရိတ္ေဝ့၊ ဒီပိုင္း၊ ဂရစ္မန္းတို႔ကို ထည့္သြင္းအသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဆိုစီဒက္ဘက္မွာလည္း အိုယာဇာဘယ္၊ ေဒးဗစ္ေဆးလ္ဗား၊ ဂ်ာႏူဇက္၊ ေပၚတူတို႔ ပါဝင္ခဲ့ၾကပါတယ္။
ပထမဆုံးအဖြင့္ဂိုးကို ဒီပိုင္းကဘဲ ဖရီးကစ္တစ္ဆင့္ ဖန္တီးေပးခဲ့ၿပီး ေနာက္ခံလူ ပီေကးက မိနစ္၂၀တြင္ ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။ ဘာကာအတြက္ ဒုတိယဂိုးကို ပထမပိုင္းၿပီးခါနီးတြင္ ဘရိတ္ေ၀့က ကြင္းလယ္လူ ဒီေဂ်ာင္ရဲ႕ ျဖတ္တင္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ဆိုစီဒက္ ကစားအားျမင့္လာၿပီး ေပၚတူႏွင့္ အိုရာဇာဘယ္တို႔က ေခ်ပဂိုးေတြ သြင္းခဲ့ၾကေပမယ့္ အဲဒီမတိုင္ခင္ ဘရိတ္ေ၀့က ေဂ်ာ္ဒီအယ္ဘာရဲ႕ ေပးပို႔မႈကေန ျပန္အံ့ထြက္လာတာကို အပိုင္ပိတ္သြင္းၿပီး ၃ဂိုးျပတ္ေစခဲ့ပါတယ္။
၃ဂိုးျပတ္သြားခ်ိန္ ဘာစီလိုနာတို႔ သက္သာစြာ ကစားခ်ိန္လိုဘက္တီရဲ႕ ေထာင့္ျဖတ္ဂိုး၊ အိုရာဇာဘယ္ရဲ႕ လွပတဲ့ ဖရီးကစ္ဂိုးေတြနဲ႔ဆိုစီဒက္ အသာျပန္ရေတာ့မလို ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္ ပြဲၿပီးခါနီးမွာ ဘရိတ္ေ၀့ရဲ႕ ညာျခမ္းက ျဖတ္ေပးမႈကေန ေရာ္ဘတ္တို အပိုင္ပိတ္သြင္းၿပီး စတုတၳေျမာက္ဂိုးကို ရယူကာ ဘာကာတို႔အႏိုင္၃မွတ္ရခဲ့ပါတယ္။
အဲဒီပြဲမွာ အထူးေျခစြမ္းျပခဲ့တာကေတာ့ ထင္မွတ္မထားရတဲ့ ဘရိတ္ေဝ့ျဖစ္ၿပီး အသင္းအတြက္ ၂ ဂိုးသြင္းကာ တစ္ႀကိမ္ဖန္တီးေပးၿပီး မက္ဆီအလားထင္မွတ္ေစခဲ့ရတာပဲျဖစ္ပါတယ္။ မက္ဆီနဲ႔ ႏႈိင္းတာ လြန္ေကာင္းလြန္မယ္လို႔ တခ်ိဳ႕က ထင္ၾကပါမယ္။
တခ်ိဳ႕ ေဘာလုံးပရိသတ္မ်ားကေတာ့ မက္ဆီေခတ္အလြန္တြင္ဘရိတ္ေဝ့အားဘာစီလိုနာရဲ႕GOAT အသစ္အျဖစ္ခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။ ဘရိတ္ေ၀့ဟာ၂၀၂၀ခုႏွစ္၊ေဖေဖာ္ဝါရီလတြင္လီဂါနက္စ္မွဘာစီလိုနာသို႔မထင္မွတ္ဘဲ ေရာက္လာခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာဟာလာမယ့္စေနေန႔မွာဘီလ္ဘာအိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။