မက်ဆီမရှိတော့တဲ့ ဘာစီလိုနာကို ကျော်ပြီး လာလီဂါမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ ရီးယဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် ၂၀၂၁-၂၂ ရာသီလာလီဂါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်အရ ထိပ်သီးရီးယဲလ်အသင်းက မက်ဆီမရှိတော့တဲ့ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်က နည်းပြဇီဒန်းနဲ့ဒုတိယအကြိမ်မြောက်လမ်းခွဲခဲ့ပြီး အသင်းအတွက် အောင်မြင်မှုတွေရယူပေးခဲ့တဲ့ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ပြန်လည်ခန့်အပ်ခဲ့ပေမယ့်

အခုနွေရာသီကာလအတွင်း ရာမို့စ်၊ ဗာရန်းစတဲ့အဓိကနောက်ခံလူတွေကို ဆုံးရှုံးလိုက်ရတာကြောင့် အသင်းရဲ့ကစားသမားအစုအဖွဲ့က မနှစ်ကထက်ပိုအားနည်းနေတယ်လို့သတ်မှတ်ရမှာပါ။

ဘာစီလိုနာလိုပဲ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ရီးယဲလ်အသင်းဟာ အခုအပြောင်းအရွှေ့စျေးကွက်အတွင်း ဘိုင်ယန်မြူးနစ်နဲ့လမ်းခွဲခဲ့တဲ့ သြစတြီးယားနာမည်ကျော်ကစားသမားအလာဘာတစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး

PSG အသင်းရဲ့ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေကို ခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် အသင်းရဲ့လက်ရှိဘဏ္ဍာရေးအနေအထားအရ အခုနွေရာသီမှာ ကမ်းလှမ်းဖို့မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့(၁၃)ရာသီအတွင်း လာလီဂါချန်ပီယံဆု(၃)ကြိမ်သာရယူနိုင်ခဲ့ပေမယ့် ၂၀၂၁-၂၂ ရာသီလာလီဂါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ၁၁လေး/၁ဝလေးနဲ့ ရေပန်းစားနေတာဖြစ်ပြီး သူတို့ရဲ့အဓိကပြိုင်ဘက် ဘာစီလိုနာကတော့ ဒုတိယရေပန်းအစားဆုံးသာဖြစ်နေတာပါ။

အသင်းရဲ့အဓိက,ကစားသမားမက်ဆီကို ဆုံးရှုံးလိုက်ရတာက ဘာစီလိုနာအသင်းအတွက် ကွင်းတွင်း၊ကွင်းပြင်မှာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေသလို လက်ရှိအသင်းမှာ

ဒီပိုင်း၊ အဂွဲရိုး၊ ပတ်ဒရီ၊ အန်ဆုဖာတီစတဲ့ ကစားသမားကောင်းတွေရှိနေပေမယ့် မက်ဆီမရှိတော့တဲ့ခေတ်တစ်ခုကို ပြန်တည်ဆောက်ဖို့အချိန်ယူရမှာဖြစ်တာကြောင့် လာမယ့်ရာသီလာလီဂါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အလေးပေးချက်မှာ ၉လေး/၄လေးနဲ့ ဒုတိယနေရာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံအက်သလက်တီကိုအသင်းဟာ ၁၉၅၀ ကျော်ကာလနောက်ပိုင်း လာလီဂါချန်ပီယံဆုကို (၂)ရာသီဆက်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ဗိုလ်စွဲဖို့ရေပန်းစားမှုမှာတော့ ၃လေး/၁လေးနဲ့ တတိယနေရာသာရရှိခဲ့တာပါ။

အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ လာမယ့်ရာသီမှာလည်း အောင်မြင်မှုရယူနိုင်ဖို့ အာဂျင်တီးနားကွင်းလယ်လူဒီပေါလ်ကို ခေါ်ယူအားဖြည့်ထားသလို အသက်အရွယ်ရလာတဲ့ ဆွာရက်ဇ်နေရာမှာအစားထိုးဖို့ တိုက်စစ်မှူးသစ်တစ်ဦးဆက်လက်ရှာဖွေနေပြီး

တကယ်လို့ ဆွာရက်ဇ်သာ မနှစ်ကအတိုင်း ခြေစွမ်းဆက်ပြနိုင်မယ်ဆိုရင်တော့ အက်သလက်တီကိုအသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ မျှော်လင့်ချက်ရှိနေဆဲပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာကို ေက်ာ္ၿပီး လာလီဂါမွာဗိုလ္စြဲဖို႔ေရပန္းအစားဆုံးျဖစ္ေနတဲ့ ရီးယဲလ္

လာမယ့္ ၂၀၂၁-၂၂ ရာသီလာလီဂါၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ဘြတ္ကီဒိုင္ေတြရဲ႕အေလးေပးခ်က္အရ ထိပ္သီးရီးယဲလ္အသင္းက မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာမွာရပ္တည္ေနပါတယ္။ ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္က နည္းျပဇီဒန္းနဲ႔ဒုတိယအႀကိမ္ေျမာက္လမ္းခြဲခဲ့ၿပီး အသင္းအတြက္ ေအာင္ျမင္မႈေတြရယူေပးခဲ့တဲ့ အန္ဆယ္ေလာ့တီကို နည္းျပသစ္အျဖစ္ျပန္လည္ခန႔္အပ္ခဲ့ေပမယ့္ အခုေႏြရာသီကာလအတြင္း ရာမို႔စ္၊ ဗာရန္းစတဲ့အဓိကေနာက္ခံလူေတြကို ဆုံးရႈံးလိုက္ရတာေၾကာင့္ အသင္းရဲ႕ကစားသမားအစုအဖြဲ႕က မႏွစ္ကထက္ပိုအားနည္းေနတယ္လို႔သတ္မွတ္ရမွာပါ။

ဘာစီလိုနာလိုပဲ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ ရီးယဲလ္အသင္းဟာ အခုအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ဘိုင္ယန္ျမဴးနစ္နဲ႔လမ္းခြဲခဲ့တဲ့ ၾသစႀတီးယားနာမည္ေက်ာ္ကစားသမားအလာဘာတစ္ဦးတည္းကိုသာ ေခၚယူထားၿပီး PSG အသင္းရဲ႕ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပကို ေခၚဖို႔စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနေပမယ့္ အသင္းရဲ႕လက္ရွိဘ႑ာေရးအေနအထားအရ အခုေႏြရာသီမွာ ကမ္းလွမ္းဖို႔မျဖစ္ႏိုင္ပါဘူး။

ဒါ့အျပင္ ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့(၁၃)ရာသီအတြင္း လာလီဂါခ်န္ပီယံဆု(၃)ႀကိမ္သာရယူႏိုင္ခဲ့ေပမယ့္ ၂၀၂၁-၂၂ ရာသီလာလီဂါၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ၁၁ေလး/၁ဝေလးနဲ႔ ေရပန္းစားေနတာျဖစ္ၿပီး သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ဘာစီလိုနာကေတာ့ ဒုတိယေရပန္းအစားဆုံးသာျဖစ္ေနတာပါ။ အသင္းရဲ႕အဓိက,ကစားသမားမက္ဆီကို ဆုံးရႈံးလိုက္ရတာက ဘာစီလိုနာအသင္းအတြက္ ကြင္းတြင္း၊ကြင္းျပင္မွာ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ေစသလို လက္ရွိအသင္းမွာ ဒီပိုင္း၊ အဂြဲ႐ိုး၊ ပတ္ဒရီ၊ အန္ဆုဖာတီစတဲ့ ကစားသမားေကာင္းေတြရွိေနေပမယ့္ မက္ဆီမရွိေတာ့တဲ့ေခတ္တစ္ခုကို ျပန္တည္ေဆာက္ဖို႔အခ်ိန္ယူရမွာျဖစ္တာေၾကာင့္ လာမယ့္ရာသီလာလီဂါၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔အေလးေပးခ်က္မွာ ၉ေလး/၄ေလးနဲ႔ ဒုတိယေနရာသာရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိခ်န္ပီယံအက္သလက္တီကိုအသင္းဟာ ၁၉၅၀ ေက်ာ္ကာလေနာက္ပိုင္း လာလီဂါခ်န္ပီယံဆုကို (၂)ရာသီဆက္ရယူႏိုင္ဖို႔ ပစ္မွတ္ထားေနေပမယ့္ ဗိုလ္စြဲဖို႔ေရပန္းစားမႈမွာေတာ့ ၃ေလး/၁ေလးနဲ႔ တတိယေနရာသာရရွိခဲ့တာပါ။ အက္သလက္တီကိုနည္းျပဆီႁမြန္နီဟာ လာမယ့္ရာသီမွာလည္း ေအာင္ျမင္မႈရယူႏိုင္ဖို႔ အာဂ်င္တီးနားကြင္းလယ္လူဒီေပါလ္ကို ေခၚယူအားျဖည့္ထားသလို အသက္အ႐ြယ္ရလာတဲ့ ဆြာရက္ဇ္ေနရာမွာအစားထိုးဖို႔ တိုက္စစ္မႉးသစ္တစ္ဦးဆက္လက္ရွာေဖြေနၿပီး တကယ္လို႔ ဆြာရက္ဇ္သာ မႏွစ္ကအတိုင္း ေျခစြမ္းဆက္ျပႏိုင္မယ္ဆိုရင္ေတာ့ အက္သလက္တီကိုအသင္းဟာ လက္ရွိခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနဆဲပါပဲ။