မက်ဆီမရှိတော့တဲ့ ဘာစီလိုနာအသင်းက စီရော်နယ်လ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းကို ဂိုးပြတ်အနိုင်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ယိုအန်ဂမ်ပါဖလားပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ဂျူဗင်တပ်စ်အသင်းတို့ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းက (၃)ဂိုးပြတ်အနိုင်ယူခဲ့ပြီး နာမည်ကျော်ကစားသမားမက်ဆီမရှိတော့ပေမယ့် သူတို့အသင်းက ထိပ်တန်းအဆင့်မှာရှိနေဆဲဆိုတာပြသလိုက်ပါတယ်။

ဘာစီလိုနာအသင်းနဲ့လမ်းခွဲလိုက်ပြီဖြစ်တဲ့ မက်ဆီဟာ တနင်္ဂနွေနေ့မှာပဲ နူးကမ့်ကွင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့ နှုတ်ဆက်စကားဆိုခဲ့သလို အဲဒီသတင်းစာရှင်းလင်းပွဲအပြီး

ကစားခဲ့တဲ့ ယိုအန်ဂမ်ပါဖလားပွဲမှာ ဘာစီလိုနာအသင်းက စီရော်နယ်လ်ဒိုရဲ့ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ယူခဲ့လို့ အသင်းပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

အခုပွဲမတိုင်ခင်က လာလီဂါပြိုင်ဘက်ဟောင်းနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့စီရော်နယ်လ်ဒိုတို့ တစ်ကျော့ပြန်ဆုံတွေ့မယ့်ပွဲအဖြစ် မီဒီယာတွေကဖော်ပြခဲ့ပေမယ့်လည်း

မက်ဆီဟာ ဘာစီလိုနာအသင်းကနေထွက်ခွာသွားပြီဖြစ်တာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ သူ့ပြိုင်ဘက်မက်ဆီနဲ့ ပြန်ဆုံမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲဟာ ရာသီကြိုခြေစမ်းပွဲသဘောမျိုးဖြစ်ပေမယ့် နှစ်သင်းစလုံးဟာ အဓိက,ကစားသမားအစုံအလင်နဲ့ပွဲထွက်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒို ပွဲထွက်ကစားခဲ့ပေမယ့် ပထမပိုင်းအပြီးမှာတော့ ဘာနာဒက်စ်ခီနဲ့လူစားလဲခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းအတွက်အဖွင့်ဂိုးကို ပွဲစလို့ (၃)မိနစ်မှာ ကစားသမားသစ်ဒီပိုင်းက Counter ကနေ အသင်းသစ်အတွက် ပထမဆုံးဂိုးအဖြစ်သွင်းယူခဲ့ပြီး ဒုတိယဂိုးကလည်း ထောင့်ကန်ဘောကနေ ဒီပိုင်း တင်ပေးလိုက်တာကို တိုက်စစ်မှူးဘရိုက်ဝိတ်သ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။

တတိယမြောက်ဂိုးကိုတော့ လူငယ်ကစားသမားရီကီပူအစ်ဂ်က ပယ်နယ်တီဧရိယာထိပ်နားကနေ လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့သွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ ဂျူဗင်တပ်စ်အသင်းချေပဂိုးရဖို့နီးစပ်ခဲ့ပေမယ့်

စီရော်နယ်လ်ဒိုရဲ့ဖန်တီးမှုကို မိုရာတာ စိတ်ပျက်စရာကောင်းအောင်လွဲချော်ခဲ့လို့ ဂျူဗင်တပ်စ်အသင်းနစ်နာခဲ့ရပါတယ်။

ဘာစီလိုနာပရိသတ်တွေကတော့ ပွဲချိန်တစ်လျှောက်လုံး သူတို့ရဲ့အချစ်တော်ကစားသမား မက်ဆီရဲ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြပြီး ဘာစီလိုနာအသင်းဟာ အခုပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့လို့ မက်ဆီမပါတော့တဲ့ ခေတ်သစ်တစ်ခုကို စတင်ဖို့အသင့်ဖြစ်နေပြီလို့ဆိုရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာအသင္းက စီေရာ္နယ္လ္ဒိုရဲ႕ဂ်ဴဗင္တပ္စ္အသင္းကို ဂိုးျပတ္အႏိုင္ယူ

မေန႔က ယိုအန္ဂမ္ပါဖလားပြဲစဥ္အျဖစ္ ဘာစီလိုနာနဲ႔ဂ်ဴဗင္တပ္စ္အသင္းတို႔ကစားခဲ့တဲ့ပြဲမွာ ဘာစီလိုနာအသင္းက (၃)ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး နာမည္ေက်ာ္ကစားသမားမက္ဆီမရွိေတာ့ေပမယ့္ သူတို႔အသင္းက ထိပ္တန္းအဆင့္မွာရွိေနဆဲဆိုတာျပသလိုက္ပါတယ္။ ဘာစီလိုနာအသင္းနဲ႔လမ္းခြဲလိုက္ၿပီျဖစ္တဲ့ မက္ဆီဟာ တနဂၤေႏြေန႔မွာပဲ ႏူးကမ့္ကြင္းမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီးေတာ့ ႏႈတ္ဆက္စကားဆိုခဲ့သလို အဲဒီသတင္းစာရွင္းလင္းပြဲအၿပီး ကစားခဲ့တဲ့ ယိုအန္ဂမ္ပါဖလားပြဲမွာ ဘာစီလိုနာအသင္းက စီေရာ္နယ္လ္ဒိုရဲ႕ဂ်ဴဗင္တပ္စ္ကို ဂိုးျပတ္အႏိုင္ယူခဲ့လို႔ အသင္းပရိသတ္ေတြအတြက္ စိတ္ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။ အခုပြဲမတိုင္ခင္က လာလီဂါၿပိဳင္ဘက္ေဟာင္းႏွစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုတို႔ တစ္ေက်ာ့ျပန္ဆုံေတြ႕မယ့္ပြဲအျဖစ္ မီဒီယာေတြကေဖာ္ျပခဲ့ေပမယ့္လည္း မက္ဆီဟာ ဘာစီလိုနာအသင္းကေနထြက္ခြာသြားၿပီျဖစ္တာေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ၿပိဳင္ဘက္မက္ဆီနဲ႔ ျပန္ဆုံမယ့္အခြင့္အေရး ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲဟာ ရာသီႀကိဳေျခစမ္းပြဲသေဘာမ်ိဳးျဖစ္ေပမယ့္ ႏွစ္သင္းစလုံးဟာ အဓိက,ကစားသမားအစုံအလင္နဲ႔ပြဲထြက္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းမွာ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒို ပြဲထြက္ကစားခဲ့ေပမယ့္ ပထမပိုင္းအၿပီးမွာေတာ့ ဘာနာဒက္စ္ခီနဲ႔လူစားလဲခံခဲ့ရပါတယ္။ ဘာစီလိုနာအသင္းအတြက္အဖြင့္ဂိုးကို ပြဲစလို႔ (၃)မိနစ္မွာ ကစားသမားသစ္ဒီပိုင္းက Counter ကေန အသင္းသစ္အတြက္ ပထမဆုံးဂိုးအျဖစ္သြင္းယူခဲ့ၿပီး ဒုတိယဂိုးကလည္း ေထာင့္ကန္ေဘာကေန ဒီပိုင္း တင္ေပးလိုက္တာကို တိုက္စစ္မႉးဘ႐ိုက္ဝိတ္သ္က ေခါင္းတိုက္သြင္းယူခဲ့တာပါ။

တတိယေျမာက္ဂိုးကိုေတာ့ လူငယ္ကစားသမားရီကီပူအစ္ဂ္က ပယ္နယ္တီဧရိယာထိပ္နားကေန လွပတဲ့ေဝ့ဝိုက္ကန္ခ်က္နဲ႔သြင္းယူခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဂ်ဴဗင္တပ္စ္အသင္းေခ်ပဂိုးရဖို႔နီးစပ္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုရဲ႕ဖန္တီးမႈကို မိုရာတာ စိတ္ပ်က္စရာေကာင္းေအာင္လြဲေခ်ာ္ခဲ့လို႔ ဂ်ဴဗင္တပ္စ္အသင္းနစ္နာခဲ့ရပါတယ္။ ဘာစီလိုနာပရိသတ္ေတြကေတာ့ ပြဲခ်ိန္တစ္ေလွ်ာက္လုံး သူတို႔ရဲ႕အခ်စ္ေတာ္ကစားသမား မက္ဆီရဲ႕နာမည္ကို ေအာ္ဟစ္အားေပးခဲ့ၾကၿပီး ဘာစီလိုနာအသင္းဟာ အခုပြဲမွာ ဂိုးျပတ္အႏိုင္ရခဲ့လို႔ မက္ဆီမပါေတာ့တဲ့ ေခတ္သစ္တစ္ခုကို စတင္ဖို႔အသင့္ျဖစ္ေနၿပီလို႔ဆိုရမွာပါ။