
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနေ့က အသင်းဖော်တွေ ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက် ၊ အသင်းကနေ ထွက်ခွာသွားတဲ့ မက်ဆီကြောင့် စိတ်သောက ရောက်နေကြတဲ့ ဘာစီလိုနာ ပရိသတ်တွေအတွက် ဘာစီလိုနာ အသင်းဟာ စီရော်နယ်ဒို ဦးဆောင်လာတဲ့ ဂျူဗင်တပ်စ် အသင်းကို (၃) ဂိုးပြတ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။
နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ တော်တော်များများပါဝင်ခဲ့ကြပြီး ဂျူဗင်တပ်စ်ဘက်က ရော်နယ်ဒို၊ မိုရာတာ၊ ဘန်တန်ကာ၊ ကွာဒရာဒို၊ ဒီလစ်၊ ရမ်ဆေး၊ ဘာနာဒက်ခီ အစရှိတဲ့ ကစားသမားတွေ အသုံးပြုခဲ့ပါတယ်။
ဘာစီလိုနာကလည်း ဂရစ်မန်း၊ ဒီပိုင်း၊ ဘက်ကွက်စ်၊ ဆာဂျီယို၊ ဒက်စ်၊ ပီကေးတို့ကို အသုံးပြုခဲ့ကြပါတယ်။
မက်ဆီ မရှိတော့တဲ့ ဘာစီလိုနာအသင်းရဲ့ ပထမဆုံးပွဲစဉ်ကို ဘောလုံးပရိသတ်တွေ သတိထားစောင့်ကြည့်ခဲ့ကြပါတယ်။
ပွဲချိန် ၃ မိနစ်မှာပဲ အိမ်ရှင်ကာတာလန်သားတွေ အဖွင့်ဂိုးရရှိခဲ့ပြီး ကွင်းလယ်က ထိုးပေးလိုက်တဲ့ ဘောလုံးကို ယူဆွတ်ဖ် ဒီမီယာက အကွက်မြင်တဲ့ ဖန်တီးမှုနဲ့ ပေးပို့ခဲ့ရာမှာ ဒီပိုင်းက ဂိုးသမား ရှချက်စနီနဲ့အတွေ့မှာ ဘယ်ခြေနဲ့ လှလှပပ အဆုံးသတ်ပြသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၄ မိနစ်မှာတော့ ရော်နယ်ဒိုရဲ့ ကန်ချက်ပြင်းပြင်းကို ဂိုးသမား နီတိုက ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာတော့ ဒီပိုင်းကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ကာကွယ်ပုံ ပေါ့လျော့ခဲ့တဲ့ ဒီလစ်နဲ့ ပယ်လီဂရီနီတို့ကြားကနေ ဘရိတ်သ်ဝိတ်က ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဘာစီလိုနာတို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။
ပွဲချိန် ၉၂ မိနစ်မှာတော့ အီမာဆန် ရွိုင်ယယ်လ် ပေးတဲ့ ဘောလုံးကို ရီကီ ပုဂျ်က ကန်သွင်းခဲ့ရာမှာ လူစားဝင်လာတဲ့ ဂိုးသမား ပါရင် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။
မက်ဆီမရှိတဲ့ ဘာစီလိုနာဟာ ရာသီသစ်အတွက် စိတ်ပိုင်းဆိုင်ရာရော၊ ခွန်အားပိုင်းဆိုင်ရာမှာပါ သေချာ ပြင်ဆင်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီမပါေတာ့ ေရာ္နယ္ဒိုလည္း ေပါ့ပ်က္ပ်က္ ျဖစ္ၿပီး ဘာစီလိုနာက ဂ်ဴဗင္တပ္စ္ကို ဂိုးျပတ္ႏိုင္တာလား?
မေန႔က အသင္းေဖာ္ေတြ ပရိသတ္ေတြကို မ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္ ၊ အသင္းကေန ထြက္ခြာသြားတဲ့ မက္ဆီေၾကာင့္ စိတ္ေသာက ေရာက္ေနၾကတဲ့ ဘာစီလိုနာ ပရိသတ္ေတြအတြက္ ဘာစီလိုနာ အသင္းဟာ စီေရာ္နယ္ဒို ဦးေဆာင္လာတဲ့ ဂ်ဴဗင္တပ္စ္ အသင္းကို (၃) ဂိုးျပတ္နဲ႔ အႏိုင္ယူျပခဲ့ပါတယ္။
ႏွစ္သင္းစလုံးမွာ အဓိကကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားပါဝင္ခဲ့ၾကၿပီး ဂ်ဴဗင္တပ္စ္ဘက္က ေရာ္နယ္ဒို၊ မိုရာတာ၊ ဘန္တန္ကာ၊ ကြာဒရာဒို၊ ဒီလစ္၊ ရမ္ေဆး၊ ဘာနာဒက္ခီ အစရွိတဲ့ ကစားသမားေတြ အသုံးျပဳခဲ့ပါတယ္။ ဘာစီလိုနာကလည္း ဂရစ္မန္း၊ ဒီပိုင္း၊ ဘက္ကြက္စ္၊ ဆာဂ်ီယို၊ ဒက္စ္၊ ပီေကးတို႔ကို အသုံးျပဳခဲ့ၾကပါတယ္။
မက္ဆီ မရွိေတာ့တဲ့ ဘာစီလိုနာအသင္းရဲ႕ ပထမဆုံးပြဲစဥ္ကို ေဘာလုံးပရိသတ္ေတြ သတိထားေစာင့္ၾကည့္ခဲ့ၾကပါတယ္။
ပြဲခ်ိန္ ၃ မိနစ္မွာပဲ အိမ္ရွင္ကာတာလန္သားေတြ အဖြင့္ဂိုးရရွိခဲ့ၿပီး ကြင္းလယ္က ထိုးေပးလိုက္တဲ့ ေဘာလုံးကို ယူဆြတ္ဖ္ ဒီမီယာက အကြက္ျမင္တဲ့ ဖန္တီးမႈနဲ႔ ေပးပို႔ခဲ့ရာမွာ ဒီပိုင္းက ဂိုးသမား ရွခ်က္စနီနဲ႔အေတြ႕မွာ ဘယ္ေျခနဲ႔ လွလွပပ အဆုံးသတ္ျပသြားခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ေရာ္နယ္ဒိုရဲ႕ ကန္ခ်က္ျပင္းျပင္းကို ဂိုးသမား နီတိုက ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဒီပိုင္းကန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကို ကာကြယ္ပုံ ေပါ့ေလ်ာ့ခဲ့တဲ့ ဒီလစ္နဲ႔ ပယ္လီဂရီနီတို႔ၾကားကေန ဘရိတ္သ္ဝိတ္က ေျပးဝင္ၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဘာစီလိုနာတို႔ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။
ပြဲခ်ိန္ ၉၂ မိနစ္မွာေတာ့ အီမာဆန္ ႐ြိဳင္ယယ္လ္ ေပးတဲ့ ေဘာလုံးကို ရီကီ ပုဂ်္က ကန္သြင္းခဲ့ရာမွာ လူစားဝင္လာတဲ့ ဂိုးသမား ပါရင္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။ မက္ဆီမရွိတဲ့ ဘာစီလိုနာဟာ ရာသီသစ္အတြက္ စိတ္ပိုင္းဆိုင္ရာေရာ၊ ခြန္အားပိုင္းဆိုင္ရာမွာပါ ေသခ်ာ ျပင္ဆင္ေနပါတယ္။