
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနေ့ကပြင်သစ်ကလပ်ဟာ ကလပ်ဘရုဂ်ျ အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။
အင်္ဂလန် နဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က PSG ဟာ လီယွန်နယ် မက်ဆီ ပါဝင် လာကာမှ ပိုကောင်း မလာဘဲ ပိုအားနည်း သွားခဲ့တယ် လို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ်။
မက်ဆီ ဟာ ယမန်နေ့ ညက PSG ရဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ်ကလပ် ဘရုဂျက် နဲ့ ကစားတဲ့ ပွဲမှာ ပွဲထွက် ပါဝင် လာခဲ့ပြီး မိနစ် ၉၀ ပြည့် ကစား သွားခဲ့ ပါတယ်။
မက်ဆီ ဟာ အမ်ဘာပေ ၊ နေမာ တို့ နဲ့ အတူ ပွဲထွက် လာခဲ့တာ ဖြစ်ပြီး အားလုံး မျှော်လင့် ထားတဲ့MNM တိုက်စစ် အတွဲ ကို ပရိသတ်တွေ မြင်တွေ့ ခဲ့ရ ပါတယ်။
ဒါပေမယ့် MNM တိုက်စစ် ဟာ ဘယ်လ်ဂျီယံ ကလပ် ကို ဂိုးမသွင်း နိုင်ခဲ့ပါဘူး။
”တကယ့်ကိုသွားရည်ကျစရာအရည်အချင်းတွေနဲ့အတူ သူတို့က သူတို့ကိုယ်ပိုင်အရည်အသွေးတွေအရ အံ့အားသင့်စရာတွေပါ။
ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင် သူတို့ ၃ယောက်ပေါင်းလိုက်မှ အသင်းက ပိုအားနည်းသွားပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတစ်သင်း ဘာကြောင့်ဖြစ်နေလဲဆိုတာ နားကိုမလည်နိုင်ပါဘူး။
PSG ထက်စာရင် ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ကမှ ချန်ပီယံဖြစ်ဖို့ ပိုရေပန်းစားနေပါသေးတယ်”လို့ လီဗာပူးနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က ပြောပါတယ်။
ယူနိုက်တက်မှာ အိုဝင်နဲ့ တွဲကစားခဲ့ဖူးတဲ့ အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကတော့ သူ့အသင်းဖော်ဟောင်းရဲ့သုံးသပ်ချက်ကို လက်သင့်မခံခဲ့ဘဲ ဘာပေ၊ မက်ဆီနဲ့ နေမာတို့အတွက် ဖန်တီးပေးဖို့ လုံလောက်တဲ့ကွင်းလယ်လူတွေ PSG မှာ ရှိနေတယ်လို့ ပြောပါတယ်။
PSG ဟာ ချန်ပီယံလိဂ် အုပ်စု A မှာ မန်စီးတီး ၊ လိုက်ပ်ဇစ် ၊ ဘရုဂျက် တို့နဲ့ အတူ ကျရောက် ခဲ့တာ ဖြစ်ပါတယ်။
အဖွင့် ပွဲစဉ် အပြီးမှာတော့ လိုက်ပ်ဇစ် ကို ၆-၃ နဲ့ အနိုင် ရခဲ့တဲ့ မန်စီးတီး က အုပ်စု ပထမ နေရာကို ရယူ ထားခဲ့ ပါတယ်။
PSG ဟာ လာမယ့် အုပ်စု ပွဲစဉ် ၂ မှာတော့ အင်အားကြီး ပြိုင်ဘက်မန်ချက်စတာ စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရ မှာပဲဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မက်ဆီပါမှ PSG အခြေအနေ ပိုဆိုးလာဆိုပြီး ဝေဖန်တဲ့ မိုက်ကယ်အိုဝင်