မက်ဆီနဲ့ အဂူရို ပေါင်းစည်းရေးမှာ အသုံးချခံဖြစ်လာနိုင်တဲ့ အီကာဒီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီတိုက်စစ်မှူး အီကာဒီအနေနဲ့ လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး ပီအက်စ်ဂျီက အာဂျင်တီးနားသားကို အသုံးချပြီး ဘာစီလိုနာကြယ်ပွင့်တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အင်တာတိုက်စစ်မှူးဟောင်းဟာ လီဂူးဝမ်းကလပ်မှာ ကစားခဲ့တဲ့ ၃ နှစ်အတွင်း သွင်းဂိုး ၂၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အများစုကိုလည်း လူစားဝင်ကစားရင်းသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားသားအတွက်တော့ ကွင်းပြင်ပဘဝကလည်း သိပ်ပြီးအခြေအနေ မကောင်းပါဘူး။

အီကာဒီဟာလက်ရှိမှာတော့ ချစ်ဇနီးချောလေးဝမ်ဒါ နဲ့လမ်းခွဲခဲ့ပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုတောင်ပျက်ကွက်ခဲ့ပါတယ်။

“မက်ဆီလိုပက်ဇ်” နဲ့လမ်းမခွဲခင်ကတည်းက”အီကာဒီ” နှင့်”ဝမ်ဒါ” တို့ဟာတိတ်တခိုးချစ်ကျွမ်းဝင်ခဲ့ကြပြီး(၂၀၁၄) ခုနှစ်မှာအကြင်လင်မယားအဖြစ် တရားဝင်ပေါင်းဖက်နေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

အရင်ခင်ပွန်းဟောင်းနဲ့သားလေး(၃) ယောက်အပြင်”အီကာဒီ” ရဲ့ကလေး(၂) ယောက်ကိုမွေးပေးခဲ့တဲ့”ဝမ်ဒါ” က သူမရဲ့အင်စတာဂရမ်ပေါ်မှာ – “နင်နောက်ထပ် မိသားစုလေးတစ်ခုကို ဖျက်ဆီးလိုက်ပြန်ပြီ” လို့ရေးသားထားပါတယ်။

သတင်းတွေအရတော့ လီဂူးဝမ်းထိပ်သီးအသင်းဟာ မက်ဆီနဲ့အတွဲမညီတဲ့ အီကာဒီကို မက်ဆီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ အဂူရိုနဲ့ အလဲအထပ်ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။

အဂူရိုကတော့ နွေရာသီကမှ မန်ချက်စတာစီးတီးကနေ နူးကမ့်ကို အလွတ်နဲ့ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

အဂူရိုဟာ ဘာစီလိုနာမှာ ငယ်သူငယ်ချင်း မက်ဆီနဲ့တွဲကစားချင်တာကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ဘောလွန်းဒီအော ၆ ဆုရှင်ကတော့ ထင်မထားဘဲပီအက်စ်ဂျီကို ရောက်ရှိသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီနဲ႔ အဂူ႐ို ေပါင္းစည္းေရးမွာ အသုံးခ်ခံျဖစ္လာႏိုင္တဲ့ အီကာဒီ

ပီအက္စ္ဂ်ီတိုက္စစ္မႉး အီကာဒီအေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနၿပီး ပီအက္စ္ဂ်ီက အာဂ်င္တီးနားသားကို အသုံးခ်ၿပီး ဘာစီလိုနာၾကယ္ပြင့္တစ္ဦးကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

အင္တာတိုက္စစ္မႉးေဟာင္းဟာ လီဂူးဝမ္းကလပ္မွာ ကစားခဲ့တဲ့ ၃ ႏွစ္အတြင္း သြင္းဂိုး ၂၂ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး အမ်ားစုကိုလည္း လူစားဝင္ကစားရင္းသာ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဂ်င္တီးနားသားအတြက္ေတာ့ ကြင္းျပင္ပဘဝကလည္း သိပ္ၿပီးအေျခအေန မေကာင္းပါဘူး။

အီကာဒီဟာလက္ရွိမွာေတာ့ ခ်စ္ဇနီးေခ်ာေလးဝမ္ဒါ နဲ႔လမ္းခြဲခဲ့ၿပီး စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈမျပည့္ဝေသးတာေၾကာင့္အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ကို​ေတာင္ပ်က္ကြက္ခဲ့ပါတယ္။

“မက္ဆီလိုပက္ဇ္” နဲ႔လမ္းမခြဲခင္ကတည္းက”အီကာဒီ” ႏွင့္”ဝမ္ဒါ” တို႔ဟာတိတ္တခိုးခ်စ္ကြၽမ္းဝင္ခဲ့ၾကၿပီး(၂၀၁၄) ခုႏွစ္မွာအၾကင္လင္မယားအျဖစ္ တရားဝင္ေပါင္းဖက္ေနထိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။

အရင္ခင္ပြန္းေဟာင္းနဲ႔သားေလး(၃) ေယာက္အျပင္”အီကာဒီ” ရဲ႕ကေလး(၂) ေယာက္ကိုေမြးေပးခဲ့တဲ့”ဝမ္ဒါ” က သူမရဲ႕အင္စတာဂရမ္ေပၚမွာ – “နင္ေနာက္ထပ္ မိသားစုေလးတစ္ခုကို ဖ်က္ဆီးလိုက္ျပန္ၿပီ” လို႔ေရးသားထားပါတယ္။

သတင္းေတြအရေတာ့ လီဂူးဝမ္းထိပ္သီးအသင္းဟာ မက္ဆီနဲ႔အတြဲမညီတဲ့ အီကာဒီကို မက္ဆီရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ အဂူ႐ိုနဲ႔ အလဲအထပ္ျပဳလုပ္ခ်င္ေနတာ ျဖစ္ပါတယ္။

အဂူ႐ိုကေတာ့ ေႏြရာသီကမွ မန္ခ်က္စတာစီးတီးကေန ႏူးကမ့္ကို အလြတ္နဲ႔ေျပာင္းေ႐ႊ႕လာတာ ျဖစ္ပါတယ္။ အဂူ႐ိုဟာ ဘာစီလိုနာမွာ ငယ္သူငယ္ခ်င္း မက္ဆီနဲ႔တြဲကစားခ်င္တာေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္ ေဘာလြန္းဒီေအာ ၆ ဆုရွင္ကေတာ့ ထင္မထားဘဲပီအက္စ္ဂ်ီကို ေရာက္ရွိသြားခဲ့ပါတယ္။