မက်ဆီနဲ့ အချင်းများခဲ့မှုအတွက် နောင်တရမိကြောင်း လီဗာပူးဘယ်နောက်ခံလူ ရောဘတ်ဆန် ဝန်ခံ

Photo Credit

Photo Credit

လီဗာပူးအသင်းဘယ်နောက်ခံလူ အန်ဒီရောဘတ်ဆန်က ယမန်နှစ်ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒု-အကျော့ပွဲမှာ ပြိုင်ဘက်အသင်းခေါင်းဆောင် မက်ဆီနဲ့ အချင်းများခဲ့မှုအပေါ် နောင်တရမိကြောင်း ဝန်ခံခဲ့သလို ထိတ်လန့်စရာကောင်းလွန်းတဲ့ မက်ဆီရဲ့အရည်အသွေးကိုလည်း ချီးကျူးသွားပါတယ်။

Photo Credit

မက်ဆီဟာ ပ-အကျော့အိမ်ကွင်းမှာ လီဗာပူးကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တုန်းက အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါ ရောဘတ်ဆန်က နူးကမ့်မှာ ကစားခဲ့တုန်းက မက်ဆီရဲ့စွမ်းဆောင်ရည်အပေါ် ပြန်လည်ချီးကျူးလာပါတယ်။

Photo Credit

”နူးကမ့်မှာ မက်ဆီကို ကျွန်တော်လည်း အတတ်နိုင်ဆုံးထိန်းချုပ်ခဲ့တာပဲ။ ဒါပေမဲ့ သူက ၂ဂိုးသွင်းပြသွားတယ်။ ပွဲကလည်း ၃ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး အားလုံးကလည်း မက်ဆီအကြောင်းပဲ ပြောနေခဲ့ပါတယ်”

Photo Credit

”တကယ်လို့ ကိုယ်က ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် အတတ်နိုင်ဆုံး ကောင်းကောင်းကစားချင်ကြမှာပဲ။ ကျွန်တော့်အနေနဲ့ ပြောရရင် မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ သူနဲ့ တိုက်ရိုက်ယှဉ်ကစားရတာက တကယ်ပဲခက်ခဲပါတယ်”

Photo Credit

”သူနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီအခြေအနေကို ထိန်းနိုင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောဖြစ်မှာပါ။ ဒါပေမဲ့ သူဟာ နူးကမ့်ကွင်းမှာ ကစားခဲ့တုန်းက ကျွန်တော်တို့ကွင်းလယ်လူ ၂ဦးရဲ့ဖျက်ထုတ်ခြင်းခံခဲ့ရပြီး ကျွန်တော့်ဆီ တန်းတန်းကြီးပြေးလာပါတယ်”

Photo Credit

”ကျွန်တော်ကလည်း စိတ်ထဲမှာ တွေးနေမိလိုက်တယ်။ ‘ကောင်းပြီလေ။ ဒီလိုဆိုတော့လည်း တွေ့လိုက်တာပေါ့’လို့ တွေးလိုက်ပါတယ်။ သူ့ရဲ့ခြေထောက်တွေက သိပ်ကြောက်စရာကောင်းတယ်”လို့ ရောဘတ်ဆန်က ပြောပါတယ်။
ဒါပေမဲ့ မက်ဆီဟာ ဒု-အကျော့အန်ဖီးလ်ကွင်းမှာတော့ ခြေစွမ်းမပြနိုင်ဘဲ ဘာစီလိုနာလည်း ၄-၀ ဂိုးနဲ့အရေးနိမ့်ကာ အံ့အားသင့်စရာကောင်းလောက်အောင် ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ ပွဲချိန်အစောပိုင်းမှာ ရောဘတ်ဆန်ဟာ မက်ဆီရဲ့ခေါင်းကို ပုတ်ခဲ့ပြီး နှစ်ဦးသား အချင်းများခဲ့ပါတယ်။

Photo Credit

”ကျွန်တော်နဲ့ဖာဘင်ဟိုတို့က မက်ဆီကို အနောက်ကနေ ဖျက်ထုတ်ခဲ့ပြီး နှစ်ယောက်စလုံး မြက်ခင်းပေါ် လဲကျသွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့ခေါင်းကို မဆိုသလောက်လေးပုတ်လိုက်တာပါ။ သူ့ဘက်က ဒီလိုလုပ်ခံရလို့ မပျော်မရွှင်ဖြစ်ခဲ့ပေမယ့် ကျွန်တော့်ဘက်ကလည်း ဒီလိုမျိုး ထပ်လုပ်တော့မှာမဟုတ်ပါဘူး”

Photo Credit

”ဒါက ကမ္ဘာ့အကောင်းဆုံးကစားသမားကို မလေးမစားလုပ်တဲ့အပြုအမူပါပဲ။ ကျွန်တော်လည်း နောင်တရမိပါတယ်”လို့ ရောဘတ်ဆန်က ပြောပါတယ်။

Photo Credit

Zawgyi

မက္ဆီနဲ႔ အခ်င္းမ်ားခဲ့မႈအတြက္ ေနာင္တရမိေၾကာင္း လီဗာပူးဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ ၀န္ခံ

လီဗာပူးအသင္းဘယ္ေနာက္ခံလူ အန္ဒီေရာဘတ္ဆန္က ယမန္ႏွစ္ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒု-အေက်ာ့ပြဲမွာ ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ မက္ဆီနဲ႔ အခ်င္းမ်ားခဲ့မႈအေပၚ ေနာင္တရမိေၾကာင္း ၀န္ခံခဲ့သလို ထိတ္လန္႔စရာေကာင္းလြန္းတဲ့ မက္ဆီရဲ႕အရည္အေသြးကိုလည္း ခ်ီးက်ဴးသြားပါတယ္။
မက္ဆီဟာ ပ-အေက်ာ့အိမ္ကြင္းမွာ လီဗာပူးကို ၃-၀ ဂုိးနဲ႔အႏိုင္ရခဲ့တုန္းက အထူးေျခစြမ္းျပႏုိင္ခဲ့ၿပီး ၂ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ယခုအခါ ေရာဘတ္ဆန္က ႏူးကမ့္မွာ ကစားခဲ့တုန္းက မက္ဆီရဲ႕စြမ္းေဆာင္ရည္အေပၚ ျပန္လည္ခ်ီးက်ဴးလာပါတယ္။
”ႏူးကမ့္မွာ မက္ဆီကို ကၽြန္ေတာ္လည္း အတတ္နိုင္ဆုံးထိန္းခ်ဳပ္ခဲ့တာပဲ။ ဒါေပမဲ့ သူက ၂ဂိုးသြင္းျပသြားတယ္။ ပဲြကလည္း ၃ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီး အားလုံးကလည္း မက္ဆီအေၾကာင္းပဲ ေျပာေနခဲ့ပါတယ္”
”တကယ္လုိ႔ ကိုယ္က ကမၻာ့အေကာင္းဆုံးကစားသမားနဲ႔ ထိပ္တုိက္ရင္ဆုိင္ရၿပီဆုိရင္ အတတ္ႏိုင္ဆုံး ေကာင္းေကာင္းကစားခ်င္ၾကမွာပဲ။ ကၽြန္ေတာ့္အေနနဲ႔ ေျပာရရင္ မက္ဆီက ကမၻာ့အေကာင္းဆုံးကစားသမားပါ။ သူနဲ႔ တုိက္႐ိုက္ယွဥ္ကစားရတာက တကယ္ပဲခက္ခဲပါတယ္”
”သူနဲ႔ ရင္ဆုိုင္ရတဲ့အခါ ဒီအေျခအေနကို ထိန္းႏိုင္ႏိုင္တယ္လုိ႔ ကိုယ့္ကိုယ္ကုိယ္ ေျပာျဖစ္မွာပါ။ ဒါေပမဲ့ သူဟာ ႏူးကမ့္ကြင္းမွာ ကစားခဲ့တုန္းက ကၽြန္ေတာ္တို႔ကြင္းလယ္လူ ၂ဦးရဲ႕ဖ်က္ထုတ္ျခင္းခံခဲ့ရၿပီး ကၽြန္ေတာ့္ဆီ တန္းတန္းႀကီးေျပးလာပါတယ္”
”ကၽြန္ေတာ္ကလည္း စိတ္ထဲမွာ ေတြးေနမိလုိက္တယ္။ ‘ေကာင္းၿပီေလ။ ဒီလုိဆုိေတာ့လည္း ေတြ႕လုိက္တာေပါ့’လုိ႔ ေတြးလုိက္ပါတယ္။ သူ႕ရဲ႕ေျခေထာက္ေတြက သိပ္ေၾကာက္စရာေကာင္းတယ္”လုိ႔ ေရာဘတ္ဆန္က ေျပာပါတယ္။
ဒါေပမဲ့ မက္ဆီဟာ ဒု-အေက်ာ့အန္ဖီးလ္ကြင္းမွာေတာ့ ေျခစြမ္းမျပႏုိင္ဘဲ ဘာစီလုိနာလည္း ၄-၀ ဂိုးနဲ႔အေရးနိမ့္ကာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ဆီမီးဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။ ပြဲခ်ိန္အေစာပိုင္းမွာ ေရာဘတ္ဆန္ဟာ မက္ဆီရဲ႕ေခါင္းကို ပုတ္ခဲ့ၿပီး ႏွစ္ဦးသား အခ်င္းမ်ားခဲ့ပါတယ္။
”ကၽြန္ေတာ္နဲ႔ဖာဘင္ဟိုတုိ႔က မက္ဆီကို အေနာက္ကေန ဖ်က္ထုတ္ခဲ့ၿပီး ႏွစ္ေယာက္စလုံး ျမက္ခင္းေပၚ လဲက်သြားပါတယ္။ ဒါနဲ႔ ကၽြန္ေတာ္လည္း သူ႕ေခါင္းကို မဆိုသေလာက္ေလးပုတ္လုိက္တာပါ။ သူ႕ဘက္က ဒီလုိလုပ္ခံရလုိ႔ မေပ်ာ္မရႊင္ျဖစ္ခဲ့ေပမယ့္ ကၽြန္ေတာ့္ဘက္ကလည္း ဒီလုိမ်ိဳး ထပ္လုပ္ေတာ့မွာမဟုတ္ပါဘူး”
”ဒါက ကမၻာ့အေကာင္းဆုံးကစားသမားကို မေလးမစားလုပ္တဲ့အျပဳအမူပါပဲ။ ကၽြန္ေတာ္လည္း ေနာင္တရမိပါတယ္”လုိ႔ ေရာဘတ္ဆန္က ေျပာပါတယ္။