
Photo Credit
Photo Credit
ဘူလ်ဂေးရီးယားတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မိမိမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ယောက်အနက် ဘယ်သူပိုကောင်းကြောင်း Debate အတွက် အကောင်းဆုံးဖြေရှင်းနည်းရှိကြောင်းနဲ့ အဲဒါကတော့ တစ်ဦးချင်းထူးချွန်ဆုတွေကို သူတု့ိနှစ်ယောက် အညီအမျှခွဲဝေရယူရေးဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
Photo Credit
သူတို့နှစ်ယောက်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတွေအဖြစ် အပြိုင်ဖြစ်နေပြီး ၂၀၁၈ နွေရာသီမှာ ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ရော်နယ်ဒို ပြောင်းရွှေ့သွားပေမယ့် သူတို့နှစ်ဦးရဲ့အားပြိုင်မှုကတော့ ဆက်လက်ပြင်းထန်နေဆဲပါပဲ။
Photo Credit ; Getty Images
Ballon d’Or ဆု ၅ကြိမ်ရရှိထားသူ ၂ဦးအနက် ဘယ်သူက ပိုကောင်းတယ်ဆိုတဲ့အမြင်တွေ အများအပြားရှိနေပေမယ့် တော့တင်ဟမ်နဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ မိမိတို့အနေနဲ့ သူတို့နှစ်ဦး တူညီတဲ့အဆင့်မှာ ရှိနေတာကို လက်သင့်ခံသင့်ကြောင်း ပြောပါတယ်။
Photo Credit
”ရော်နယ်ဒို Vs မက်ဆီ…သူတို့နှစ်ယောက်ကို ခင်ဗျားတို့ ဘယ်လိုများခွဲခြားနိုင်မလဲ။ ကျွန်တော်ကတော့ သူတို့နှစ်ယောက် တစ်ဦးချင်းဆုတံဆိပ်တွေ အညီအမျှခွဲယူသင့်တယ်ထင်တယ်။ သမိုင်းတစ်လျှောက်လုံးနော်။ ဘယ်သူကတော့ ဘယ်သူ့ထက်ပိုကောင်းတယ်လို့ သွားပြောလို့မရပါဘူး”
Photo Credit
”ရော်နယ်ဒိုကတော့ ရည်မှန်းချက်ကြီးတဲ့လူဆိုတော့ ဆုတွေအကုန်လုံးလိုချင်တယ်။ သူက စံချိန်တွေလည်း တစ်ခုပြီးတစ်ခု ချိုးချင်တယ်။ မက်ဆီက ထုတ်တော့မပြောဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ အားလုံးကို ကျော်ဖြတ်နိုင်ရမယ်လို့ တွေးကောင်းတွေးနေလိမ့်မယ်”လို့ ဘာဘာတော့ဗ်က ပြောပါတယ်။
Photo Credit
မက်ဆီဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာတော့ ရော်နယ်ဒိုကို ကျော်ဖြတ်ကာ အကောင်းဆုံးဆုရရှိခဲ့ပြီး ယမန်နှစ်ရာသီက ဘာစီလိုနာအတွက် ၅၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့လို့ အဲဒီဆုရရှိခဲ့တာဖြစ်ပါတယ်။
Photo Credit
Zawgyi
မက္ဆီနဲ႔ ေရာ္နယ္ဒို Debate အတြက္ ဘာဘာေတာ့ဗ္ရဲ႕ Solution
ဘူလ္ေဂးရီးယားတုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က မိမိမွာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ႏွစ္ေယာက္အနက္ ဘယ္သူပိုေကာင္းေၾကာင္း Debate အတြက္ အေကာင္းဆုံးေျဖရွင္းနည္းရွိေၾကာင္းနဲ႔ အဲဒါကေတာ့ တစ္ဦးခ်င္းထူးခၽြန္ဆုေတြကို သူတု႔ိႏွစ္ေယာက္ အညီအမွ်ခြဲေ၀ရယူေရးျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။
သူတို႔ႏွစ္ေယာက္ဟာ ကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားေတြအျဖစ္ အၿပိဳင္ျဖစ္ေနၿပီး ၂၀၁၈ ေႏြရာသီမွာ ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ကို ေရာ္နယ္ဒို ေျပာင္းေရႊ႕သြားေပမယ့္ သူတုိ႔ႏွစ္ဦးရဲ႕အားၿပိဳင္မႈကေတာ့ ဆက္လက္ျပင္းထန္ေနဆဲပါပဲ။
Ballon d’Or ဆု ၅ႀကိမ္ရရွိထားသူ ၂ဦးအနက္ ဘယ္သူက ပိုေကာင္းတယ္ဆိုတဲ့အျမင္ေတြ အမ်ားအျပားရွိေနေပမယ့္ ေတာ့တင္ဟမ္နဲ႔ ယူႏိုက္တက္တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ မိမိတို႔အေနနဲ႔ သူတို႔ႏွစ္ဦး တူညီတဲ့အဆင့္မွာ ရိွေနတာကို လက္သင့္ခံသင့္ေၾကာင္း ေျပာပါတယ္။
”ေရာ္နယ္ဒို Vs မက္ဆီ…သူတုိ႔ႏွစ္ေယာက္ကို ခင္ဗ်ားတုိ႔ ဘယ္လုိမ်ားခြဲျခားႏိုင္မလဲ။ ကၽြန္ေတာ္ကေတာ့ သူတုိ႔ႏွစ္ေယာက္ တစ္ဦးခ်င္းဆုတံဆိပ္ေတြ အညီအမွ်ခြဲယူသင့္တယ္ထင္တယ္။ သမုိင္းတစ္ေလွ်ာက္လုံးေနာ္။ ဘယ္သူကေတာ့ ဘယ္သူ႕ထက္ပိုေကာင္းတယ္လုိ႔ သြားေျပာလုိ႔မရပါဘူး”
”ေရာ္နယ္ဒိုကေတာ့ ရည္မွန္းခ်က္ႀကီးတဲ့လူဆုိေတာ့ ဆုေတြအကုန္လုံးလုိခ်င္တယ္။ သူက စံခ်ိန္ေတြလည္း တစ္ခုၿပီးတစ္ခု ခ်ိဳးခ်င္တယ္။ မက္ဆီက ထုတ္ေတာ့မေျပာဘူး။ ဒါေပမဲ့ စိတ္ထဲမွာေတာ့ အားလုံးကို ေက်ာ္ျဖတ္ႏိုင္ရမယ္လုိ႔ ေတြးေကာင္းေတြးေနလိမ့္မယ္”လုိ႔ ဘာဘာေတာ့ဗ္က ေျပာပါတယ္။
မက္ဆီဟာ မၾကာေသးခင္က က်င္းပခဲ့တ့ဲဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုေပးပြဲမွာေတာ့ ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ကာ အေကာင္းဆုံးဆုရရွိခဲ့ၿပီး ယမန္ႏွစ္ရာသီက ဘာစီလုိနာအတြက္ ၅၁ ဂိုးအထိသြင္းယူေပးႏုိင္ခဲ့လုိ႔ အဲဒီဆုရရွိခဲ့တာျဖစ္ပါတယ္။