မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ Debate ကို အဆုံးသတ်လိုက်တဲ့ စူပါကွန်ပြူတာ

Photo Credit

Photo Credit

လက်ရှိဘောလုံးလောကမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ထဲက ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ Debate က ပရိသတ်တွေကြား အခုချိန်အထိ အဖြေရှာမရတဲ့ကိစ္စအဖြစ် တည်ရှိနေပါတယ်။ အခုချိန်မှာတော့ စူပါကွန်ပြူတာက ပရိသတ်တွေအားလုံး စိတ်ဝင်စားနေတဲ့ Debate မှာ ဘယ်သူပိုကောင်းလဲဆိုတဲ့အဖြေကို တွက်ချက်အဖြေထုတ်သွားပါတယ်။

Photo Credit

နှစ်ဦးစလုံးက ပရိသတ်အခိုင်အမာရရှိထားသလို ယခုနှစ်မတိုင်ခင် ရွှေဘောလုံးဆုကို ၅ကြိမ်စီ ရယူထားပြီး ဒီနှစ်မှာတော့ မက်ဆီက ၆ကြိမ်မြောက် ရွှေဘောလုံးဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ KU Leuven တက္ကသိုလ်က ပရော်ဖက်ဆာတွေနဲ့ SciSports က အချက်အလက်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့မေးခွန်းအတွက် ဖော်မြူလာထုတ်ခဲ့ပါတယ်။

Photo Credit

သူတို့ရဲ့စနစ်က ဘယ်လိုတွက်ချက်ထားလဲဆိုတာ ပရော်ဖက်ဆာ ဂျက်ဆီဒေးဗစ်က ရှင်းပြပါတယ်။ ”ကစားသမားတစ်ယောက်ရဲ့တန်ဖိုးကို တစ်ခါတလေ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ တွက်ချက်လေ့ရှိပါတယ်”

Photo Credit

”ဒါပေမဲ့ သွင်းဂိုးဆိုတာက ကိန်းဂဏန်းတစ်ခုမျှပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲတစ်ပွဲမှာ လှုပ်ရှားမှုက ပျမ်းမျှ အကြိမ် ၁၆၀၀ ဖြစ်ပျက်နေလို့ပါ။ ကျွန်တော်တို့ရဲ့စနစ်က ကန်သွင်းချက်တွေ၊ ပေးပို့မှုတွေ၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေ၊ ဖျက်ထုတ်မှုတွေ အစရှိတဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းကို ကြည့်ရှုပြီးမှ တန်ဖိုးတစ်ခုကို တွက်ချက်တာပါ”လို့ ဒေးဗစ်က ရှင်းပြပါတယ်။

Photo Credit

ကစားသမား ၂ဦးစလုံးကို ၂၀၁၃-၁၄ ရာသီကနေ ၂၀၁၇-၁၈ ရာသီကုန်အထိ တွက်ချက်ထားတာဖြစ်ပြီး အထူးသဖြင့် ၂၀၁၈ နွေရာသီမှာ ဂျူဗင်တပ်စ်ကို မပြောင်းရွှေ့ခင် ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒို နောက်ဆုံးကစားခဲ့တဲ့အချိန်အထိ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီလိုတွက်ချက်ရာမှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ပိုကောင်းတဲ့ကစားသမားအဖြစ် ကွန်ပြူတာက တွက်ချက်ပေးခဲ့ပါတယ်။ မက်ဆီဟာ ကွန်ပြူတာရဲ့တွက်ချက်မှုအရ တစ်ပွဲပျမ်းမျှ VAEP ၁.၂၁ မှတ်ရပြီး ရော်နယ်ဒိုကတော့ ဝ.၆၁ မှတ်သာ ရရှိခဲ့ပါတယ်။

Photo Credit

အဲဒီသုတေသနမှာ ပါဝင်ခဲ့တဲ့ PhD ကျောင်းသား တွမ်ဒီခရော့စ်က ”ဒီစာရင်းစတွက်တဲ့ပထမဆုံးရာသီမှာတော့ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အမှတ်တွေသိပ်မကွာဘူး။ ၂၀၁၅-၁၆ ရာသီကနေစတင်ပြီး မက်ဆီက သူ့ရဲ့ပြိုင်ဘက်ထက် သိသိသာသာရှေ့ပိုရောက်လာတာပါ”လို့ ရှင်းပြပါတယ်။

Photo Credit

စိတ်ဝင်စားစရာကောင်းတာက အဲဒီကာလအတွင်း ရော်နယ်ဒိုဟာ မက်ဆီနဲ့ ယှဉ်နိုင်တဲ့ ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ချဲလ်ဆီးအသင်းသားအဖြစ် ရှိခဲ့တဲ့ ဟာဇက်က ရော်နယ်ဒိုထက် အမှတ်ပိုများတဲ့ ဝ.၆၄ မှတ် ရရှိနေပါတယ်။

Photo Credit

”ရော်နယ်ဒိုက တကယ့်ဂိုးသွင်းသူရဲကောင်းဖြစ်ပြီး သူ့ရဲ့တန်ဖိုးကလည်း ဂိုးပေါက်ကန်သွင်းမှုအပေါ် အဓိကထားဆုံးဖြတ်တာပါ။ ဟာဇက်ကတော့ ပွဲတစ်ပွဲမှာ ရော်နယ်ဒိုထက် ပိုမိုပါဝင်မှုရှိပြီး ဘောလုံးပေးပို့မှု၊ တစ်ဦးချင်းကျော်ဖြတ်မှုနဲ့ ဂိုးပေါက်ကန်သွင်းမှုတွေမှာ အဓိကအမှတ်ရခဲ့တာပါ”လို့ SciSports မှ လော့တေးဘရန်ဆန်က ပြောပါတယ်။

Photo Credit

Zawgyi

မက္ဆီနဲ႔ ေရာ္နယ္ဒို ဘယ္သူပိုေကာင္းလဲဆိုတဲ့ Debate ကို အဆုံးသတ္လုိက္တဲ့ စူပါကြန္ျပဴတာ

လက္ရွိေဘာလုံးေလာကမွာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ထဲက ဘယ္သူအေကာင္းဆုံးလဲဆိုတဲ့ Debate က ပရိသတ္ေတြၾကား အခုခ်ိန္အထိ အေျဖရွာမရတဲ့ကိစၥအျဖစ္ တည္ရွိေနပါတယ္။ အခုခ်ိန္မွာေတာ့ စူပါကြန္ျပဴတာက ပရိသတ္ေတြအားလုံး စိတ္၀င္စားေနတဲ့ Debate မွာ ဘယ္သူပိုေကာင္းလဲဆိုတ့ဲအေျဖကို တြက္ခ်က္အေျဖထုတ္သြားပါတယ္။
ႏွစ္ဦးစလုံးက ပရိသတ္အခုိင္အမာရရွိထားသလုိ ယခုႏွစ္မတုိင္ခင္ ေရႊေဘာလုံးဆုကို ၅ႀကိမ္စီ ရယူထားၿပီး ဒီႏွစ္မွာေတာ့ မက္ဆီက ၆ႀကိမ္ေျမာက္ ေရႊေဘာလုံးဆုရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ KU Leuven တကၠသိုလ္က ပေရာ္ဖက္ဆာေတြနဲ႔ SciSports က အခ်က္အလက္ပိုင္းဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြက ဘယ္ကစားသမားက အေကာင္းဆုံးလဲဆုိတဲ့ေမးခြန္းအတြက္ ေဖာ္ျမဴလာထုတ္ခဲ့ပါတယ္။
သူတို႔ရဲ႕စနစ္က ဘယ္လုိတြက္ခ်က္ထားလဲဆုိတာ ပေရာ္ဖက္ဆာ ဂ်က္ဆီေဒးဗစ္က ရွင္းျပပါတယ္။ ”ကစားသမားတစ္ေယာက္ရဲ႕တန္ဖုိးကို တစ္ခါတေလ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြနဲ႔ တြက္ခ်က္ေလ့ရွိပါတယ္”
”ဒါေပမဲ့ သြင္းဂိုးဆုိတာက ကိန္းဂဏန္းတစ္ခုမွ်ပါပဲ။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ေဘာလုံးပြဲတစ္ပြဲမွာ လႈပ္ရွားမႈက ပ်မ္းမွ် အႀကိမ္ ၁၆၀၀ ျဖစ္ပ်က္ေနလုိ႔ပါ။ ကၽြန္ေတာ္တုိ႔ရဲ႕စနစ္က ကန္သြင္းခ်က္ေတြ၊ ေပးပို႔မႈေတြ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြ၊ ဖ်က္ထုတ္မႈေတြ အစရွိတဲ့ လႈပ္ရွားမႈတစ္ခုစီတုိင္းကုိ ၾကည့္႐ႈၿပီးမွ တန္ဖိုးတစ္ခုကို တြက္ခ်က္တာပါ”လုိ႔ ေဒးဗစ္က ရွင္းျပပါတယ္။
ကစားသမား ၂ဦးစလုံးကို ၂၀၁၃-၁၄ ရာသီကေန ၂၀၁၇-၁၈ ရာသီကုန္အထိ တြက္ခ်က္ထားတာျဖစ္ၿပီး အထူးသျဖင့္ ၂၀၁၈ ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္ကို မေျပာင္းေရႊ႕ခင္ ရီးရဲလ္မက္ဒရစ္မွာ ေရာ္နယ္ဒို ေနာက္ဆုံးကစားခဲ့တဲ့အခ်ိန္အထိ တြက္ခ်က္ခ့ဲတာျဖစ္ပါတယ္။
အဲဒီလုိတြက္ခ်က္ရာမွာေတာ့ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက ပိုေကာင္းတဲ့ကစားသမားအျဖစ္ ကြန္ျပဴတာက တြက္ခ်က္ေပးခဲ့ပါတယ္။ မက္ဆီဟာ ကြန္ျပဴတာရဲ႕တြက္ခ်က္မႈအရ တစ္ပြဲပ်မ္းမွ် VAEP ၁.၂၁ မွတ္ရၿပီး ေရာ္နယ္ဒိုကေတာ့ ၀.၆၁ မွတ္သာ ရရွိခဲ့ပါတယ္။
အဲဒီသုေတသနမွာ ပါ၀င္ခဲ့တဲ့ PhD ေက်ာင္းသား တြမ္ဒီခေရာ့စ္က ”ဒီစာရင္းစတြက္တဲ့ပထမဆုံးရာသီမွာေတာ့ ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္ အမွတ္ေတြသိပ္မကြာဘူး။ ၂၀၁၅-၁၆ ရာသီကေနစတင္ၿပီး မက္ဆီက သူ႕ရဲ႕ၿပိဳင္ဘက္ထက္ သိသိသာသာေရွ႕ပိုေရာက္လာတာပါ”လုိ႔ ရွင္းျပပါတယ္။
စိတ္၀င္စားစရာေကာင္းတာက အဲဒီကာလအတြင္း ေရာ္နယ္ဒိုဟာ မက္ဆီနဲ႔ ယွဥ္ႏုိင္တဲ့ ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းသားအျဖစ္ ရွိခဲ့တ့ဲ ဟာဇက္က ေရာ္နယ္ဒိုထက္ အမွတ္ပိုမ်ားတဲ့ ၀.၆၄ မွတ္ ရရွိေနပါတယ္။
”ေရာ္နယ္ဒိုက တကယ့္ဂိုးသြင္းသူရဲေကာင္းျဖစ္ၿပီး သူ႕ရဲ႕တန္ဖိုးကလည္း ဂိုးေပါက္ကန္သြင္းမႈအေပၚ အဓိကထားဆုံးျဖတ္တာပါ။ ဟာဇက္ကေတာ့ ပြဲတစ္ပဲြမွာ ေရာ္နယ္ဒုိထက္ ပိုမိုပါ၀င္မႈရွိၿပီး ေဘာလံုးေပးပို႔မႈ၊ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈနဲ႔ ဂိုးေပါက္ကန္သြင္းမႈေတြမွာ အဓိကအမွတ္ရခဲ့တာပါ”လုိ႔ SciSports မွ ေလာ့ေတးဘရန္ဆန္က ေျပာပါတယ္။