မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ချန်ပီယံလိဂ်လွှမ်းမိုးမှု အဆုံးသတ်တော့မှာလား

Photo Credit

Photo Credit

ချန်ပီယံလိဂ်ပြိုင်ပွဲနောက်ဆုံး ၁၂ရာသီဆက် ရွှေဖိနပ်ဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ပဲ ရယူခဲ့ပြီး တစ်နှစ်ကတော့ သူတို့က နေမာနဲ့ပူးတွဲရွှေဖိနပ်ဆုရယူခဲ့ပါတယ်။ အဲဒီမှာ မက်ဆီက ၄ကြိမ်ဆက်ရယူခဲ့ပြီး အဲဒီနောက် ရော်နယ်ဒိုက ပူးတွဲရယူခဲ့တာအပါအဝင် ၆ကြိမ်ဆက်ရရှိခဲ့သလို မနှစ်ကတော့ မက်ဆီက ရွှေဖိနပ်ဆု ပြန်လည်ရယူခဲ့ပါတယ်။

Photo Credit

ဒီနေရာမှာ နောက်ဆုံး ၈ရာသီဆက် ဥရောပအဆင့်မြင့်ဆုံးပြိုင်ပွဲမှာ ဂိုးသွင်းစွမ်းရည်ပြသနေပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂိုးသွင်းဘုရင်ဆုမရဖူးသေးသလို ချန်ပီယံလိဂ်ဖလားလည်း မရရှိဖူးသေးတဲ့ ကစားသမားတစ်ယောက်ရှိပါတယ်။

Photo Credit

ဒီနှစ်က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နှစ်များဖြစ်မလားဆိုပြီး သုံးသပ်သူတွေလည်း ရှိနေပါတယ်။ သူဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်မှာ ၆၂ဂိုးအထိ သွင်းယူထားပြီး ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီထက် ၁ဂိုးပဲ ပိုနည်းပါတယ်။

Photo Credit

သူတို့နှစ်ယောက်ထက် ပိုများတာက ရော်နယ်ဒိုဖြစ်ပြီး ရော်နယ်ဒိုဟာ သူပါဝင်ကစားခဲ့တဲ့ချန်ပီယံလိဂ်နောက်ဆုံး ၈၈ပွဲမှာ ဂိုး ၉၀အထိ သွင်းယူထားပါတယ်။

Photo Credit

ချန်ပီယံလိဂ်မှာ သူတို့ ၃ယောက်ပဲ သွင်းဂိးအရေအတွက် အရမ်းမကွာတာဖြစ်ပြီး လီဝန်ဒေါစကီးရဲ့နောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီးမားက ၃၈ဂိုးနဲ့ ရပ်တည်နေပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စု ၅ပွဲကစားပြီးချိန်မှာ ၁၀ဂိုးအထိသွင်းယူထားပြီး စပါးကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့အုပ်စုနောက်ဆုံးပွဲမှာတော့ အရန်အဖြစ်တောင် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

Photo Credit

ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပျမ်းမျှ ၄၄မိနစ်ရောက်တိုင်း ၁ဂိုးသွင်းယူထားပြီး ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းက ၈ဂိုး၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ၅ဂိုးသွင်းယူထားပါတယ်။

Photo Credit

Zawgyi

မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ခ်န္ပီယံလိဂ္လႊမ္းမိုးမႈ အဆုံးသတ္ေတာ့မွာလား

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေနာက္ဆုံး ၁၂ရာသီဆက္ ေရႊဖိနပ္ဆုကို မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ပဲ ရယူခဲ့ၿပီး တစ္ႏွစ္ကေတာ့ သူတို႔က ေနမာနဲ႔ပူးတြဲေရႊဖိနပ္ဆုရယူခဲ့ပါတယ္။ အဲဒီမွာ မက္ဆီက ၄ႀကိမ္ဆက္ရယူခဲ့ၿပီး အဲဒီေနာက္ ေရာ္နယ္ဒိုက ပူးတြဲရယူခဲ့တာအပါအ၀င္ ၆ႀကိမ္ဆက္ရရွိခဲ့သလုိ မႏွစ္ကေတာ့ မက္ဆီက ေရႊဖိနပ္ဆု ျပန္လည္ရယူခဲ့ပါတယ္။
ဒီေနရာမွာ ေနာက္ဆုံး ၈ရာသီဆက္ ဥေရာပအဆင့္ျမင့္ဆုံးၿပိဳင္ပြဲမွာ ဂုိးသြင္းစြမ္းရည္ျပသေနေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ဂိုးသြင္းဘုရင္ဆုမရဖူးေသးသလုိ ခ်န္ပီယံလိဂ္ဖလားလည္း မရရွိဖူးေသးတဲ့ ကစားသမားတစ္ေယာက္ရွိပါတယ္။
ဒီႏွစ္က ဘိုင္ယန္ျမဴးနစ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးရဲ႕ႏွစ္မ်ားျဖစ္မလားဆုိၿပီး သုံးသပ္သူေတြလည္း ရွိေနပါတယ္။ သူဟာ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ၆၂ဂိုးအထိ သြင္းယူထားၿပီး ဘာစီလုိနာအသင္းေခါင္းေဆာင္မက္ဆီထက္ ၁ဂိုးပဲ ပိုနည္းပါတယ္။
သူတုိ႔ႏွစ္ေယာက္ထက္ ပိုမ်ားတာက ေရာ္နယ္ဒိုျဖစ္ၿပီး ေရာ္နယ္ဒိုဟာ သူပါ၀င္ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ေနာက္ဆုံး ၈၈ပြဲမွာ ဂိုး ၉၀အထိ သြင္းယူထားပါတယ္။
ခ်န္ပီယံလိဂ္မွာ သူတုိ႔ ၃ေယာက္ပဲ သြင္းဂိးအေရအတြက္ အရမ္းမကြာတာျဖစ္ၿပီး လီ၀န္ေဒါစကီးရဲ႕ေနာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရီးရဲလ္မက္ဒရစ္တုိက္စစ္မွဴး ဘန္ဇီးမားက ၃၈ဂိုးနဲ႔ ရပ္တည္ေနပါတယ္။
လီ၀န္ေဒါစကီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စု ၅ပဲြကစားၿပီးခ်ိန္မွာ ၁၀ဂိုးအထိသြင္းယူထားၿပီး စပါးကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အုပ္စုေနာက္ဆုံးပဲြမွာေတာ့ အရန္အျဖစ္ေတာင္ ပါ၀င္ကစားခြင့္မရခဲ့ပါဘူး။
ပိုလန္လက္ေရြးစင္ လီ၀န္ေဒါစကီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပ်မ္းမွ် ၄၄မိနစ္ေရာက္တုိင္း ၁ဂိုးသြင္းယူထားၿပီး ဆဲလ္ဘတ္တုိက္စစ္မွဴး ဟာလန္းက ၈ဂိုး၊ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းက ၅ဂိုးသြင္းယူထားပါတယ္။