မက်ဆီနဲ့ ရာမို့စ်တစ်သင်းထဲကစားနေတာကို ကြည့်ခွင့်ရတော့မလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ မန်စီးတီးနဲ့ကစားရမယ့်ပွဲမှာ ပီအက်စ်ဂျီအ တွက် ပထမဆုံးအကြိမ်ကစားခွင့်ရဖွယ်ရှိနေပါတယ်။

ရာမို့စ်ဟာ မန်ချက်စတာ ကိုရောက်နေတဲ့ ပီအက်စ်ဂျီလူစာရင်းမှာပါဝင်နေပြီး ပွဲထွက်မဟုတ်တောင် လူ စားဝင်ကစားခွင့်ရဖွယ်ရှိနေတာပါ။

တကယ်လို့ ကစားခွင့်ရမယ်ဆိုရင်တော့ ရာမို့စ်အတွက် ၆လကျော်အတွင်းပထမဆုံးပြန်ကစားနိုင်တဲ့ပွဲလည်းဖြစ်လာမှာပါ။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ဇူလိုင်မှာ ၁၆နှစ်ကြာကစားလာခဲ့တဲ့ ရီးရဲလ်နဲ့လမ်းခွဲပြီး ပီအက်စ်ဂျီကို အလွတ်ပြောင်းလာတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတည်း ကဒုက္ခပေးခဲ့တဲ့ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပွဲထွက်ခွင့်ရဖို့နှောင့်နှေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၅နှစ်ရှိရာမို့စ်ဟာ ပြီးခဲ့တဲ့ ၃ပတ်လောက်ကတည်းက ပြဿနာတစ်စုံ တစ်ရာမှရှိဘဲလေ့ကျင့်နိုင်ခဲ့တာမို့ နည်းပြပိုချက်တီနိုထုတ်ပြန်ခဲ့တဲ့ ၂၃ဦးလူစာ ရင်းမှာပါဝင်ခွင့်ရခဲ့တာပါ။

ပီအက်စ်ဂျီဟာ အုပ်စု (A)မှာ ၈မှတ်ရထားပြီး ထိပ် ဆုံးကမန်စီးတီးနဲ့ ၁မှတ်သာကွာပါတယ်။

ပီအက်စ်ဂျီအနေနဲ့ မန်စီးတီးကိုနိုင်ခဲ့ရင် ၁၆သင်းအဆင့်တက်ခွင့်ရမှာဖြစ်ပြီး ရှုံးခဲ့မယ်ဆိုရင်တော့ အုပ်စုဗိုလ်မျှော် လင့်ချက်အဆုံးသတ်သွားမှာဖြစ်သလို ဘရုဂျက် – လိုက်ပ်ဇစ်ပွဲအဖြေကိုလည်းစောင့်ကြည့်ဖို့လိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






