မက်ဆီနဲ့ ယှဉ်ရင် ဘယ်နေရာမှာအသာစီးရလဲ ဆိုတာ ပြောလာတဲ့ အိန္ဒိယက ချက်ထရီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိန္ဒိယ လက်ရွေးစင်အသင်းခေါင်းဆောင် ချက်ထရီကို မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြောသူတွေရှိပါတယ်။

ဒီအတွက် အစောပိုင်းတုန်းက ချက်ထရီက ”ဘာပဲဖြစ်ဖြစ် မက်ဆီနဲ့ ကျွန်တော့် အကြားမှာ အချက်အလက်တွေကို နှိုင်းယှဉ်စရာမရှိပါဘူး။

ကျွန်တော့် ထက်ပိုကောင်းတဲ့ ကစားသမား တစ်ထောင်လောက်က မက်ဆီရဲ့ပရိတ်သတ်တွေပါ။

ဒါဟာလက်တွေ့ပါပဲ။ ဘောလုံးအကြောင်းကို နားလည်တဲ့သူတွေက မနှိုင်းယှဉ်ရဖူးဆိုတာ သိပါတယ်။”ဆိုပြီး ပြောဖူးပါတယ်။

တွစ်တာပေါ်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ချက်ထရီက သူ့အနေနဲ့ မက်ဆီနဲ့ ယှဉ်ရင် သာတာရှိကြောင်း ဟာသနှော ပြောထားပါတယ်။

ပရိသတ်တစ်ယောက်က “မင်းက မက်ဆီထက်ပိုကောင်းတဲ့ကစားသမားလား?” လို့ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းအပေါ်မှာတော့ ချက်ထရီက “သိပ်သေချာတာပေါ့။ ချက်ထရီက မက်ဆီထက်ပိုကောင်းပါတယ်။

ဘယ်နေရာမှာလဲဆိုတော့ Hindi ဘာသာစကားပြောတဲ့နေရာမှာပါ။

အဲဒါဟုတ်တယ်မဟုတ်လား။” လို့ နောက်ပြောင်ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချက်ထရီဟာ အိန္ဒိယလက်ရွေးစင်အသင်းအတွက် (၇၄) ဂိုးသွင်းယူပေးထားပြီး အိန္ဒိယရဲ့ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာပါ။

ချက်ထရီဟာ လက်ရှိအချိန်မှာ အိန္ဒိယစူပါလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘန်ဂါလူရုအသင်းမှာ ကစားလျက်ရှိနေပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီတို့ နှစ်ဦးကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးချက်ထရီက “ဘယ်သူက ပိုကောင်းလဲဟုတ်လား?

ကျွန်တော့် စိတ်ထင် မက်ဆီနဲ့ရော်နယ်ဒိုတို့ နှစ်ဦးလုံးက အံ့အားသင့်စရာတွေ လုပ်ပြနေကြတာဖြစ်ပြီး ကျွန်တော့်ရဲ့ အကြိုက်ဆုံး ကစားသမားဆိုရင်တော့ မက်ဆီပါပဲ။”

“ဒါပေမယ့် ခင်ဗျားအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဆိုရင်တော့ ရော်နယ်ဒိုကို ရွေးချယ်ဖို့ ပြောချင်ပါတယ်။

မက်ဆီက ဘုရားသခင်ပေးတဲ့ လက်ဆောင်လိုပဲဖြစ်ပြီး သူလုပ်ပြနေတဲ့တချို့အရာတွေက လိုက်ပြီး သင်ယူဖို့တောင်ခက်ခဲပါတယ်။

သူက ဒါတွေကို ဘာအင်အားမှ စိုက်ထုတ်စရာမလိုဘဲ လုပ်ပြနေတာဖြစ်ပြီး ရော်နယ်ဒိုကတော့ အရမ်းကို အလုပ်ကြိုးစားတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။” ဆိုပြီး ပြောထားဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီနဲ႔ ယွဥ္ရင္ ဘယ္ေနရာမွာအသာစီးရလဲ ဆိုတာ ေျပာလာတဲ့ အိႏၵိယက ခ်က္ထရီ

အိႏၵိယ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ခ်က္ထရီကို မက္ဆီ၊ ေရာ္နယ္ဒိုတို႔နဲ႔ ႏႈိင္းယွဥ္ေျပာသူေတြရွိပါတယ္။ ဒီအတြက္ အေစာပိုင္းတုန္းက ခ်က္ထရီက ”ဘာပဲျဖစ္ျဖစ္ မက္ဆီနဲ႔ ကြၽန္ေတာ့္ အၾကားမွာ အခ်က္အလက္ေတြကို ႏႈိင္းယွဥ္စရာမရွိပါဘူး။ကြၽန္ေတာ့္ ထက္ပိုေကာင္းတဲ့ ကစားသမား တစ္ေထာင္ေလာက္က မက္ဆီရဲ႕ပရိတ္သတ္ေတြပါ။ဒါဟာလက္ေတြ႕ပါပဲ။ ေဘာလုံးအေၾကာင္းကို နားလည္တဲ့သူေတြက မႏႈိင္းယွဥ္ရဖူးဆိုတာ သိပါတယ္။”ဆိုၿပီး ေျပာဖူးပါတယ္။

တြစ္တာေပၚတင္ထားတဲ့ ဗီဒီယိုတစ္ခုမွာေတာ့ ခ်က္ထရီက သူ႔အေနနဲ႔ မက္ဆီနဲ႔ ယွဥ္ရင္ သာတာရွိေၾကာင္း ဟာသေႏွာ ေျပာထားပါတယ္။ ပရိသတ္တစ္ေယာက္က “မင္းက မက္ဆီထက္ပိုေကာင္းတဲ့ကစားသမားလား?” လို႔ ေမးျမန္းခဲ့ပါတယ္။

အဲဒီေမးခြန္းအေပၚမွာေတာ့ ခ်က္ထရီက “သိပ္ေသခ်ာတာေပါ့။ ခ်က္ထရီက မက္ဆီထက္ပိုေကာင္းပါတယ္။ ဘယ္ေနရာမွာလဲဆိုေတာ့ Hindi ဘာသာစကားေျပာတဲ့ေနရာမွာပါ။ အဲဒါဟုတ္တယ္မဟုတ္လား။” လို႔ ေနာက္ေျပာင္ေျဖဆိုသြားခဲ့တာျဖစ္ပါတယ္။

အသက္ (၃၅) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ခ်က္ထရီဟာ အိႏၵိယလက္ေ႐ြးစင္အသင္းအတြက္ (၇၄) ဂိုးသြင္းယူေပးထားၿပီး အိႏၵိယရဲ႕ထာဝရဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနခဲ့တာပါ။ခ်က္ထရီဟာ လက္ရွိအခ်ိန္မွာ အိႏၵိယစူပါလိဂ္ ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဘန္ဂါလူ႐ုအသင္းမွာ ကစားလ်က္ရွိေနပါတယ္။

ေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ ႏွစ္ဦးၾကား ဘယ္သူပိုေကာင္းလဲဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္ၿပီးခ်က္ထရီက “ဘယ္သူက ပိုေကာင္းလဲဟုတ္လား? ကြၽန္ေတာ့္ စိတ္ထင္ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ ႏွစ္ဦးလုံးက အံ့အားသင့္စရာေတြ လုပ္ျပေနၾကတာျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ အႀကိဳက္ဆုံး ကစားသမားဆိုရင္ေတာ့ မက္ဆီပါပဲ။”

“ဒါေပမယ့္ ခင္ဗ်ားအတြက္ စံျပပုဂၢိဳလ္တစ္ေယာက္ဆိုရင္ေတာ့ ေရာ္နယ္ဒိုကို ေ႐ြးခ်ယ္ဖို႔ ေျပာခ်င္ပါတယ္။မက္ဆီက ဘုရားသခင္ေပးတဲ့ လက္ေဆာင္လိုပဲျဖစ္ၿပီး သူလုပ္ျပေနတဲ့တခ်ိဳ႕အရာေတြက လိုက္ၿပီး သင္ယူဖို႔ေတာင္ခက္ခဲပါတယ္။ သူက ဒါေတြကို ဘာအင္အားမွ စိုက္ထုတ္စရာမလိုဘဲ လုပ္ျပေနတာျဖစ္ၿပီး ေရာ္နယ္ဒိုကေတာ့ အရမ္းကို အလုပ္ႀကိဳးစားတဲ့ သူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။” ဆိုၿပီး ​ေျပာထားဖူးပါတယ္။