မက်ဆီနဲ့ ပြန်တွေ့ဖို့ အခက်တွေ့ပြန်တဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ကိန်းနဲ့ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် အသင်းဟောင်းဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အဲဒီပွဲကို အခုလ (၁၇)ရက် ဘာစီလိုနာ အသင်းရဲ့နူးကမ့်ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းကတော့ အသက်(၂၉)နှစ်အရွယ် နေမာ ဟာ (၄)ပတ်ကြာ အနားယူရမယ်လို့ မျှော်လင့်ထားပြီး မတ်လ(၁၀)ရက်မှာ ကစားမယ့် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။

ပွဲကစားချိန် ၆၄ မိနစ်မှာ အဆိုပါဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘတ်ပီနဲ့ လူစားလဲလှယ်ခဲ့ရကာ နေမာဟာ အဝတ်လဲခန်းအတွင်းကို တန်းဝင်သွားခဲ့တယ်လို့သိရပါတယ်။ နေမာ ဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပထမဆုံးအကြိမ်တက်နိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။

နေမာဒဏ်ရာရမှုနဲ့ ဖေဖော်ဝါရီမှတ်တမ်းဟာ တိုက်ဆိုင်မှုရှိပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာဆိုရင် အမြဲတမ်းလိုလို ဒဏ်ရာရရှိလေ့ရှိတဲ့ နေမာဟာ ညီမဖြစ်သူရဲ့ မွေးနေ့တိုင်းမှာလည်း ဒဏ်ရာကြောင့် အသင်းအတွက် ကစားပေးနိုင်လေ့မရှိပါဘူး။

အခုဆိုရင် နေမာဟာ ညီမမွေးနေ့ရောက်ဖို့ တစ်လတိတိသာ လိုတော့တဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်လည်း တိုက်ဆိုင်မှုဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

နေမာ ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ “နာကျင်မှုကိုအပြင်းအထန်ခံစားရပြီး၊ အဆတ်မပြတ်ငိုကြွေးနေရပါတယ်။ကျွန်တော့်ဘဝမှာ အနှစ်သက်ဆုံးအရာဖြစ်တဲ့ ဘောလုံးကစားတာကို ခဏရပ်နားရပါမယ်” “တစ်ခါတလေမှာ ကျွန်တော့်ရဲ့ကစားတဲ့ပုံစံကြောင့် မသက်မသာဖြစ်သလိုခံစားခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်က လိမ်ခေါက်ဖြတ်ကျော်တဲ့ အချိန်မှာ အမြဲတမ်းပြစ်ဒဏ်ကျူးလွန်ခံရလို့ပါ”လို့ ရေးသားခဲ့ပါတယ်။

Zawgyi

မက္ဆီနဲ႔ ျပန္ေတြ႕ဖို႔ အခက္ေတြ႕ျပန္တဲ့ ေနမာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉးေနမာဟာ ကိန္းနဲ႔ကစားခဲ့တဲ့ ျပင္သစ္ဖလားပြဲစဥ္မွာ ႂကြက္သားဒဏ္ရာရရွိခဲ့တာေၾကာင့္ အသင္းေဟာင္းဘာစီလိုနာနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမေက်ာ့ပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

အဲဒီပြဲကို အခုလ (၁၇)ရက္ ဘာစီလိုနာ အသင္းရဲ႕ႏူးကမ့္ကြင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းကေတာ့ အသက္(၂၉)ႏွစ္အ႐ြယ္ ေနမာ ဟာ (၄)ပတ္ၾကာ အနားယူရမယ္လို႔ ေမွ်ာ္လင့္ထားၿပီး မတ္လ(၁၀)ရက္မွာ ကစားမယ့္ (၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ပါဝင္ႏိုင္ဖြယ္ရွိတယ္လို႔ ဆိုထားပါတယ္။

ပြဲကစားခ်ိန္ ၆၄ မိနစ္မွာ အဆိုပါဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘတ္ပီနဲ႔ လူစားလဲလွယ္ခဲ့ရကာ ေနမာဟာ အဝတ္လဲခန္းအတြင္းကို တန္းဝင္သြားခဲ့တယ္လို႔သိရပါတယ္။ ေနမာ ဟာ ၿပီးခဲ့တဲ့ ရာသီက ပီအက္စ္ဂ်ီ အသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ပထမဆုံးအႀကိမ္တက္ႏိုင္ေအာင္ အေကာင္းဆုံးစြမ္းေဆာင္ေပးခဲ့ပါတယ္။ ​ေနမာဒဏ္ရာရမႈနဲ႔ ​ေဖ​ေဖာ္၀ါရီမွတ္တမ္းဟာ တိုက္ဆိုင္မႈရွိပါတယ္။ ေဖေဖာ္ဝါရီလအတြင္းမွာဆိုရင္ အၿမဲတမ္းလိုလို ဒဏ္ရာရရွိေလ့ရွိတဲ့ ေနမာဟာ ညီမျဖစ္သူရဲ႕ ေမြးေန႔တိုင္းမွာလည္း ဒဏ္ရာေၾကာင့္ အသင္းအတြက္ ကစားေပးႏိုင္ေလ့မရွိပါဘူး။

အခုဆိုရင္ ေနမာဟာ ညီမေမြးေန႔ေရာက္ဖို႔ တစ္လတိတိသာ လိုေတာ့တဲ့အခ်ိန္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဒီတစ္ႀကိမ္လည္း တိုက္ဆိုင္မႈျဖစ္လာဦးမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။ ေေနမာ ကေတာ့ သူ႔ရဲ႕အင္စတာဂရမ္မွာ “နာက်င္မႈကိုအျပင္းအထန္ခံစားရၿပီး၊ အဆတ္မျပတ္ငိုေႂကြးေနရပါတယ္။ကြၽန္ေတာ့္ဘဝမွာ အႏွစ္သက္ဆုံးအရာျဖစ္တဲ့ ေဘာလုံးကစားတာကို ခဏရပ္နားရပါမယ္” “တစ္ခါတ​ေလမွာ ကြၽန္ေတာ့္ရဲ႕ကစားတဲ့ပုံစံေၾကာင့္ မသက္မသာျဖစ္သလိုခံစားခဲ့ရပါတယ္။ဘာျဖစ္လို႔လဲဆိုရင္ ကြၽန္ေတာ္က လိမ္ေခါက္ျဖတ္ေက်ာ္တဲ့ အခ်ိန္မွာ အၿမဲတမ္းျပစ္ဒဏ္က်ဴးလြန္ခံရလို႔ပါ”လို႔ ေရးသားခဲ့ပါတယ္။