မက်ဆီနဲ့ ပထမဆုံးဆုံတွေ့ခွင့်ရချိန်မှာ လူကောင်သေးလွန်းလို့ မက်ဆီအစစ်မဟုတ်နိုင်ဘူးလို့ထင်ခဲ့တဲ့ ခရစ္စတီယာနိုဂျူနီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာဟာ ၂၀၁၇ ခုနှစ်တုန်းက Ballon d’Or ဆုပေးပွဲမှာ

အဖေဖြစ်သူနဲ့အပြိုင်ဘောလုံးလောကမှာထင်ရှားနေတဲ့ မက်ဆီကို လူကိုယ်တိုင်ဆုံတွေ့ခွင့်ရခဲ့ပြီး မက်ဆီဟာ သူထင်ထားသလိုမဟုတ်ဘဲ အရပ်ပုပု၊ လူကောင်သေးသေးဖြစ်နေလို့ မက်ဆီအစစ်မဖြစ်နိုင်ဘူးဆိုပြီးထင်ခဲ့ဖူးပါတယ်။

မက်ဆီနဲ့ စီရော်နယ်လ်ဒိုဟာ ဘောလုံးလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အောင်မြင်မှုတွေကို သူတစ်ပြန်ကိုယ်တစ်ပြန်ရယူခဲ့ကြပြီး ၂၀၁၇ Ballon d’Or ဆုကို စီရော်နယ်လ်ဒိုက မက်ဆီကိုကျော်ဖြတ်ပြီးတော့ ကစားသမားဘဝတစ်လျှောက် (၅)ကြိမ်မြောက်အဖြစ်ရယူနိုင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ရီးယဲလ်အသင်းမှာကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ ဆုပေးပွဲအခမ်းအနားကို မိခင်ဖြစ်သူ ဒါလောရက်စ်၊ သားဖြစ်တဲ့ခရစ္စတီယာနိုဂျူနီယာတို့နဲ့အတူပွဲတက်ခဲ့ပြီး

ဆုပေးပွဲမတိုင်ခင် အပြင်မှာထိုင်နေတုန်း မက်ဆီက ခန်းမထဲဝင်လာတာကြောင့် စီရော်နယ်လ်ဒိုဟာ ခရစ္စတီယာနိုဂျူနီယာနဲ့ မက်ဆီကို မိတ်ဆက်ပေးခဲ့တာပါ။

ဒါပေမဲ့ မက်ဆီဟာ အရပ်(၅)ပေ၊ (၅)လက်မသာရှိတာကြောင့် ခရစ္စတီယာနိုဂျူနီယာက မက်ဆီဟာခန္ဓာကိုယ်အရွယ်အစားက ဒီလောက်ပဲရှိမယ်လို့ မထင်ထားလို့ အံ့အားတကြီးဖြစ်ခဲ့ရပါတယ်။

အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဒါလောရက်စ်အယ်ဗီယိုက မနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ အခုလိုဖောက်သည်ချခဲ့ဖူးပါတယ်။

”မက်ဆီ ခန်းမထဲဝင်လာချိန်မှာ ကျွန်မက ‘မြေးလေး..အဲဒီမှာ မက်ဆီလေ’လို့ ခရစ္စတီယာနိုဂျူနီယာကိုပြောလိုက်ချိန်မှာ သူက ‘ဒါက မက်ဆီမဟုတ်ပါဘူး ..ဒီဦးလေးအရပ်က ပုပုလေး’ဆိုပြီးတော့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှာ သူ့အဖေက မက်ဆီကို လက်ပြနှုတ်ဆက်ဖို့ပြောလိုက်ပြီး မက်ဆီဟာ ကွင်းပြင်ပမှာလည်း လူရည်မွန်လေးတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်မမြေးကတောင် သူ့ထက် အရပ်ပိုရှည်နေပါသေးတယ်(ရယ်လျက်) အဲဒါကတော့ တကယ့်ကို ရယ်စရာကောင်းတဲ့အခိုက်အတန့်ပါပဲ”။

အသက်(၁၁)နှစ်အရွယ်ရှိပြီဖြစ်သူ ခရစ္စတီယာနိုဂျူနီယာဟာ ကလေးဘဝမှာကတည်းက ဘောလုံးသမားအဖြစ်ရပ်တည်နေတာဖြစ်ပြီး

အခုလောလောဆယ် သူ့အဖေကစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်အသင်းမှာကစားနေသလို တစ်ချိန်ကျရင် စီရော်နယ်လ်ဒိုလိုမျိုး ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီနဲ႔ ပထမဆုံးဆုံေတြ႕ခြင့္ရခ်ိန္မွာ လူေကာင္ေသးလြန္းလို႔ မက္ဆီအစစ္မဟုတ္ႏိုင္ဘူးလို႔ထင္ခဲ့တဲ့ ခရစၥတီယာႏိုဂ်ဴနီယာ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕သားျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာဟာ ၂၀၁၇ ခုႏွစ္တုန္းက Ballon d’Or ဆုေပးပြဲမွာ အေဖျဖစ္သူနဲ႔အၿပိဳင္ေဘာလုံးေလာကမွာထင္ရွားေနတဲ့ မက္ဆီကို လူကိုယ္တိုင္ဆုံေတြ႕ခြင့္ရခဲ့ၿပီး မက္ဆီဟာ သူထင္ထားသလိုမဟုတ္ဘဲ အရပ္ပုပု၊ လူေကာင္ေသးေသးျဖစ္ေနလို႔ မက္ဆီအစစ္မျဖစ္ႏိုင္ဘူးဆိုၿပီးထင္ခဲ့ဖူးပါတယ္။

မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးေလာကမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ ေအာင္ျမင္မႈေတြကို သူတစ္ျပန္ကိုယ္တစ္ျပန္ရယူခဲ့ၾကၿပီး ၂၀၁၇ Ballon d’Or ဆုကို စီေရာ္နယ္လ္ဒိုက မက္ဆီကိုေက်ာ္ျဖတ္ၿပီးေတာ့ ကစားသမားဘဝတစ္ေလွ်ာက္ (၅)ႀကိမ္ေျမာက္အျဖစ္ရယူႏိုင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ရီးယဲလ္အသင္းမွာကစားေနတဲ့ စီေရာ္နယ္လ္ဒိုဟာ ဆုေပးပြဲအခမ္းအနားကို မိခင္ျဖစ္သူ ဒါေလာရက္စ္၊ သားျဖစ္တဲ့ခရစၥတီယာႏိုဂ်ဴနီယာတို႔နဲ႔အတူပြဲတက္ခဲ့ၿပီး ဆုေပးပြဲမတိုင္ခင္ အျပင္မွာထိုင္ေနတုန္း မက္ဆီက ခန္းမထဲဝင္လာတာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ ခရစၥတီယာႏိုဂ်ဴနီယာနဲ႔ မက္ဆီကို မိတ္ဆက္ေပးခဲ့တာပါ။

ဒါေပမဲ့ မက္ဆီဟာ အရပ္(၅)ေပ၊ (၅)လက္မသာရွိတာေၾကာင့္ ခရစၥတီယာႏိုဂ်ဴနီယာက မက္ဆီဟာခႏၶာကိုယ္အ႐ြယ္အစားက ဒီေလာက္ပဲရွိမယ္လို႔ မထင္ထားလို႔ အံ့အားတႀကီးျဖစ္ခဲ့ရပါတယ္။ အဲဒီအေၾကာင္းအရာနဲ႔ပတ္သက္လို႔ ဒါေလာရက္စ္အယ္ဗီယိုက မႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ အခုလိုေဖာက္သည္ခ်ခဲ့ဖူးပါတယ္။ ”မက္ဆီ ခန္းမထဲဝင္လာခ်ိန္မွာ ကြၽန္မက ‘ေျမးေလး..အဲဒီမွာ မက္ဆီေလ’လို႔ ခရစၥတီယာႏိုဂ်ဴနီယာကိုေျပာလိုက္ခ်ိန္မွာ သူက ‘ဒါက မက္ဆီမဟုတ္ပါဘူး ..ဒီဦးေလးအရပ္က ပုပုေလး’ဆိုၿပီးေတာ့ ျပန္ေျဖခဲ့ပါတယ္။

အဲဒီေနာက္မွာ သူ႔အေဖက မက္ဆီကို လက္ျပႏႈတ္ဆက္ဖို႔ေျပာလိုက္ၿပီး မက္ဆီဟာ ကြင္းျပင္ပမွာလည္း လူရည္မြန္ေလးတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽန္မေျမးကေတာင္ သူ႔ထက္ အရပ္ပိုရွည္ေနပါေသးတယ္(ရယ္လ်က္) အဲဒါကေတာ့ တကယ့္ကို ရယ္စရာေကာင္းတဲ့အခိုက္အတန႔္ပါပဲ”။ အသက္(၁၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာဟာ ကေလးဘဝမွာကတည္းက ေဘာလုံးသမားအျဖစ္ရပ္တည္ေနတာျဖစ္ၿပီး အခုေလာေလာဆယ္ သူ႔အေဖကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္အသင္းမွာကစားေနသလို တစ္ခ်ိန္က်ရင္ စီေရာ္နယ္လ္ဒိုလိုမ်ိဳး ကမာၻ႔အဆင့္ေဘာလုံးသမားတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။