မက်ဆီနဲ့ ဒိုလေးထိပ်တိုက်တွေ့ဆုံမှု ဘယ်သူအသာရမလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ညကတော့ ဘောလုံးပရိသတ်တွေအတွက် အိပ်ရေးပျက်မယ့်ညပါ။ ပွဲကြီးပွဲကောင်းတွေစုနေပါတယ်။ ဒီထဲကမှ ကမ္ဘာကျော်ဘောလုံးသမားနှစ်ယောက် ဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ တွေ့ဆုံကြမယ့်ပွဲစဉ်ရှိပါတယ်။ အဲဒီတွေ့ဆုံမှုဟာ ရော်နယ်ဒိုအတွက် လာလီဂါက ထွက်ခွာပြီးနောက် မက်ဆီနဲ့ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ပထမအကျော့ကတည်းက တွေ့ဆုံဖို့ ရှိခဲ့ပေမယ့် ရော်နယ်ဒိုတစ်ယောက် ကိုဗစ်ကူးစက်ခံခဲ့ရလို့ နှစ်ယောက်တွေ့ဆုံမှု လွဲခဲ့ရပါတယ်။

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံကြတာမို့လို့ ဘယ်သူက အကျောယူမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မက်ဆီနဲ့ရော်နယ်ဒိုဟာ နိုင်ငံနဲ့ကလပ်တွေနဲ့အတူ တွေ့ဆုံတာ ၃၅ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် ဥရောပမှာ တွေ့ခဲ့တာက ၂၀၁၀/၁၁ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာပါ။

တွေ့ဆုံခဲ့တဲ့ ၃၅ပွဲမှာတော့ မက်ဆီက ၁၆ပွဲနိုင်ထားပြီး ရော်နယ်ဒိုက ၁၀ပွဲ အနိုင်ရထားပါတယ်။ ဒါကြောင့် အာဂျင်တီးနားကြယ်ပွင့်ဖက်က အသာရထားတယ်လို့ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ မက်ဆီဖက်ကတော့ ၂၂ ဂိုးသွင်းယူခဲ့ကာ၊ စီရော်နယ်ဒိုကတော့ ၁၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အခြား အချက်အလက်တွေကြည့်မယ်ဆိုရင် ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုက (၁၇၃) ပွဲကစားထားပြီး၊ မက်ဆီကတော့ (၁၄၆) ပွဲကစားထားခဲ့ပါတယ်။

သွင်းဂိုးအနေနဲ့ ရော်နယ်ဒိုက (၁၃၂) ဂိုးသွင်းထားပြီး၊ မက်ဆီရဲ့ သွင်းဂိုးကတော့ (၁၁၈) ဂိုးဖြစ်ပါတယ်။ ဒီအချက်အလက်ကိုကြည့်မယ်ဆိုရင်တော့ ဂိုးအရေအတွက်မှာ ရော်နယ်ဒိုက (၁၄) ဂိုးအသာရထားပါတယ်။ ဒါပေမယ့် ကစားထားတဲ့ပွဲစဉ် အရေအတွက်ကတော့ ထောက်ပြစရာပါ။

ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆု ရတဲ့ အကြိမ်အရေအတွက်အပိုင်းမှာတော့ ရော်နယ်ဒိုက (၇) ကြိမ်ရရှိထားပြီး၊ မက်ဆီက (၆) ကြိမ်ရရှိထားပါတယ်။ ၂၀၁၄-၁၅ ရာသီမှာတော့ နေမာနှင့်အတူ သုံးယောက်ပူးတွဲရရှိထားခဲ့တာပါ။ဘာပဲဖြစ်ဖြစ် ဒီအပိုင်းမှာတော့ ရော်နယ်ဒိုက အသာရထားပါတယ်။

ချန်ပီယံလိဂ်အောင်မြင်မှုကိုကြည့်မယ်ဆိုရင် ရော်နယ်ဒိုက ရီးရဲလ်အသင်းနဲ့ အတူ(၄) ကြိမ်၊ ယူနိုက်တက်အသင်းနဲ့ (၁) ကြိမ် စုစုပေါင်း (၅) ကြိမ်အောင်မြင်ထားပါတယ်။ မက်ဆီကတော့ (၄) ကြိမ်ပဲအောင်မြင်ထားတာကြောင့် ရော်နယ်ဒိုကပဲ အသာရထားပြန်ပါတယ်။

သိပ်မကြာခင်တုန်းကလည်း ရော်နယ်ဒိုတစ်ယောက် ဂိုးပေါင်း ၇၅၀ သွင်းထားတဲ့ စံချိန်ကိုရယူခဲ့ပြီးပါပြီ။ ဆုတံဆိပ်ရယူတဲ့အပိုင်းမှာတော့ ဘလွန်းဒီအောဆုအပါအဝင် အချို့ဆုရရှိမှုတွေမှာ မက်ဆီကသာတာမျိုးရှိပြန်ပါတယ်။

ဒီနေ့ည ၂နာရီခွဲပွဲစဉ်မှာ ဘယ်သူနိုင်နိုင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်နေပြီးသားပါ။ အရေးကြီးတာက အုပ်စုကျော်ဖြတ်ရေးမဟုတ်တော့ပါဘူး။ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ ကိစ္စဖြစ်နေပါတယ်။ အရေးကြီးတဲ့ သမိုင်းမှတ်တမ်းတွေကို သိမ်းဆည်းနိုင်မယ့်ပွဲမှာ ထိပ်တန်းဘောလုံးသမားနှစ်ယောက်ရဲ့ ပြုမှုလှုပ်ရှားဆောင်ရွက်ချက်တွေက ပရိသတ်တွေအတွက်တော့ မျက်တောင်မခတ်စတမ်း အားပေးချင်စရာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီနဲ႔ ဒိုေလးထိပ္တိုက္ေတြ႕ဆုံမႈ ဘယ္သူအသာရမလဲ

ဒီေန႔ညကေတာ့ ေဘာလုံးပရိသတ္ေတြအတြက္ အိပ္ေရးပ်က္မယ့္ညပါ။ ပြဲႀကီးပြဲေကာင္းေတြစုေနပါတယ္။ ဒီထဲကမွ ကမာၻေက်ာ္ေဘာလုံးသမားႏွစ္ေယာက္ ျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ေတြ႕ဆုံၾကမယ့္ပြဲစဥ္ရွိပါတယ္။ အဲဒီေတြ႕ဆုံမႈဟာ ေရာ္နယ္ဒိုအတြက္ လာလီဂါက ထြက္ခြာၿပီးေနာက္ မက္ဆီနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ ေတြ႕ဆုံတာလည္း ျဖစ္ပါတယ္။ ပထမအေက်ာ့ကတည္းက ေတြ႕ဆုံဖို႔ ရွိခဲ့ေပမယ့္ ေရာ္နယ္ဒိုတစ္ေယာက္ ကိုဗစ္ကူးစက္ခံခဲ့ရလို႔ ႏွစ္ေယာက္ေတြ႕ဆုံမႈ လြဲခဲ့ရပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ထိပ္တိုက္ေတြ႕ဆုံၾကတာမို႔လို႔ ဘယ္သူက အေက်ာယူမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ မက္ဆီနဲ႔ေရာ္နယ္ဒိုဟာ ႏိုင္ငံနဲ႔ကလပ္ေတြနဲ႔အတူ ေတြ႕ဆုံတာ ၃၅ႀကိမ္ေျမာက္ ရွိၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ ေနာက္ဆုံးအႀကိမ္ ဥေရာပမွာ ေတြ႕ခဲ့တာက ၂၀၁၀/၁၁ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာပါ။ ေတြ႕ဆုံခဲ့တဲ့ ၃၅ပြဲမွာေတာ့ မက္ဆီက ၁၆ပြဲႏိုင္ထားၿပီး ေရာ္နယ္ဒိုက ၁၀ပြဲ အႏိုင္ရထားပါတယ္။ ဒါေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္ဖက္က အသာရထားတယ္လို႔ေျပာမယ္ဆိုရင္လည္း ေျပာလို႔ရပါတယ္။

မက္ဆီဖက္ကေတာ့ ၂၂ ဂိုးသြင္းယူခဲ့ကာ၊ စီေရာ္နယ္ဒိုကေတာ့ ၁၉ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အျခား အခ်က္အလက္ေတြၾကည့္မယ္ဆိုရင္ ခ်န္ပီယံလိဂ္မွာ ေရာ္နယ္ဒိုက (၁၇၃) ပြဲကစားထားၿပီး၊ မက္ဆီကေတာ့ (၁၄၆) ပြဲကစားထားခဲ့ပါတယ္။ သြင္းဂိုးအေနနဲ႔ ေရာ္နယ္ဒိုက (၁၃၂) ဂိုးသြင္းထားၿပီး၊ မက္ဆီရဲ႕ သြင္းဂိုးကေတာ့ (၁၁၈) ဂိုးျဖစ္ပါတယ္။ ဒီအခ်က္အလက္ကိုၾကည့္မယ္ဆိုရင္ေတာ့ ဂိုးအေရအတြက္မွာ ေရာ္နယ္ဒိုက (၁၄) ဂိုးအသာရထားပါတယ္။ ဒါေပမယ့္ ကစားထားတဲ့ပြဲစဥ္ အေရအတြက္ကေတာ့ ေထာက္ျပစရာပါ။

ခ်န္ပီယံလိဂ္ရဲ႕ ဂိုးသြင္းဘုရင္ဆု ရတဲ့ အႀကိမ္အေရအတြက္အပိုင္းမွာေတာ့ ေရာ္နယ္ဒိုက (၇) ႀကိမ္ရရွိထားၿပီး၊ မက္ဆီက (၆) ႀကိမ္ရရွိထားပါတယ္။ ၂၀၁၄-၁၅ ရာသီမွာေတာ့ ေနမာႏွင့္အတူ သုံးေယာက္ပူးတြဲရရွိထားခဲ့တာပါ။ဘာပဲျဖစ္ျဖစ္ ဒီအပိုင္းမွာေတာ့ ေရာ္နယ္ဒိုက အသာရထားပါတယ္။

ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကိုၾကည့္မယ္ဆိုရင္ ေရာ္နယ္ဒိုက ရီးရဲလ္အသင္းနဲ႔ အတူ(၄) ႀကိမ္၊ ယူႏိုက္တက္အသင္းနဲ႔ (၁) ႀကိမ္ စုစုေပါင္း (၅) ႀကိမ္​ေအာင္ျမင္ထားပါတယ္။ မက္ဆီကေတာ့ (၄) ႀကိမ္ပဲ​ေအာင္ျမင္ထားတာေၾကာင့္ ေရာ္နယ္ဒိုကပဲ အသာရထားျပန္ပါတယ္။ သိပ္မၾကာခင္တုန္းကလည္း ​ေရာ္နယ္ဒိုတစ္​ေယာက္ ဂိုး​ေပါင္း ၇၅၀ သြင္းထားတဲ့ စံခ်ိန္ကိုရယူခဲ့ၿပီးပါၿပီ။ ဆုတံဆိပ္ရယူတဲ့အပိုင္းမွာ​ေတာ့ ဘလြန္းဒီ​ေအာဆုအပါအ၀င္ အခ်ိဳ႕ဆုရရွိမႈ​ေတြမွာ မက္ဆီကသာတာမ်ိဳးရွိျပန္ပါတယ္။

ဒီ​ေန႔ည ၂နာရီခြဲပြဲစဥ္မွာ ဘယ္သူႏိုင္ႏိုင္ ၁၆ သင္းအဆင့္ကို တက္​ေရာက္ႏိုင္​ေနၿပီးသားပါ။ အ​ေရးႀကီးတာက အုပ္စု​ေက်ာ္ျဖတ္​ေရးမဟုတ္​ေတာ့ပါဘူး။ မက္ဆီနဲ႔ ​ေရာ္နယ္ဒို ဘယ္သူပို​ေကာင္းလဲဆိုတဲ့ ကိစၥျဖစ္​ေနပါတယ္။ အ​ေရးႀကီးတဲ့ သမိုင္းမွတ္တမ္း​ေတြကို သိမ္းဆည္းႏိုင္မယ့္ပြဲမွာ ထိပ္တန္း​ေဘာလုံးသမားႏွစ္​ေယာက္ရဲ႕ ျပဳမႈလႈပ္ရွား​ေဆာင္႐ြက္ခ်က္​ေတြက ပရိသတ္​ေတြအတြက္​ေတာ့ မ်က္​ေတာင္မခတ္စတမ္း အား​ေပးခ်င္စရာပါ။