မက်ဆီနဲ့ စီရော်နယ်လ်ဒိုမပါတဲ့ UEFA ရဲ့ ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နေရာအလိုက်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နေရာအလိုက် အကောင်းဆုံးကစားသမားဆုတွေအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ဗိုလ်လုပွဲရောက်နှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့မန်စီးတီးအသင်းက,ကစားသမားအများစု ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်၊ မန်စီးတီးအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တက်ရောက်ခဲ့တာဖြစ်ပြီး

အင်္ဂလန်ကလပ်နှစ်သင်းချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဆုံတွေ့တာက (၃)ကြိမ်မြောက်(၂၀၀၈/မန်ချက်စတာယူနိုက်တက်-ချယ်လ်ဆီး၊ ၂၀၁၉/လီဗာပူးလ်-စပါး၊ ၂၀၂၁/ချယ်လ်ဆီး-မန်စီးတီး)အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

အဲဒီဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ကစားသမားဟာဗတ်ဇ်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ မန်စီးတီးအသင်းကို အနိုင်ယူဗိုလ်စွဲခဲ့တာကြောင့် (၉)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပြန်လည်ကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့မန်စီးတီးအသင်းတို့ဟာ ဗိုလ်လုပွဲသွားရာလမ်းကြောင်းမှာ ရီးယဲလ်၊ PSG စတဲ့ထိပ်သီးအသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် UEFA ကထုတ်ပြန်ခဲ့တဲ့

နေရာအလိုက်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ နှစ်သင်းပေါင်း(၈)ဦး (ချယ်လ်ဆီး-၅ဦး၊ မန်စီးတီး-၃ဦး)အထိပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဂိုးသမားနေရာအတွက် ဆန်ခါတင်စာရင်းမှာ ကော်တွာ(ရီးယဲလ်)၊ အီဒါဆင်(မန်စီးတီး)၊ မန်ဒီ(ချယ်လ်ဆီး)တို့ရွေးချယ်ခံခဲ့ရပြီး နောက်တန်းကစားသမားဆုဆန်ခါတင်စာရင်းမှတော့ ရူဘင်ဒီယက်စ်(မန်စီးတီး)၊ အက်ဇ်ပီလီကွယ်တာ(ချယ်လ်ဆီး)နဲ့ ရူဒီဂါ(ချယ်လ်ဆီး)တို့ ပါဝင်ခဲ့ကြပါတယ်။

ကွင်းလယ်အတွက် အကောင်းဆုံးဆုကို ဒီဘရိုင်းနား(မန်စီးတီး)၊ ယော်ဂျင်ဟို(ချယ်လ်ဆီး)၊ ကွန်တေ(ချယ်လ်ဆီး)တို့က အပြိုင်လုကြရမှာဖြစ်ပြီး တိုက်စစ်မှူးအတွက် ဆန်ခါတင်စာရင်းမှာတော့

ဒီနှစ်သင်းက,ကစားသမားတစ်ယောက်မှ မပါဝင်ခဲ့ဘဲ ဘာပေ(PSG)၊ လီဝန်ဒေါစကီး(ဘိုင်ယန်)၊ ဟာလန်း(ဒေါ့မွန်)တို့ ရွေးချယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ရှုံးထွက်(၁၆)သင်းအဆင့်ကနေ အသီးသီးထွက်ခဲ့ရတဲ့ ဂျူဗင်တပ်စ်နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုနဲ့ ဘာစီလိုနာ,နာမည်ကျော်ကစားသမားဟောင်း မက်ဆီတို့ကတော့ UEFA ရဲ့ နေရာအလိုက်အကောင်းဆုံးဆု ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့ကြပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုမပါတဲ့ UEFA ရဲ႕ ၂၀၂၀-၂၁ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ေနရာအလိုက္အေကာင္းဆုံးဆုအတြက္ ဆန္ခါတင္စာရင္း

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)ဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ေနရာအလိုက္ အေကာင္းဆုံးကစားသမားဆုေတြအတြက္ ဆန္ခါတင္စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ၿပီး ဗိုလ္လုပြဲေရာက္ႏွစ္သင္းျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔မန္စီးတီးအသင္းက,ကစားသမားအမ်ားစု ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္၊ မန္စီးတီးအသင္းက အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တာျဖစ္ၿပီး အဂၤလန္ကလပ္ႏွစ္သင္းခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာဆုံေတြ႕တာက (၃)ႀကိမ္ေျမာက္(၂၀၀၈/မန္ခ်က္စတာယူႏိုက္တက္-ခ်ယ္လ္ဆီး၊ ၂၀၁၉/လီဗာပူးလ္-စပါး၊ ၂၀၂၁/ခ်ယ္လ္ဆီး-မန္စီးတီး)အျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။

အဲဒီဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ တိုက္စစ္ကစားသမားဟာဗတ္ဇ္ရဲ႕ တစ္လုံးတည္းေသာအႏိုင္ဂိုးနဲ႔ မန္စီးတီးအသင္းကို အႏိုင္ယူဗိုလ္စြဲခဲ့တာေၾကာင့္ (၉)ႏွစ္ၾကာေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဆုဖလားကို ျပန္လည္ကိုင္ေျမႇာက္ခြင့္ရရွိခဲ့ပါတယ္။

ခ်ယ္လ္ဆီးနဲ႔မန္စီးတီးအသင္းတို႔ဟာ ဗိုလ္လုပြဲသြားရာလမ္းေၾကာင္းမွာ ရီးယဲလ္၊ PSG စတဲ့ထိပ္သီးအသင္းေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ UEFA ကထုတ္ျပန္ခဲ့တဲ့ ေနရာအလိုက္အေကာင္းဆုံးကစားသမားဆု ဆန္ခါတင္စာရင္းမွာ ႏွစ္သင္းေပါင္း(၈)ဦး (ခ်ယ္လ္ဆီး-၅ဦး၊ မန္စီးတီး-၃ဦး)အထိပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ ဂိုးသမားေနရာအတြက္ ဆန္ခါတင္စာရင္းမွာ ေကာ္တြာ(ရီးယဲလ္)၊ အီဒါဆင္(မန္စီးတီး)၊ မန္ဒီ(ခ်ယ္လ္ဆီး)တို႔ေ႐ြးခ်ယ္ခံခဲ့ရၿပီး ေနာက္တန္းကစားသမားဆုဆန္ခါတင္စာရင္းမွေတာ့ ႐ူဘင္ဒီယက္စ္(မန္စီးတီး)၊ အက္ဇ္ပီလီကြယ္တာ(ခ်ယ္လ္ဆီး)နဲ႔ ႐ူဒီဂါ(ခ်ယ္လ္ဆီး)တို႔ ပါဝင္ခဲ့ၾကပါတယ္။

ကြင္းလယ္အတြက္ အေကာင္းဆုံးဆုကို ဒီဘ႐ိုင္းနား(မန္စီးတီး)၊ ေယာ္ဂ်င္ဟို(ခ်ယ္လ္ဆီး)၊ ကြန္ေတ(ခ်ယ္လ္ဆီး)တို႔က အၿပိဳင္လုၾကရမွာျဖစ္ၿပီး တိုက္စစ္မႉးအတြက္ ဆန္ခါတင္စာရင္းမွာေတာ့ ဒီႏွစ္သင္းက,ကစားသမားတစ္ေယာက္မွ မပါဝင္ခဲ့ဘဲ ဘာေပ(PSG)၊ လီဝန္ေဒါစကီး(ဘိုင္ယန္)၊ ဟာလန္း(ေဒါ့မြန္)တို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီက ရႈံးထြက္(၁၆)သင္းအဆင့္ကေန အသီးသီးထြက္ခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုနဲ႔ ဘာစီလိုနာ,နာမည္ေက်ာ္ကစားသမားေဟာင္း မက္ဆီတို႔ကေတာ့ UEFA ရဲ႕ ေနရာအလိုက္အေကာင္းဆုံးဆု ဆန္ခါတင္စာရင္းမွာ မပါဝင္ခဲ့ၾကပါဘူး။