မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ခေတ်မဖြစ်ခင် နောက်ဆုံး ဘောလွန်းဒီအောဆုရှင် ကာကာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်ချိန်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ဖူးသလို စီးရီးအေရဲ့ အကျော်ကြားဆုံး ကစားသမားစာရင်းထဲမှာလည်းပါတဲ့ ဘရာဇီးလက်ရွေးစင် ကာကာ ကိုပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။

ဘာသာတရားကို သက်ဝင်ကိုင်းရှိုင်းပြီး ဂိုးသွင်းပြီးတိုင်း လက်ညှိုး၂ချောင်းမိုးပေါ်ထောင်ပြီး ကောင်းကင်ပေါ်က ဘုရားသခင်နဲ့အတူ အောင်ပွဲခံပြုမူတတ်တဲ့ ကာကာ ဟာ ဒီနေ့မှာတော့ အသက် ၃၉နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ပွဲကစားရင်း ဝတ်ဆင်ရတဲ့ ဘောလုံးဂျာစီအကျီအောက်မှာ I Belong To Jesus ဆိုပြီး သူကိုးကွယ်တဲ့ ဘုရားသခင်ကို ရည်ညွှန်းတဲ့ စာသားပါ အောက်ခံအကျီကို ဝတ်ဆင်ထားလေ့လည်း ရှိတဲ့သူတစ်ယောက်ပါ။

အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုင်ခဲ့ပြီး အဲ့အချိန်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ကြေးမရှောင်ဘဲ ခေါ်ယူနေတဲ့ ပီရက်ဇ်ရဲ့ ရီးရဲလ်အသင်းဆီ ပြောင်းခဲ့တဲ့သူပါ။

လာလီဂါမှာ ရီးရဲလ်နဲ့ ဘာစီလိုနာ ပြိုင်ဘက်ဖြစ်သလို ကာကာကလည်း မက်ဆီနဲ့ ထိပ်တိုင် ရင်ဆိုင်ယှဥိပြိုင်ခဲ့ရတဲ့ အကြိမ်တွေရှိပါတယ်။

နိုင်ငံအသင်းမှာလည်း ဘရာဇီးနဲ့ အာဂျင်တီးနားဆိုတာ တောင်အမေရိကဒါဘီဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။

တစ်ချိန်မှာ ဘောလုံးလော့ရဲ့ GOAT ဖြစ်လာမယ့် မက်ဆီက ၁၉နှစ်သားပဲရှိသေးပြီး ကာကာက ၂၀၀၆ခုနှစ် အာဂျင်တီးနား ဝ-၃ ဘရာဇီးပွဲစဉ်မှာ မက်ဆီဘောလုံးထိန်းတာကနေ

လျှံကျလာတဲ့ဘောလုံးကို တောက်လျှောက်ဆွဲပြေးပြီး ဂိုးသွင်းခဲ့တဲ့အချိန်မှာ ပြေးအားကောင်းတဲ့ မက်ဆီတောင် လိုက်မမီနိုင်ခဲ့ပါဘူး။

ကာကာဟာ ၂၀၀၇ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး မက်ဆီနဲ့ စီရော်နယ်ဒိုတို့ တစ်လှည့်စီဆက်တိုက် သိမ်းပိုက်တော့မယ့် အကောင်းဆုံးဆုရဲ့ နောက်ဆုံးဆုရှင်လည်း ဖြစ်ခဲ့ပါတယ်။

စီရော်နယ်ဒိုနဲ့ ရီးရဲလ်မှာ တစ်သင်းတည်းအတူ တွဲကစားခဲ့ဖူးပြီး စီရော်နယ်ဒိုရဲ့ ကြံံခိုင်သန်စွမ်းမှုနဲ့ စွမ်းဆောင်ရည်ကို သဘောကျပေမယ့် အကြိုက်ဆုံးကစားသမားတစ်ယောက်ပဲ ရွေးရမယ်ဆိုရင်တော့ မက်ဆီကိုပဲ ရွေးဖြစ်မယ်လို့ ကာကာက ပြောဆိုခဲ့ဖူးပါတယ်။

ကာကာရဲ့ ကစားသမားဘဝမှာ နောက်ထပ်ထင်ရှားတဲ့ အမှတ်ရစရာကိစ္စကတော့ အေစီမီလန်အတွက် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ယူကွင်းမှာ ကစားရင်း ပွဲကစားနေချိန်မှာ မန်ယူက ရွီုင်ယန်ဂစ်ရဲ့ လည်ပင်းကို စိတ်မထိန်းနိုင်ပဲ ညှစ်ခဲ့တဲ့ ကိစ္စပါ။

ဘောလုံးကစားရင် အမြဲ သန့်သန့်ှရင်းရှင်းကစားတတ်ပြီး အနေအေးတဲ့ ကာကာဆီက ဒီလို တုန့်ပြန်တာမျိုးက အင်မတန် ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပြီး ဂစ်ကသူ့ကို ဖျက်ထုတလာတာကိူ စိတ်မထိန်းနိုင်ပဲ တုန့်ပြန်ခဲ့မိတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကာကာကို ဂစ်က ဒီလိုတုန့်ပြန်တာက မင်းလို ဘာသာတရားကိုင်းရှိုင်းတဲ့လူက လုပ်တယ်လားဆိုပြီး မေးခွန်းထုတ်ခဲ့ပြီး ပွဲအပြီးမှာတော့ ကာကာဟာ ဂစ်ကို မန်ယူအသင်း အဝတ်လဲခန်းအထိ လာရောက်တောင်းပန်စကားဆိုခဲ့တဲ့အပြင် ဂျာစီချင်းလဲခဲ့ပါတယ်။

ကွင်းတွင်းကွင်းပြင် အနေအထိုင် အေးဆေးတဲ့ ကာကာကို ပရီသတ်တွေက အမြဲချစ်ခင်နေကြပြီး အေစီမီလန်အသင်းရဲ့ ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပရီသတ်တွေက အမှတ်ရနေကြတာပါ။ ကာကာဟာ ရီးရဲ်အသင်းမှာထက် အေစီမီလန်မှာ ပိုပြီး အောင်မြင်ခဲ့ပြီး ၃၀၇ပွဲမှာ ၁၀၄ဂိုးသွင်းခဲ့သလို ၆၈ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကစားသမားဘဝမှာ ဘလွန်းဒီအော၊ ချန်ပီယံလိ၈်၊ စီးရီးအေချန်ပီယံနဲ့ လာလီဂါချန်ပီယံဆုတွေကို ရရှိခဲ့ပြီး ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားလည်း ရခဲ့ဖူးပါတယ်။

ပြင်ပလူနေမှုဘဝမှာ ငယ်ချစ်ဦးနဲ့ လက်ထပ်ထားခဲ့နိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်ထောင်ရေးလမ်းခွဲခဲ့တာကတော့ ကာကာအတွက် စိတ်မကောင်းစရာ ကိစ္စတစ်ခုပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ရဲ႔ေခတ္မျဖစ္ခင္ ေနာက္ဆံုး ေဘာလြန္းဒီေအာဆုရွင္ ကာကာ

တစ္ခ်ိန္က ကမၻာ႔အေကာင္းဆံုးကစားသမားျဖစ္ဖူးသလို စီးရီးေအရဲ႔ အေက်ာ္ၾကားဆံုး ကစားသမားစာရင္းထဲမွာလည္းပါတဲ႔ ဘရာဇီးလက္ေရြးစင္ ကာကာ ကိုပရိသတ္ေတြ မွတ္မိၾကဦးမယ္ထင္ပါတယ္။

ဘာသာတရားကို သက္၀င္ကိုင္းရႈိင္းျပီး ဂိုးသြင္းျပီးတိုင္း လက္ညွိဳး၂ေခ်ာင္းမိုးေပၚေထာင္ျပီး ေကာင္းကင္ေပၚက ဘုရားသခင္နဲ႔အတူ ေအာင္ပြဲခံျပဳမူတတ္တဲ႔ ကာကာ ဟာ ဒီေန႔မွာေတာ႔ အသက္ ၃၉ႏွစ္ ျပည္႔သြားခဲ႔ျပီျဖစ္ပါတယ္။ ပြဲကစားရင္း ၀တ္ဆင္ရတဲ႔ ေဘာလံုးဂ်ာစီအက်ီေအာက္မွာ I Belong To Jesus ဆိုျပီး သူကိုးကြယ္တဲ႔ ဘုရားသခင္ကို ရည္ညႊန္းတဲ႔ စာသားပါ ေအာက္ခံအက်ီကို ၀တ္ဆင္ထားေလ႔လည္း ရွိတဲ႔သူတစ္ေယာက္ပါ။

ေအစီမီလန္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ႏိုင္ခဲ႔ျပီး အဲ႔အခ်ိန္က ကမၻာ႔အေကာင္းဆံုးကစားသမားေတြကို ေၾကးမေရွာင္ဘဲ ေခၚယူေနတဲ႔ ပီရက္ဇ္ရဲ႕ ရီးရဲလ္အသင္းဆီ ေျပာင္းခဲ႔တဲ႔သူပါ။

လာလီဂါမွာ ရီးရဲလ္နဲ႔ ဘာစီလိုနာ ျပိဳင္ဘက္ျဖစ္သလို ကာကာကလည္း မက္ဆီနဲ႔ ထိပ္တိုင္ ရင္ဆိုင္ယွဥိျပိဳင္ခဲ႔ရတဲ႔ အၾကိမ္ေတြရွိပါတယ္။ ႏိုင္ငံအသင္းမွာလည္း ဘရာဇီးနဲ႔ အာဂ်င္တီးနားဆိုတာ ေတာင္အေမရိကဒါဘီျဖစ္တဲ႔အတြက္ ျပိဳင္ဆိုင္မႈျပင္းထန္ပါတယ္။ တစ္ခ်ိန္မွာ ေဘာလံုးေလာ႕ရဲ႕ GOAT ျဖစ္လာမယ္႔ မက္ဆီက ၁၉ႏွစ္သားပဲရွိေသးျပီး ကာကာက ၂၀၀၆ခုႏွစ္ အာဂ်င္တီးနား ၀-၃ ဘရာဇီးပြဲစဥ္မွာ မက္ဆီေဘာလံုးထိန္းတာကေန
လ်ွံက်လာတဲ႔ေဘာလံုးကို ေတာက္ေလွ်ာက္ဆြဲေျပးျပီး ဂိုးသြင္းခဲ႔တဲ႔အခ်ိန္မွာ ေျပးအားေကာင္းတဲ႔ မက္ဆီေတာင္ လိုက္မမီႏိုင္ခဲ႔ပါဘူး။

ကာကာဟာ ၂၀၀၇ခုႏွစ္မွာ ကမၻာ႔အေကာင္းဆံုးကစားသမားဆုကို ရရွိခဲ႔ျပီး မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ တစ္လွည္႔စီဆက္တိုက္ သိမ္းပိုက္ေတာ႔မယ္႔ အေကာင္းဆံုးဆုရဲ႔ ေနာက္ဆံုးဆုရွင္လည္း ျဖစ္ခဲ႔ပါတယ္။

စီေရာ္နယ္ဒိုနဲ႔ ရီးရဲလ္မွာ တစ္သင္းတည္းအတူ တြဲကစားခဲ႔ဖူးျပီး စီေရာ္နယ္ဒိုရဲ႕ ၾကံံခိုင္သန္စြမ္းမႈနဲ႔ စြမ္းေဆာင္ရည္ကို သေဘာက်ေပမယ္႔ အၾကိဳက္ဆံုးကစားသမားတစ္ေယာက္ပဲ ေရြးရမယ္ဆိုရင္ေတာ႕႔ မက္ဆီကိုပဲ ေရြးျဖစ္မယ္လို႔ ကာကာကေျပာဆိုခဲ႔ဖူးပါတယ္။

ကာကာရဲဲ႔ ကစားသမားဘ၀မွာ ေနာက္ထပ္ထင္ရွားတဲ႔ အမွတ္ရစရာကိစၥကေတာ႔ ေအစီမီလန္အတြက္ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ မန္ယူကြင္းမွာ ကစားရင္း ပြဲကစားေနခ်ိန္မွာ မန္ယူက ရြီဳင္ယန္ဂစ္ရဲ႔ လည္ပင္းကို စိတ္မထိန္းႏိုင္ပဲ ညွစ္ခဲ႔တဲ႔ ကိစၥပါ။

ေဘာလံုးကစားရင္ အျမဲ သန္႔သန္႔ွရင္းရွင္းကစားတတ္ျပီး အေနေအးတဲ႔ ကာကာဆီက ဒီလို တုန္႔ျပန္တာမ်ိဳးက အင္မတန္ ရွားပါးတဲ႔ ျဖစ္ရပ္ျဖစ္ျပီး ဂစ္ကသူ႔ကို ဖ်က္ထုတလာတာကိူ စိတ္မထိန္းႏိုင္ပဲ တုန္႔ျပန္ခဲ႔မိတာလည္း ျဖစ္ပါတယ္။

ဒါေပမယ္႔ ကာကာကို ဂစ္က ဒီလိုတုန္႔ျပန္တာက မင္းလို ဘာသာတရားကိုင္းရႈိင္းတဲ႔လူက လုပ္တယ္လားဆိုျပီး ေမးခြန္းထုတ္ခဲ႔ျပီး ပြဲအျပီးမွာေတာ႔ ကာကာဟာ ဂစ္ကို မန္ယူအသင္း အ၀တ္လဲခန္းအထိ လာေရာက္ေတာင္းပန္စကားဆိုခဲ႔တဲ႔အျပင္ ဂ်ာစီခ်င္းလဲခဲ႔ပါတယ္။

ကြင္းတြင္းကြင္းျပင္ အေနအထိုင္ ေအးေဆးတဲ႔ ကာကာကို ပရီသတ္ေတြက အျမဲခ်စ္ခင္ေနၾကျပီး ေအစီမီလန္အသင္းရဲ႔ ထာ၀ရအေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ ပရီသတ္ေတြက အမွတ္ရေနၾကတာပါ။ ကာကာဟာ ရီးရဲ္အသင္းမွာထက္ ေအစီမီလန္မွာ ပိုျပီး ေအာင္ျမင္ခဲ႔ျပီး ၃၀၇ပြဲမွာ ၁၀၄ဂိုးသြင္းခဲ႔သလို ၆၈ဂိုး ဖန္တီးေပးႏိုင္ခဲ႔ပါတယ္။

ကစားသမားဘ၀မွာ ဘလြန္းဒီေအာ၊ ခ်န္ပီယံလိ၈္၊ စီးရီးေအခ်န္ပီယံနဲ႔ လာလီဂါခ်န္ပီယံဆုေတြကို ရရွိခဲ႔ျပီး ဘရာဇီးအသင္းနဲ႔အတူ ကမၻာ႔ဖလားလည္း ရခဲ႔ဖူးပါတယ္။ ျပင္ပလူေနမႈဘ၀မွာ ငယ္ခ်စ္ဦးနဲ႔ လက္ထပ္ထားခဲ႔ႏိုင္ေပမယ္႔ လြန္ခဲ႔တဲ႔ ႏွစ္အနည္းငယ္က အိမ္ေထာင္ေရးလမ္းခြဲခဲ႔တာကေတာ႔ ကာကာအတြက္ စိတ္မေကာင္းစရာ ကိစၥတစ္ခုပါပဲ။