မက်ဆီနဲ့အားပြိုင်မှုမှာ အသာရနေဆဲဖြစ်တဲ့ ဝူလေ

Photo Credit

Photo Credit

အခုကြည့်ရတာတော့ အက်စ်ပန်ညိုတိုက်စစ်မှူး ဝူလေဟာ တရုတ်မှာ ပေါ်ပြူလာအဖြစ်ဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်နေဆဲပါပဲ။

Photo Credit

ဝူလေဟာ ၂၀၁၉ ဇန်နဝါရီလက မွေးရပ်မြေတရုတ်ကနေ အက်စ်ပန်ညိုကို ရောက်လာပြီးချိန်ကတည်းက တရုတ်နိုင်ငံမှာ စိတ်ဝင်စားမှုအရှိန်မြင့်တက်နေပြီး လာလီဂါအဖွဲ့ချုပ်က တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo ကနေ ဝူလေနဲ့ မက်ဆီတို့ထဲက တစ်ယောက်ကို ရွေးချယ်စေခဲ့ရာ ဝူလေက မက်ဆီထက် အသာပိုရခဲ့ပါတယ်။

Photo Credit

နောက်ထပ်စိတ်ဝင်စားစရာကတော့ တရုတ်နိုင်ငံမှာ အက်စ်ပန်ညိုအတွက် ဝူလေရဲ့ပထမဆုံးသွင်းဂိုးက မက်ဆီရဲ့သွင်းဂိုးတွေထက် Reactions ၁၄ကြိမ်အထိ ပိုများနေပါတယ်။

Photo Credit

လာလီဂါလက်ကျန်ပွဲတွေမှာ အက်စ်ပန်ညိုအသင်း တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ သူဟာ ပြီးခဲ့တဲ့လအနည်းငယ်က ကိုရိုနာဗိုင်းရပ်စ်ပိုးခံစားခဲ့ရတဲ့ အက်စ်ပန်ညိုအသင်းသားတွေအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

Photo Credit

Zawgyi

မက္ဆီနဲ႔အားၿပိဳင္မႈမွာ အသာရေနဆဲျဖစ္တဲ့ ၀ူေလ

အခုၾကည့္ရတာေတာ့ အက္စ္ပန္ညိဳတုိက္စစ္မွဴး ၀ူေလဟာ တ႐ုတ္မွာ ေပၚျပဴလာအျဖစ္ဆုံးကစားသမားအျဖစ္ ဆက္လက္ရပ္တည္ေနဆဲပါပဲ။
၀ူေလဟာ ၂၀၁၉ ဇန္န၀ါရီလက ေမြးရပ္ေျမတ႐ုတ္ကေန အက္စ္ပန္ညိဳကုိ ေရာက္လာၿပီးခ်ိန္ကတည္းက တ႐ုတ္ႏိုင္ငံမွာ စိတ္၀င္စားမႈအရွိန္ျမင့္တက္ေနၿပီး လာလီဂါအဖြဲ႕ခ်ဳပ္က တ႐ုတ္လူမႈကြန္ရက္ျဖစ္တဲ့ Weibo ကေန ၀ူေလနဲ႔ မက္ဆီတုိ႔ထဲက တစ္ေယာက္ကို ေရြးခ်ယ္ေစခဲ့ရာ ၀ူေလက မက္ဆီထက္ အသာပိုရခဲ့ပါတယ္။
ေနာက္ထပ္စိတ္၀င္စားစရာကေတာ့ တ႐ုတ္ႏိုင္ငံမွာ အက္စ္ပန္ညိဳအတြက္ ၀ူေလရဲ႕ပထမဆုံးသြင္းဂိုးက မက္ဆီရဲ႕သြင္းဂုိးေတြထက္ Reactions ၁၄ႀကိမ္အထိ ပိုမ်ားေနပါတယ္။
လာလီဂါလက္က်န္ပြဲေတြမွာ အက္စ္ပန္ညိဳအသင္း တန္းဆင္းဇုန္ထဲကေန လြတ္ေျမာက္ေအာင္ ကူညီေပးႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။ သူဟာ ၿပီးခဲ့တဲ့လအနည္းငယ္က ကို႐ိုနာဗိုင္းရပ္စ္ပိုးခံစားခဲ့ရတဲ့ အက္စ္ပန္ညိဳအသင္းသားေတြအနက္ တစ္ဦးအပါအ၀င္ျဖစ္ခဲ့ပါတယ္။