မက်ဆီနဲ့ရော်နယ်ဒို နှစ်ဦးပေါင်းသွင်းဂိုးက ယူနိုက်တက်ထက်တောင် ပိုများနေ

Photo Credit

Photo Credit

မက်ဆီနဲ့ ရော်နယ်ဒိုတို့က ဂိုးသွင်းစက်တွေမှန်း အထူးပြောနေစရာမလိုပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့အချက်အလက်တွေအရ သူတို့နှစ်ယောက်ရဲ့ဂိုးသွင်းအားက အတော်လေးကြောက်စရာကောင်းနေတာ တွေ့မြင်ခဲ့ရပါတယ်။

Photo Credit

ပြီးခဲ့ဲတဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ၂၀၁၀ကနေ ၂၀၁၉ အထိ ဆယ်စုနှစ်အတွင်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် နှစ်ဦးပေါင်း လိဂ်သွင်းဂိုး ၇၀၄ ဂိုးအထိ သွင်းယူထားပါတယ်။

Photo Credit

အဲဒီဂိုးအရေအတွက်က ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်း သွင်းယူခဲ့တဲ့ ဂိုးအရေအတွက် ၆၈၈ ဂိုးထက် ပိုများနေပါတယ်။

Photo Credit

ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ဂိုးအရေအတွက်က ပရီးမီးယားလိဂ် ကြီး ၆ကြီးအနက် ယူနိုက်တက်နဲ့ စပါးအသင်းတို့ထက် ပိုများနေပြီး အာဆင်နယ်နဲ့ ဂိုးအရေအတွက် တူညီနေပါတယ်။

Photo Credit

စီးတီးက ပရီးမီးယားလိဂ်မှာ ၈၄၅ ဂိုးသွင်းယူကာ အများဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပြီး စီးတီးနောက်မှာ ချဲလ်ဆီး(၇၁၅ဂိုး)နဲ့ လီဗာပူး(၇၁၅ဂိုး)တို့ အသီးသီးရပ်တည်နေပါတယ်။

Photo Credit

စပါးအသင်းကတော့ ၆၅၇ ဂိုးနဲ့ အောက်ဆုံးမှာ ရပ်တည်နေပြီး အာဆင်နယ်ကတော့ ၇၀၄ဂိုးနဲ့ ရော်နယ်ဒို+မက်ဆီ ဂိုးအရေအတွက်နဲ့ တူညီနေပါတယ်။

Photo Credit

Zawgyi


ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ၂၀၁၀ကနေ ၂၀၁၉ အထိ ဆယ်စုနှစ်အတွင်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် နှစ်ဦးပေါင်း လိဂ်သွင်းဂိုး ၇၀၄ ဂိုးအထိ ရှိနေပါတယ်။
အဲဒီဂိုးအရေအတွက် ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်း သွင်းယူခဲ့တဲ့ ဂိုးအရေအတွက် ၆၈၈ ဂိုးထက် ပိုများနေပါတယ်။