မက်ဆီနဲ့မန်စီးတီးအပြောင်းအရွှေ့သာဖြစ်ရင် ဘယ်သူအကျိုးရှိမှာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လက်ရှိဥရောပဘောလုံးရပ်ဝန်းမှာ နာမည်ကြီးအသင်းတွေနဲ့ သူတို့ရဲ့စတားပလေယာတွေဟာ အများအားဖြင့် စပွန်ဆာချင်းမတူကြပါဘူး။ ဥပမာအနေနဲ့ဆိုရင် စီရော်နယ်ဒိုကို စပွန်ဆာပေးထားတာက Nike ဖြစ်ပေမယ့် သူ့အသင်းဂျူဗင်တပ်ရဲ့ဝတ်စုံစပွန်ဆာက Adidas ဖြစ်နေပါတယ်။

photo-credit

ဒီလိုပဲ မက်ဆီဆိုရင်လည်း သူ့ကို အဓိကစပွန်ဆာပေးနေတာက Adidas ဖြစ်ပေမယ့် သူ့ရဲ့လက်ရှိအသင်းဘာစီလိုနာရဲ့ဝတ်စုံစပွန်ဆာက Nike ဖြစ်နေပါတယ်။ လောလောဆယ်တော့ ဘာစီလိုနာက ထွက်ခွင့်တောင်းဆိုထားတဲ့မက်ဆီဟာ သူ့ရဲ့ဆရာဟောင်းဂွါဒီယိုလာရှိရာ မန်စီးတီးနဲ့ သတင်းကြီးနေပါတယ်။

photo-credit

လက်ရှိမှာ မန်စီးတီးကို ဝတ်စုံစပွန်ဆာပေးထားတာက Puma ဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးအားကစားဝတ်စုံထုတ်လုပ်သူပါ။ ဒါကြောင့် မက်ဆီနဲ့မန်စီးတီးတို့အပြောင်းအရွှေ့သာ တကယ်ဖြစ်လာမယ်ဆိုရင် အဓိကအကျိုးရှိမှာက Puma ပါပဲ။

photo-credit

အဲဒါဆိုရင် Puma ဟာ Nike နဲ့ Adidas တို့အုပ်စိုးထားတဲ့ ဈေးကွက်ထဲမှာ မထင်မှတ်ဘဲ နေရာပိုရနိုင်ပြီး သူတို့ရဲ့ stock ဈေးတွေလည်း အများကြီးတက်သွားနိုင်ပါတယ်။ လက်ရှိမှာ Puma ရဲ့စတော့ရှယ်ယာဈေးက ၆၉.၉၂ ယူရိုသာရှိပြီး Adidas က ၂၅၄.၂၀ ယူရိုရှိကာ Nike က ၉၃.၇၇ ယူရိုရှိပါတယ်။

photo-credit

ဂျာမနီမှာ Adidas နဲ့ တစ်မြို့တည်းမှာပဲ အခြေစိုက်တဲ့ Puma ဟာ ပြီးခဲ့တဲ့ရာသီအစကမှ မန်စီးတီးကို စတင်ဝတ်စုံစွန်ဆာပေးခဲ့တာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၆၅ သန်းနဲ့ ၁၀ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ပရီးမီးယားလိဂ်မှာ မန်ယူနဲ့ Adidas ပြီးရင် ဒုတိယတန်ဖိုးအကြီးဆုံးဝတ်စုံစပွန်ဆာဖြစ်လာခဲ့တာပါ။ Puma ဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးအပြင် နယူးကာဆယ်ကိုသာ ဝတ်စုံစပွန်ဆာပေးပြီး ဥရောပအသင်းကြီးထဲကဆိုလို့ ဒေါ့မန်နဲ့ အေစီမီလန်တို့ကိုသာ ဝတ်စုံစပွန်ဆာပေးထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

မက္ဆီနဲ႔မန္စီးတီးအေျပာင္းအေရႊ႕သာျဖစ္ရင္ ဘယ္သူအက်ိဳးရွိမွာလဲ

လက္ရွိဥေရာပေဘာလုံးရပ္၀န္းမွာ နာမည္ႀကီးအသင္းေတြနဲ႔ သူတို႔ရဲ႕စတားပေလယာေတြဟာ အမ်ားအားျဖင့္ စပြန္ဆာခ်င္းမတူၾကပါဘူး။ ဥပမာအေနနဲ႔ဆုိရင္ စီေရာ္နယ္ဒိုကို စပြန္ဆာေပးထားတာက Nike ျဖစ္ေပမယ့္ သူ႔အသင္းဂ်ဴဗင္တပ္ရဲ႕၀တ္စုံစပြန္ဆာက Adidas ျဖစ္ေနပါတယ္။

ဒီလုိပဲ မက္ဆီဆိုရင္လည္း သူ႔ကို အဓိကစပြန္ဆာေပးေနတာက Adidas ျဖစ္ေပမယ့္ သူ႔ရဲ႕လက္ရွိအသင္းဘာစီလိုနာရဲ႕၀တ္စုံစပြန္ဆာက Nike ျဖစ္ေနပါတယ္။ ေလာေလာဆယ္ေတာ့ ဘာစီလိုနာက ထြက္ခြင့္ေတာင္းဆုိထားတဲ့မက္ဆီဟာ သူ႔ရဲ႕ဆရာေဟာင္းဂြါဒီယိိုလာရွိရာ မန္စီးတီးနဲ႔ သတင္းႀကီးေနပါတယ္။

လက္ရွိမွာ မန္စီးတီးကို ၀တ္စုံစပြန္ဆာေပးထားတာက Puma ျဖစ္ၿပီး ကမာၻေပၚမွာ တတိယအႀကီးဆုံးအားကစား၀တ္စုံထုတ္လုပ္သူပါ။ ဒါေၾကာင့္ မက္ဆီနဲ႔မန္စီးတီးတုိ႔အေျပာင္းအေရႊ႕သာ တကယ္ျဖစ္လာမယ္ဆုိရင္ အဓိကအက်ိဳးရွိမွာက Puma ပါပဲ။

အဲဒါဆိုရင္ Puma ဟာ Nike နဲ႔ Adidas တုိ႔အုပ္စိုးထားတဲ့ ေစ်းကြက္ထဲမွာ မထင္မွတ္ဘဲ ေနရာပိုရႏိုင္ၿပီး သူတို႔ရဲ႕ stock ေစ်းေတြလည္း အမ်ားႀကီးတက္သြားႏိုင္ပါတယ္။ လက္ရွိမွာ Puma ရဲ႕စေတာ့ရွယ္ယာေစ်းက ၆၉.၉၂ ယူရိုသာရွိၿပီး Adidas က ၂၅၄.၂၀ ယူရိုရွိကာ Nike က ၉၃.၇၇ ယူရိုရွိပါတယ္။

ဂ်ာမနီမွာ Adidas နဲ႔ တစ္ၿမိဳ႕တည္းမွာပဲ အေျခစိုက္တဲ့ Puma ဟာ ၿပီးခဲ့တဲ့ရာသီအစကမွ မန္စီးတီးကို စတင္၀တ္စုံစြန္ဆာေပးခဲ့တာျဖစ္ၿပီး တစ္ႏွစ္ကို ေပါင္ ၆၅ သန္းနဲ႔ ၁၀ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ ပရီးမီးယားလိဂ္မွာ မန္ယူနဲ႔ Adidas ၿပီးရင္ ဒုတိယတန္ဖိုးအႀကီးဆုံး၀တ္စုံစပြန္ဆာျဖစ္လာခဲ့တာပါ။ Puma ဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီးအျပင္ နယူးကာဆယ္ကိုသာ ၀တ္စုံစပြန္ဆာေပးၿပီး ဥေရာပအသင္းႀကီးထဲကဆုိလို႔ ေဒါ့မန္နဲ႔ ေအစီမီလန္တုိ႔ကိုသာ ၀တ္စုံစပြန္ဆာေပးထားတာပါ။