မက်ဆီနဲ့ပတ်သက်ပြီး သတင်းလွှင့်နေတဲ့ PSG အသင်းကို ဘာစီလိုနာ တရားစွဲဆိုဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဥက္ကဌသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ယိုဟန်လာပေါ်တာက အသင်းရဲ့အဓိက ကစားသမား မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းတွေလွှင့်နေတဲ့ PSG အသင်းကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ဖီဖာနဲ့ UEFA တို့ကို တင်ပြသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌဖြစ်တဲ့ ဘာတိုမူဟာ ဥက္ကဌအဖြစ် (၅)နှစ်ကြာအောင် တာဝန်ယူပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက သူ့ရဲ့ရာထူးကနုတ်ထွက်ခဲ့တာကြောင့် ဥက္ကဌသစ်ကို မကြာခင်ရွေးချယ်သွားမှာဖြစ်ပြီး လာပေါ်တာက ထိပ်ဆုံးကရေပန်းစားနေတာဖြစ်ပါတယ်။

လာပေါ်တာဟာ ဘာစီလိုနာဥက္ကဌအဖြစ် ၂၀၀၃ ကနေ ၂၀၁၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး သူ့လက်ထက်မှာ ရော်နယ်လ်ဒင်ဟိုကို ခေါ်ယူခဲ့သလို အသင်းကလည်း ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ လာပေါ်တာအနေနဲ့ ဘာစီလိုနာ ဥက္ကဌသစ်ဖြစ်လာရင် အဓိက ကစားသမား မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့ ဆန္ဒရှိနေတာကြောင့် PSG အသင်းရဲ့ လုပ်ရပ်ကို ဒေါသပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။

မက်ဆီရဲ့ လက်ရှိစာချုပ်က လာမယ့်ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး PSG အသင်းက မက်ဆီကို ခေါ်ဖို့စိတ်ဝင်စားနေသလို ကမ်းလှမ်းမှုတွေလုပ်သွားမယ်လို့ လူသိရှင်ကြားသတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒါကြောင့် လာပေါ်တာဟာ PSG လိုအသင်းမျိုးက မက်ဆီကို ခေါ်မယ်လို့ သတင်းထုတ်ပြန်တာကို မကျေမနပ်ဖြစ်နေပြီး ဒါဟာ ဘာစီလိုနာအသင်းကို စော်ကားလိုက်တာလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

လာပေါ်တာက “ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီ နားလည်လက်ခံလို့ရမယ့် အနေအထားမျိုးနဲ့ စာချုပ်သစ်ချုပ်ဖို့ အမြန်ဆုံးကမ်းလှမ်းရမှာပါ။ မက်ဆီအနေနဲ့ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပေမယ့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့တော့လိုပါတယ်။ အခုအချိန်မှာ မက်ဆီဟာ တခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စကို လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ရှိပါတယ်။ ဘာစီလိုနာအသင်းမှာလည်း ဥက္ကဌသစ် မရှိသေးပါဘူး။

ဒါပေမဲ့ PSG လိုအသင်းမျိုးက မက်ဆီကို ခေါ်မယ်ဆိုပြီး လူသိရှင်ကြားပြောဆိုနေတာက ကျွန်တော်တို့ကို လေးစားမှုမရှိတဲ့ သဘောပါပဲ။ ဘာမှမဟုတ်တဲ့ သာမန်ပြည်နယ်အဆင့်ကလပ်အသင်းက လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တာလို့ပြောရမှာပါ။ PSG အသင်းအနေနဲ့ ဒီလိုသတင်းတွေ လွှင့်နေတာကို နောက်ထပ်မလုပ်ဖို့လိုပြီး ကျွန်တော်တို့ကတော့ ဒါမျိုးထပ်မဖြစ်အောင် ဖီဖာနဲ့ UEFA တို့ကို တင်ပြသွားဖို့ရှိနေပါတယ်”လို့ ပြောကြားခဲ့တာပါ။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပရော်ဖက်ရှင်ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာအသင်းနဲ့ ဖြတ်သန်းခဲ့ပြီး တစ်ဦးချင်းသာမက အသင်းနဲ့ပါ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေက မီဒီယာစာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး မက်ဆီ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီနဲ႔ပတ္သက္ၿပီး သတင္းလႊင့္ေနတဲ့ PSG အသင္းကို ဘာစီလိုနာ တရားစြဲဆိုဖို႔ရွိေန

ဘာစီလိုနာအသင္းဥကၠဌသစ္ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ ယိုဟန္လာေပၚတာက အသင္းရဲ႕အဓိက ကစားသမား မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး သတင္းေတြလႊင့္ေနတဲ့ PSG အသင္းကို ဥပေဒေၾကာင္းအရ ရင္ဆိုင္ဖို႔ ဖီဖာနဲ႔ UEFA တို႔ကို တင္ျပသြားမယ္လို႔ ၿခိမ္းေျခာက္လိုက္ပါတယ္။ ဘာစီလိုနာအသင္းဥကၠဌျဖစ္တဲ့ ဘာတိုမူဟာ ဥကၠဌအျဖစ္ (၅)ႏွစ္ၾကာေအာင္ တာဝန္ယူၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက သူ႔ရဲ႕ရာထူးကႏုတ္ထြက္ခဲ့တာေၾကာင့္ ဥကၠဌသစ္ကို မၾကာခင္ေ႐ြးခ်ယ္သြားမွာျဖစ္ၿပီး လာေပၚတာက ထိပ္ဆုံးကေရပန္းစားေနတာျဖစ္ပါတယ္။ လာေပၚတာဟာ ဘာစီလိုနာဥကၠဌအျဖစ္ ၂၀၀၃ ကေန ၂၀၁၀ ခုႏွစ္အထိ ေဆာင္႐ြက္ခဲ့ဖူးသူျဖစ္ၿပီး သူ႔လက္ထက္မွာ ေရာ္နယ္လ္ဒင္ဟိုကို ေခၚယူခဲ့သလို အသင္းကလည္း ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ပါတယ္။

လာေပၚတာအေနနဲ႔ ဘာစီလိုနာ ဥကၠဌသစ္ျဖစ္လာရင္ အဓိက ကစားသမား မက္ဆီကို ဆက္ထိန္းထားႏိုင္ဖို႔ ဆႏၵရွိေနတာေၾကာင့္ PSG အသင္းရဲ႕ လုပ္ရပ္ကို ေဒါသေပါက္ကြဲေနတာလည္းျဖစ္ပါတယ္။ မက္ဆီရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ဇြန္လမွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး PSG အသင္းက မက္ဆီကို ေခၚဖို႔စိတ္ဝင္စားေနသလို ကမ္းလွမ္းမႈေတြလုပ္သြားမယ္လို႔ လူသိရွင္ၾကားသတင္းထုတ္ျပန္ခဲ့တာပါ။ အဲဒါေၾကာင့္ လာေပၚတာဟာ PSG လိုအသင္းမ်ိဳးက မက္ဆီကို ေခၚမယ္လို႔ သတင္းထုတ္ျပန္တာကို မေက်မနပ္ျဖစ္ေနၿပီး ဒါဟာ ဘာစီလိုနာအသင္းကို ေစာ္ကားလိုက္တာလို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

လာေပၚတာက “ဘာစီလိုနာအသင္းအေနနဲ႔ မက္ဆီ နားလည္လက္ခံလို႔ရမယ့္ အေနအထားမ်ိဳးနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အျမန္ဆုံးကမ္းလွမ္းရမွာပါ။ မက္ဆီအေနနဲ႔ ဘယ္လိုပဲ ဆုံးျဖတ္ပါေစ ကြၽန္ေတာ္တို႔ လက္ခံရမွာျဖစ္ေပမယ့္ ျမန္ျမန္ဆန္ဆန္ ဆုံးျဖတ္ဖို႔ေတာ့လိုပါတယ္။ အခုအခ်ိန္မွာ မက္ဆီဟာ တျခားကလပ္အသင္းေတြနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥကို လြတ္လြတ္လပ္လပ္ေဆြးေႏြးခြင့္ရွိပါတယ္။ ဘာစီလိုနာအသင္းမွာလည္း ဥကၠဌသစ္ မရွိေသးပါဘူး။ ဒါေပမဲ့ PSG လိုအသင္းမ်ိဳးက မက္ဆီကို ေခၚမယ္ဆိုၿပီး လူသိရွင္ၾကားေျပာဆိုေနတာက ကြၽန္ေတာ္တို႔ကို ေလးစားမႈမရွိတဲ့ သေဘာပါပဲ။ ဘာမွမဟုတ္တဲ့ သာမန္ျပည္နယ္အဆင့္ကလပ္အသင္းက လိုက္နာသင့္တဲ့ က်င့္ဝတ္ေတြကို ခ်ိဳးေဖာက္ခဲ့တာလို႔ေျပာရမွာပါ။ PSG အသင္းအေနနဲ႔ ဒီလိုသတင္းေတြ လႊင့္ေနတာကို ေနာက္ထပ္မလုပ္ဖို႔လိုၿပီး ကြၽန္ေတာ္တို႔ကေတာ့ ဒါမ်ိဳးထပ္မျဖစ္ေအာင္ ဖီဖာနဲ႔ UEFA တို႔ကို တင္ျပသြားဖို႔ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာပါ။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ပေရာ္ဖက္ရွင္ကစားသမားဘဝတစ္ေလွ်ာက္လုံး ဘာစီလိုနာအသင္းနဲ႔ ျဖတ္သန္းခဲ့ၿပီး တစ္ဦးခ်င္းသာမက အသင္းနဲ႔ပါ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ အခုအခ်ိန္မွာ မက္ဆီရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့သတင္းေတြက မီဒီယာစာမ်က္ႏွာေတြေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနၿပီး မက္ဆီ ဘယ္လိုဆုံးျဖတ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။