
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ အသင်းအောင်မြင်မှုရရှိရေးအတွက် တိုက်စစ်ကစားဖော်တွေဖြစ်ကြတဲ့ မက်ဆီနဲ့နေမာတို့ကို သတိပေးလိုက်ပါတယ်။
ပီအက်စ်ဂျီရဲ့တိုက်စစ်ရဲသုံးဖော်အဖြစ် အောင်မြင်ချင်တယ်ဆိုရင် သူတို့ ၃ ယောက်စလုံး အတူတကွပူးတွဲလုပ်ဆောင်နိုင်ရမယ်လို့ ဆိုခဲ့တာပါ။
အဲဒီပြင်သစ်သားဟာ ဒီရာသီမှာ ခက်ခဲတဲ့ကာလတွေရှိခဲ့ပြီး အထူးသဖြင့် သူ့ကို ဘောလုံးမပေးတာနဲ့ပတ်သက်လို့ တိုက်စစ်ကစားဖော်နေမာကို ကွင်းထဲမှာတင် ဆဲရေးမှုပြုလုပ်ခဲ့ပါတယ်။
”ဒီလိုကစားသမားတွေနဲ့ ကစားချိန်မှာ ကိတ်မုန့်ကို မျှဝေနိုင်ရမှာပါ။ ဒါမှသာ သုံးယောက်စလုံးအတူစားနိုင်မှာပါ။
တစ်ယောက်ကို ဘောလုံးပေးပြီး နောက်တစ်ယောကို မပေးတာလည်း ဖြစ်လို့မရပါဘူး”လို့ အမ်ဘက်ပီက ဆိုခဲ့တာပါ။
ဒါ့အပြင် အမ်ဘက်ပီက”စမတ်ကျဖို့ လိုပါတယ်။
စိတ်တိုင်းမကျတဲ့အခိုက်အတန့်တွေကတော့ အမြဲရှိနေမှာပါ။
ဒါပေမဲ့ ကျွန်တော်တို့ ၃ ယောက်ရဲ့တစ်ခုတည်းသောစိတ်ဝင်စားမှုကတော့ ပီအက်စ်ဂျီအနိုင်ရအောင် လုပ်ပေးဖို့ပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
သူနဲ့နေမာတို့ကြားက အဖြစ်အပျက်နဲ့ပတ်သက်လို့လည်း ၂၂ နှစ်အရွယ် အမ်ဘက်ပီက အခုလိုပယ်ချခဲ့ပါတယ်။
”ဒါမျိုးက တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။
ကျွန်တော်က နေမာကို ကစားသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ အများကြီးလေးစားပါတယ်။
အခုချိန်မှာက ကွင်းထဲမှာ ကင်မရာအများကြီးရှိနေတာပါ။
ဒါပေမဲ့ ဒါက ဘောလုံးဖြစ်ပြီး ကျွန်တော်တို့မှာ ပြသနာမရှိပါဘူး”လို့ အမ်ဘက်ပီက ပြောခဲ့ပါတယ်။
မက်ဆီရောက်လာလို့ သူမပျော်တော့ဘူးဆိုတဲ့သတင်းတွေထွက်နေပေမယ့်လည်း အမ်ဘက်ပီက အခြေအမြစ်မရှိဘူးလို့ ပယ်ချခဲ့ပါတယ်။
”မက်ဆီနဲ့အတူတွဲကစားရတာ အရမ်းကိုလွယ်ပါတယ်။ တကယ်ကိုပါ။
သူက ဘောလုံးအကြောင်းကို တကယ်ကိုနားလည်သူပါ။
သူဟာ အကောင်းဆုံးမဟုတ်တောင် အကောင်းဆုံးတွေထဲက တစ်ယောက်ပါ”လို့ အမ်ဘက်ပီက ဆိုခဲ့တာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မက္ဆီနဲ႔ေနမာတို႔ကို သတိေပးလိုက္တဲ့ အမ္ဘက္ပီ
ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီဟာ အသင္းေအာင္ျမင္မႈရရွိေရးအတြက္ တိုက္စစ္ကစားေဖာ္ေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔ေနမာတို႔ကို သတိေပးလိုက္ပါတယ္။ ပီအက္စ္ဂ်ီရဲ႕တိုက္စစ္ရဲသုံးေဖာ္အျဖစ္ ေအာင္ျမင္ခ်င္တယ္ဆိုရင္ သူတို႔ ၃ ေယာက္စလုံး အတူတကြပူးတြဲလုပ္ေဆာင္ႏိုင္ရမယ္လို႔ ဆိုခဲ့တာပါ။
အဲဒီျပင္သစ္သားဟာ ဒီရာသီမွာ ခက္ခဲတဲ့ကာလေတြရွိခဲ့ၿပီး အထူးသျဖင့္ သူ႔ကို ေဘာလုံးမေပးတာနဲ႔ပတ္သက္လို႔ တိုက္စစ္ကစားေဖာ္ေနမာကို ကြင္းထဲမွာတင္ ဆဲေရးမႈျပဳလုပ္ခဲ့ပါတယ္။ ”ဒီလိုကစားသမားေတြနဲ႔ ကစားခ်ိန္မွာ ကိတ္မုန႔္ကို မွ်ေဝႏိုင္ရမွာပါ။ ဒါမွသာ သုံးေယာက္စလုံးအတူစားႏိုင္မွာပါ။ တစ္ေယာက္ကို ေဘာလုံးေပးၿပီး ေနာက္တစ္ေယာကို မေပးတာလည္း ျဖစ္လို႔မရပါဘူး”လို႔ အမ္ဘက္ပီက ဆိုခဲ့တာပါ။
ဒါ့အျပင္ အမ္ဘက္ပီက”စမတ္က်ဖို႔ လိုပါတယ္။ စိတ္တိုင္းမက်တဲ့အခိုက္အတန႔္ေတြကေတာ့ အၿမဲရွိေနမွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ၃ ေယာက္ရဲ႕တစ္ခုတည္းေသာစိတ္ဝင္စားမႈကေတာ့ ပီအက္စ္ဂ်ီအႏိုင္ရေအာင္ လုပ္ေပးဖို႔ပါ”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။
သူနဲ႔ေနမာတို႔ၾကားက အျဖစ္အပ်က္နဲ႔ပတ္သက္လို႔လည္း ၂၂ ႏွစ္အ႐ြယ္ အမ္ဘက္ပီက အခုလိုပယ္ခ်ခဲ့ပါတယ္။ ”ဒါမ်ိဳးက တစ္ခါတစ္ရံျဖစ္တတ္ပါတယ္။ ကြၽန္ေတာ္က ေနမာကို ကစားသမားတစ္ေယာက္အေနနဲ႔ေရာ လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ပါ အမ်ားႀကီးေလးစားပါတယ္။ အခုခ်ိန္မွာက ကြင္းထဲမွာ ကင္မရာအမ်ားႀကီးရွိေနတာပါ။ ဒါေပမဲ့ ဒါက ေဘာလုံးျဖစ္ၿပီး ကြၽန္ေတာ္တို႔မွာ ျပသနာမရွိပါဘူး”လို႔ အမ္ဘက္ပီက ေျပာခဲ့ပါတယ္။
မက္ဆီေရာက္လာလို႔ သူမေပ်ာ္ေတာ့ဘူးဆိုတဲ့သတင္းေတြထြက္ေနေပမယ့္လည္း အမ္ဘက္ပီက အေျခအျမစ္မရွိဘူးလို႔ ပယ္ခ်ခဲ့ပါတယ္။ ”မက္ဆီနဲ႔အတူတြဲကစားရတာ အရမ္းကိုလြယ္ပါတယ္။ တကယ္ကိုပါ။ သူက ေဘာလုံးအေၾကာင္းကို တကယ္ကိုနားလည္သူပါ။ သူဟာ အေကာင္းဆုံးမဟုတ္ေတာင္ အေကာင္းဆုံးေတြထဲက တစ္ေယာက္ပါ”လို႔ အမ္ဘက္ပီက ဆိုခဲ့တာပါ။