မက်ဆီနဲ့စီရော်နယ်ဒို နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးခိုင်းတော့ အာနိုးရဲ့ရယ်စရာကောင်းတဲ့တုံ့ပြန်မှု

photo-sportbible

photo-gettyimages

လက်ရှိကမ္ဘာ့အကောင်းဆုံးတွေဖြစ်ကြတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ယောက်ထဲက ဘယ်သူနဲ့ပိုပြီးတွဲကစားချင်သလဲလို့ မေးမြန်းတော့ လီဗာပူးအသင်းနောက်ခံလူအာနိုးဟာ အလွန်ရယ်စရာကောင်းလောက်အောင်ပဲ သူ့အသင်းဖော်ဟန်ဒါဆန်ရဲ့နာမည်ကို ပြောလိုက်ပါတယ်။ အဲဒီလီဗာပူးကြယ်ပွင့်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ အမေးအဖြေအစီအစဉ်လေးတစ်ခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

photo-gettyimages

အဲဒီထဲမှာ မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးမလဲဆိုတဲ့ မေးခွန်းလည်းပါဝင်တာပါ။ ဒါပေမဲ့ အာနိုးရဲ့ဟန်ဒါဆန်ဆိုတဲ့အဖြေကို လီဗာပူးပရိသတ်အတော်များများ သဘောခွေ့သွားကြပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကစားသမားဘဝရင်ဆိုင်တွေ့ခဲ့သူတွေထဲမှာ မက်ဆီဟာ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း အားနိုးက ပြောကြားခဲ့ပါတယ်။

photo-gettyimages

ဒါ့အပြင် အဲဒီအမေးအဖြေအစီအစဉ်မှာ အာနိုးဟာ သူ့ရဲ့လီဗာပူး Idol အဖြစ် အသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်ကို ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးကမဟုတ်တဲ့ သူ့ရဲ့တခြား Idol တွေကတော့ သီယာရီဟင်နရီနဲ့ ဇီဒန်းတို့ဖြစ်ကြပါတယ်။ သူ့ရဲ့အကြိုက်ဆုံးဂိုးအကြောင်းကိုမေးမြန်းတော့ ဟော်ဖန်ဟိမ်းဘက်ကို သူသွင်းခဲ့တဲ့ဖရီးကစ်ဂိုးလို့ အာနိုးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ညာနောက်ခံလူအာနိုးဟာ သွင်းဂိုးတွေ၊ဂိုးဖန်တီးမှုတွေနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၂၂ မှတ်ဦးဆောင်နေတဲ့လီဗာပူးရဲ့ဒီရာသီမှာ အဓိကစွမ်းဆောင်နိုင်သူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

[Zawgyi]

မက္ဆီနဲ႔စီေရာ္နယ္ဒို ႏွစ္ေယာက္ထဲက တစ္ေယာက္ကိုေရြးခိုင္းေတာ့ အာႏိုးရဲ႕ရယ္စရာေကာင္းတဲ့တု႔ံျပန္မႈ

လက္ရွိကမာၻ႔အေကာင္းဆုံးေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ႏွစ္ေယာက္ထဲက ဘယ္သူနဲ႔ပိုၿပီးတြဲကစားခ်င္သလဲလို႔ ေမးျမန္းေတာ့ လီဗာပူးအသင္းေနာက္ခံလူအာႏိုးဟာ အလြန္ရယ္စရာေကာင္းေလာက္ေအာင္ပဲ သူ႔အသင္းေဖာ္ဟန္ဒါဆန္ရဲ႕နာမည္ကို ေျပာလိုက္ပါတယ္။ အဲဒီလီဗာပူးၾကယ္ပြင့္ဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ အေမးအေျဖအစီအစဥ္ေလးတစ္ခု ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီထဲမွာ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ႏွစ္ေယာက္ထဲက ဘယ္သူ႔ကိုေရြးမလဲဆုိတဲ့ ေမးခြန္းလည္းပါ၀င္တာပါ။ ဒါေပမဲ့ အာႏုိးရဲ႕ဟန္ဒါဆန္ဆိုတဲ့အေျဖကို လီဗာပူးပရိသတ္အေတာ္မ်ားမ်ား သေဘာေခြ႔သြားၾကပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ကစားသမားဘ၀ရင္ဆိုင္ေတြ႕ခဲ့သူေတြထဲမွာ မက္ဆီဟာ အခက္ခဲဆုံးၿပိဳင္ဘက္ျဖစ္ေၾကာင္း အားႏိုးက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီအေမးအေျဖအစီအစဥ္မွာ အာႏိုးဟာ သူ႔ရဲ႕လီဗာပူး Idol အျဖစ္ အသင္းေခါင္းေဆာင္ေဟာင္းစတီဗင္ဂ်ရတ္ကို ဖြင့္ဟခဲ့ပါတယ္။ လီဗာပူးကမဟုတ္တဲ့ သူ႔ရဲ႕တျခား Idol ေတြကေတာ့ သီယာရီဟင္နရီနဲ႔ ဇီဒန္းတုိ႔ျဖစ္ၾကပါတယ္။ သူ႔ရဲ႕အႀကိဳက္ဆုံးဂိုးအေၾကာင္းကိုေမးျမန္းေတာ့ ေဟာ္ဖန္ဟိမ္းဘက္ကို သူသြင္းခဲ့တဲ့ဖရီးကစ္ဂိုးလုိ႔ အာႏိုးက ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ညာေနာက္ခံလူအာႏိုးဟာ သြင္းဂိုးေတြ၊ဂိုးဖန္တီးမႈေတြနဲ႔အတူ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၂၂ မွတ္ဦးေဆာင္ေနတဲ့လီဗာပူးရဲ႕ဒီရာသီမွာ အဓိကစြမ္းေဆာင္ႏုိင္သူေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။