မက်ဆီနဲ့စီရော်နယ်ဒိုတို့ရဲ့ဆိုးဝါးတဲ့ဆံပင်ပုံစံကို ဖြေရှင်းပေးချင်နေတဲ့ ပေါ့ဂ်ဘာရဲ့ဆံပင်ညှပ်သမား

photo-givemesport

photo-the sun

အာမက်အယ်ဆာနာဝီဆိုတဲ့နာမည်ကို ရင်းနှီးနိုင်မှာမဟုတ်ပေမယ့် သူကတော့ နာမည်ကြီးဘောလုံးသမားတွေကြားမှာ ရေပန်းစားတဲ့ဆံပင်ညှပ်သမားတစ်ယောက်ပါ။ လန်ဒန်အခြေစိုက် သူ့မှာ ဟာဇတ်၊လင်ဂတ်နဲ့ပေ့ါဂ်ဘာတို့လို ဖောက်သည်တွေရှိပါတယ်။ အထူးသဖြင့် အာမက်ဆယ်ဆာနာဝီဟာ ပေါ့ဂ်ဘာနဲ့ပတ်သက်ရင် ပိုပြီးလူသိများပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါ့ဂ်ဘာရဲ့ဆန်းပြားတဲ့ဆံပင်ပုံစံအမျိုးမျိုးကို သူကပဲ စီစဉ်ဖန်တီးပေးခဲ့လို့ပါ။

photo-social media

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဘယ်ဘောလုံးသမားတွေရဲ့ဆံပင်ကို ညှပ်ပေးချင်သလဲလို့ မေးမြန်းတော့ အယ်ဆာနာဝီက လက်ရှိကမ္ဘာ့အကောင်းဆုံးတွေဖြစ်ကြတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့လို့ ဝန်ခံခဲ့ပါတယ်။ ”မက်ဆီနဲ့စီရော်နယ်ဒိုတို့ရဲ့ဆံပင်ကို ညှပ်ပေးချင်ပါတယ်။ ဘယ်သူနဲ့ပဲ သူတို့ညှပ်ညှပ် ကျွန်တော်မသိဘူး ကိုယ့်လူ”လို့ အယ်ဆာနာဝီက ဆိုခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ဆံပင်ပုံစံအကြောင်းမေးတော့ အာဆာနာဝီက”ဆိုးဝါးပါတယ်။ ဆိုးဝါးပါတယ်။ သူတို့ရဲ့ဆံပင်ညှပ်သမားတွေကို မလေးစားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လိုနာမည်ကြီးတွေက ဆံပင်ပုံစံကောင်းမရှိတာဟာ စိတ်တိုစရာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo-social media

အယ်ဆာနာဝီဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အောင်ပွဲရပြင်သစ်အသင်းကို ရုရှားအထိ သွားရောက်ပြီး ဆံပင်ညှပ်ပေးခဲ့ရသူဖြစ်ကာ သူ့ဘဝရဲ့ဂုဏ်အယူရဆုံးအခိုက်အတန့်ဖြစ်ဖွယ်ရှိတယ်လို့ အဲဒီအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ထိပ်တန်းဘောလုံးသမားတွေကြား သူဘယ်လိုနာမည်ရလာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ”ကျွန်တော်တို့ လန်ဒန်က ချက်ဆင်တန်အရပ်မှာ ဆိုင်ဖွင့်ခဲ့ပြီး ချဲလ်ဆီးလူငယ်ကစားသမားတွေအားလုံး ကျွန်တော်တို့ဆိုင်မှာ လာညှပ်ကြတာပါ။ ဆံပင်ကောင်းကောင်းညှပ်ပေးလိုက်တော့ သူတို့က သူငယ်ချင်းတွေကို တစ်ဆင့်ပြောပြ အဲဒီကနေ ပျံ့နှံ့သွားခဲ့တာပါ။ ချက်ချင်းဆိုသလိုပဲ ကျွန်တော့်နာမည်က ချဲလ်ဆီးလေ့ကျင့်ရေးကွင်းထဲထိရောက်သွားတယ်။ ဂျွန်တယ်ရီက စသိသွားခဲ့ပြီး သူကပဲ ကျွန်တော့်ကို ချဲလ်ဆီးလေ့ကျင့်ရေးကွင်းဆီ ခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီမှာ ၃ နှစ်လောက် ညှပ်ခဲ့တာပါ။ အဲဒါက ဟာဇတ်နဲ့ တခြားနာမည်ကြီးဘောလုံးသမားတွေ ကျွန်တော့်ဖောက်သည်ဖြစ်လာပုံပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

[Zawgyi]

မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ရဲ႕ဆိုးဝါးတဲ့ဆံပင္ပုံစံကို ေျဖရွင္းေပးခ်င္ေနတဲ့ ေပါ့ဂ္ဘာရဲ႕ဆံပင္ညႇပ္သမား

အာမက္အယ္ဆာနာ၀ီဆုိတဲ့နာမည္ကို ရင္းႏွီးႏိုင္မွာမဟုတ္ေပမယ့္ သူကေတာ့ နာမည္ႀကီးေဘာလုံးသမားေတြၾကားမွာ ေရပန္းစားတဲ့ဆံပင္ညွပ္သမားတစ္ေယာက္ပါ။ လန္ဒန္အေျခစိုက္ သူ႔မွာ ဟာဇတ္၊လင္ဂတ္နဲ႔ေပ့ါဂ္ဘာတုိ႔လို ေဖာက္သည္ေတြရွိပါတယ္။ အထူးသျဖင့္ အာမက္ဆယ္ဆာနာ၀ီဟာ ေပါ့ဂ္ဘာနဲ႔ပတ္သက္ရင္ ပိုၿပီးလူသိမ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေပါ့ဂ္ဘာရဲ႕ဆန္းျပားတဲ့ဆံပင္ပုံစံအမ်ိဳးမ်ိဳးကို သူကပဲ စီစဥ္ဖန္တီးေပးခဲ့လုိ႔႔ပါ။

မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ ဘယ္ေဘာလုံးသမားေတြရဲ႕ဆံပင္ကို ညွပ္ေပးခ်င္သလဲလို႔ ေမးျမန္းေတာ့ အယ္ဆာနာ၀ီက လက္ရွိကမာၻ႔အေကာင္းဆုံးေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔လို႔ ၀န္ခံခဲ့ပါတယ္။ ”မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ရဲ႕ဆံပင္ကို ညွပ္ေပးခ်င္ပါတယ္။ ဘယ္သူနဲ႔ပဲ သူတို႔ညွပ္ညွပ္ ကၽြန္ေတာ္မသိဘူး ကိုယ့္လူ”လုိ႔ အယ္ဆာနာ၀ီက ဆုိခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ဆံပင္ပုံစံအေၾကာင္းေမးေတာ့ အာဆာနာ၀ီက”ဆုိး၀ါးပါတယ္။ ဆုိး၀ါးပါတယ္။ သူတုိ႔ရဲ႕ဆံပင္ညွပ္သမားေတြကို မေလးစားတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သူတုိ႔လိုနာမည္ႀကီးေတြက ဆံပင္ပုံစံေကာင္းမရွိတာဟာ စိတ္တိုစရာပါ”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အယ္ဆာနာ၀ီဟာ ၂၀၁၈ ကမာၻ႔ဖလားတုန္းက ေအာင္ပြဲရျပင္သစ္အသင္းကို ရုရွားအထိ သြားေရာက္ၿပီး ဆံပင္ညွပ္ေပးခဲ့ရသူျဖစ္ကာ သူ႔ဘ၀ရဲ႕ဂုဏ္အယူရဆုံးအခိုက္အတန္႔ျဖစ္ဖြယ္ရွိတယ္လုိ႔ အဲဒီအင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။ ထိပ္တန္းေဘာလုံးသမားေတြၾကား သူဘယ္လုိနာမည္ရလာတယ္ဆုိတာနဲ႔ပတ္သက္ၿပီးေတာ့လည္း ”ကၽြန္ေတာ္တုိ႔ လန္ဒန္က ခ်က္ဆင္တန္အရပ္မွာ ဆုိင္ဖြင့္ခဲ့ၿပီး ခ်ဲလ္ဆီးလူငယ္ကစားသမားေတြအားလုံး ကၽြန္ေတာ္တို႔ဆုိင္မွာ လာညွပ္ၾကတာပါ။ ဆံပင္ေကာင္းေကာင္းညွပ္ေပးလုိက္ေတာ့ သူတို႔က သူငယ္ခ်င္းေတြကို တစ္ဆင့္ေျပာျပ အဲဒီကေန ပ်႔ံႏွ႔ံသြားခဲ့တာပါ။ ခ်က္ခ်င္းဆုိသလုိပဲ ကၽြန္ေတာ့္နာမည္က ခ်ဲလ္ဆီးေလ့က်င့္ေရးကြင္းထဲထိေရာက္သြားတယ္။ ဂၽြန္တယ္ရီက စသိသြားခ့ဲၿပီး သူကပဲ ကၽြန္ေတာ့္ကို ခ်ဲလ္ဆီးေလ့က်င့္ေရးကြင္းဆီ ေခၚေဆာင္သြားခဲ့တာပါ။ အဲဒီမွာ ၃ ႏွစ္ေလာက္ ညွပ္ခဲ့တာပါ။ အဲဒါက ဟာဇတ္နဲ႔ တျခားနာမည္ႀကီးေဘာလံုးသမားေတြ ကၽြန္ေတာ့္ေဖာက္သည္ျဖစ္လာပုံပါ”လို႔ ဖြင့္ဟခဲ့ပါတယ္။