
photo-gettyimages
photo-gettyimages
ပြီးခဲ့တဲ့အင်္ဂါည အိုလံပီယာကော့စ်ကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘိုင်ယန်ရဲ့ချန်ပီယံလိဂ်နိုင်ပွဲမှာ တိုက်စစ်မှုးလီဝန်ဒေါစကီးဟာ ၂ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အကောင်းဆုံးပုံစံရနေတဲ့ သူ့ရဲ့ဂိုးသွင်းအားကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ အဲဒီပိုလန်သားဟာ ပြီးခဲ့တဲ့အောက်တိုဘာလအစ စပါးကို ၇-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၂ ဂိုးသွင်းနိုင်ခဲ့သေးကာ အခုဆိုရင် ဒီရာသီ ကလပ်နဲ့နိုင်ငံအတွက် ၁၇ ပွဲမှာ လီဝန်ဒေါစကီးရဲ့သွင်းဂိုးအရေအတွက်ဟာ ၂၁ ဂိုးအထိ ရှိသွားခဲ့ပါပြီ။
photo-gettyimages
ဘိုင်ယန်အတွက် ၁၃ ပွဲမှာဆိုရင် ၁၈ ဂိုးတောင် သွင်းနိုင်ခဲ့တာပါ။ ဒါဟာ ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဘယ်ကစားသမားထက်မဆို ၆ ဂိုးပိုသာပါတယ်။ အတ္တလန္တာနဲ့ပွဲက ဟက်ထရစ်သွင်းခဲ့တဲ့စတာလင်းဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်းထားပြီး တိုရီနိုရဲ့ဘယ်လော့တီက ၁၁ ဂိုး၊ အဂူရိုနဲ့လာဇီယိုက အင်မိုဘိုင်းတို့က ၁၀ ဂိုးသွင်းထားကြပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီမှာမှ ဂိုးသွင်းအား အရမ်းကောင်းနေတာ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်စကတည်းက ဘိုင်ယန်အတွက် ၃၆ ပွဲမှာ ၃၆ ဂိုးသွင်းနိုင်ခဲ့တာပါ။ ၂၀၁၉ အတွင်း ကလပ်အတွက် ပြိုင်ပွဲအရပ်ရပ်ဂိုးသွင်းနိုင်မှုမှာ မက်ဆီနဲ့အမ်ဘက်ပီတို့တောင် လီဝန်ဒေါစကီးကို မမီခဲ့ပါဘူး။ မက်ဆီက ၃၂ ဂိုးသွင်းထားပြီး အမ်ဘက်ပီက ၃၂ ဂိုးရထားတာပါ။ ၂၀၁၉ အတွင်း လီဝန်ဒေါစကီး ၃၆ ဂိုးသွင်းထားနိုင်ချိန် စီရော်နယ်ဒိုကတော့ ၁၈ ဂိုးသာသွင်းနိုင်ခဲ့တာပါ။
photo-sky sports
လီဝန်ဒေါစကီးဟာ ၂၀၁၉ အတွင်းမှာ ဘိုင်ယန်အတွက် တစ်ပွဲတည်း ၂ ဂိုးသွင်းမှု ၁၀ ကြိမ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါညက သူ့ရဲ့ဂိုးတွေကြောင့် ချန်ပီယံလိဂ်မှာ ကစားသမားဘ၀ ၅၈ ဂိုးရှိသွားခဲ့ပြီး သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုးအမျာဆုံးစာရင်းမှာ နစ္စတယ်ရွိုင်းကိုကျော်တက်သွားကာ သူ့အထက်မှာ ဘင်ဇီမာ၊ရာအူးလ်၊မက်ဆီနဲ့စီရော်နယ်ဒိုတို့ပဲ ရှိပါတော့တယ်။ ၂၀၁၄ မှာ ဒေ့ါမန်ကနေ ရောက်လာပြီးကတည်းက လီဝန်ဒေါစကီးဟာ ဘိုင်ယန်အတွက် ၂၅၅ ပွဲမှာ ၂၀၉ ဂိုးသွင်းပေးထားပါတယ်။
[Zawgyi]
မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေတာင္ မယွဥ္ႏိုင္ျဖစ္ေနတဲ့ လီ၀န္ေဒါစကီးရဲ႕လက္ရွိဂုိးသြင္းအား
ၿပီးခဲ့တဲ့အဂၤါည အိုလံပီယာေကာ့စ္ကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ဘိုင္ယန္ရဲ႕ခ်န္ပီယံလိဂ္ႏိုင္ပြဲမွာ တုိက္စစ္မႈးလီ၀န္ေဒါစကီးဟာ ၂ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံးပုံစံရေနတဲဲ့ သူ႔ရဲ႕ဂိုးသြင္းအားကို ဆက္ထိန္းႏိုင္ခဲ့ပါတယ္။ အဲဒီပိုလန္သားဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလအစ စပါးကို ၇-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ၂ ဂိုးသြင္းႏိုင္ခဲ့ေသးကာ အခုဆိုရင္ ဒီရာသီ ကလပ္နဲ႔ႏိုင္ငံအတြက္ ၁၇ ပြဲမွာ လီ၀န္ေဒါစကီးရဲ႕သြင္းဂိုးအေရအတြက္ဟာ ၂၁ ဂိုးအထိ ရွိသြားခဲ့ပါၿပီ။
ဘုိင္ယန္အတြက္ ၁၃ ပြဲမွာဆိုရင္ ၁၈ ဂိုးေတာင္ သြင္းႏိုင္ခဲ့တာပါ။ ဒါဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ဘယ္ကစားသမားထက္မဆုိ ၆ ဂိုးပိုသာပါတယ္။ အတၱလႏၱာနဲ႔ပြဲက ဟက္ထရစ္သြင္းခဲ့တဲ့စတာလင္းဟာ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၁၂ ဂိုးသြင္းထားၿပီး တိုရီႏိုရဲ႕ဘယ္ေလာ့တီက ၁၁ ဂိုး၊ အဂူရိုနဲ႔လာဇီယိုက အင္မိုဘိုင္းတို႔က ၁၀ ဂိုးသြင္းထားၾကပါတယ္။ လီ၀န္ေဒါစကီးဟာ ဒီရာသီမွာမွ ဂိုးသြင္းအား အရမ္းေကာင္းေနတာ မဟုတ္ပါဘူး။ ၂၀၁၉ ခုႏွစ္စကတည္းက ဘိုင္ယန္အတြက္ ၃၆ ပဲြမွာ ၃၆ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ၂၀၁၉ အတြင္း ကလပ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ဂိုးသြင္းႏို္င္မႈမွာ မက္ဆီနဲ႔အမ္ဘက္ပီတုိ႔ေတာင္ လီ၀န္ေဒါစကီးကို မမီခဲ့ပါဘူး။ မက္ဆီက ၃၂ ဂိုးသြင္းထားၿပီး အမ္ဘက္ပီက ၃၂ ဂိုးရထားတာပါ။ ၂၀၁၉ အတြင္း လီ၀န္ေဒါစကီး ၃၆ ဂိုးသြင္းထားႏိုင္ခ်ိန္ စီေရာ္နယ္ဒိုကေတာ့ ၁၈ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။
လီ၀န္ေဒါစကီးဟာ ၂၀၁၉ အတြင္းမွာ ဘိုင္ယန္အတြက္ တစ္ပြဲတည္း ၂ ဂိုးသြင္းမႈ ၁၀ ႀကိမ္ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့အဂၤါညက သူ႔ရဲ႕ဂိုးေတြေၾကာင့္ ခ်န္ပီယံလိဂ္မွာ ကစားသမားဘ၀ ၅၈ ဂိုးရွိသြားခဲ့ၿပီး သမိုငး္တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ာဆုံးစာရင္းမွာ နစၥတယ္ရြိဳင္းကိုေက်ာ္တက္သြားကာ သူ႔အထက္မွာ ဘင္ဇီမာ၊ရာအူးလ္၊မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ပဲ ရွိပါေတာ့တယ္။ ၂၀၁၄ မွာ ေဒ့ါမန္ကေန ေရာက္လာၿပီးကတည္းက လီ၀န္ေဒါစကီးဟာ ဘိုင္ယန္အတြက္ ၂၅၅ ပြဲမွာ ၂၀၉ ဂိုးသြင္းေပးထားပါတယ္။