
photo-gettyimages
photo-gettyimages
မန်ယူကတော့ လက်ရှိမှာ အမှောင်ခေတ်ထဲ ရောက်နေသလိုပါပဲ။ အဖွင့် ၈ ပွဲမှာ ၉ မှတ်သာရယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁၂ နေရာကို ရောက်နေပါတယ်။ အဓိကကစားသမားတွေက ခြေစွမ်းပျောက်၊ ဒဏ်ရာပြသနာတွေက များပြားနဲ့ ဆိုးလ်ရှားရဲ့နည်းဗျူဟာပိုင်းကလည်း မေးခွန်းထုတ်ခံနေရပါတယ်။ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့ရှုံးခဲ့တာက ဒီရာသီမန်ယူရဲ့အဆိုးဆုံးခြေစွမ်းဖြစ်ဖွယ်ရှိခဲ့ပြီး အထူးသဖြင့် ဂိုးရဖို့ရုန်းကန်နေရတဲ့တိုက်စစ်ပိုင်းအတွက် အသင်းတိုက်စစ်မှုးဟောင်းဘာဘာတော့ဗ်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတွေဖြစ်ကြတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့တောင် လက်ရှိမန်ယူမှာဆို ဂိုးရဖို့ ရုန်းကန်ရမှာလို့ ပြောလိုက်တာပါ။
photo-gettyimages
တကယ်လည်း တိုက်စစ်ပိုင်းဟာ ဒီရာသီ မန်ယူရဲ့အဓိကပြသနာဖြစ်နေပါတယ်။ မန်ယူဟာ နယူးကာဆယ်ကိုရှုံးခဲ့တဲ့ပွဲမတိုင်ခင် အယ်ခမာနဲ့ယူရိုပါလိဂ်ခြေစစ်ပွဲမှာကတည်းက ဂိုးမရှိသရေရလဒ်နဲ့အတူ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်မှကို မရှိခဲ့တာပါ။ နယူးကာဆယ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မန်ယူဟာ တစ်ပွဲလုံးမှာ အပိုင်အခွင့်အရေးဆိုလို့ ထောင့်ကန်ဘောကနေ နောက်ခံလူမက်ဂွိုင်းယား အနီးကပ်ခေါင်းတိုက်ရတဲ့တစ်ကြိမ်ပဲရှိခဲ့ပါတယ်။ မန်ယူဟာ ရာသီအဖွင့်မှာ ချဲလ်ဆီးကို ၄ ဂိုးပြတ်ခဲ့ပြီးကတည်းက ပြိုင်ပွဲအရပ်ရပ် တစ်ဂိုးထက်ပိုသွင်းနိုင်တာ မရှိတော့ပါဘူး။
photo-gettyimages
ဒါကြောင့်လည်း ဘာဘာတော့ဗ်က”ဆောင်းရာသီဈေးကွက်ကတော့ ခက်ခဲတော့မှာပါ။ ကွင်းထဲမှာတော့ မန်ယူဟာ လောလောဆယ် အသင်းတစ်သင်းအနေနဲ့ စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ခင်ဗျားဘယ်လောက်ကောင်းကောင်း အဲဒါမှ ဘာမှလုပ်လို့ မရပါဘူး။ မက်ဆီနဲ့စီရော်နယ်ဒိုတို့ အဲဒီသွားလည်း သူတို့ခက်ခဲမှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းကမှ ဘာမှမလုပ်နိုင်ဖြစ်နေတာလေ”လို့ ဆိုးလ်ရှားရဲ့အသင်းကို ဝေဖန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
[Zawgyi]
မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔လည္း လက္ရွိမန္ယူမွာဆို ဂိုးရဖို႔ ရုန္းကန္ရမွာလုိ႔ ဘာဘာေတာ့ဗ္ေ၀ဖန္
မန္ယူကေတာ့ လက္ရွိမွာ အေမွာင္ေခတ္ထဲ ေရာက္ေနသလုိပါပဲ။ အဖြင့္ ၈ ပြဲမွာ ၉ မွတ္သာရယူႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၁၂ ေနရာကို ေရာက္ေနပါတယ္။ အဓိကကစားသမားေတြက ေျခစြမ္းေပ်ာက္၊ ဒဏ္ရာျပသနာေတြက မ်ားျပားနဲ႔ ဆိုးလ္ရွားရဲ႕နည္းဗ်ဴဟာပိုင္းကလည္း ေမးခြန္းထုတ္ခံေနရပါတယ္။ ၿပီးခဲဲ့တဲ့အပတ္က နယူးကာဆယ္ကို ၁-၀ ဂိုးနဲ႔ရႈံးခဲ့တာက ဒီရာသီမန္ယူရဲ႕အဆိုးဆုံးေျခစြမ္းျဖစ္ဖြယ္ရွိခဲ့ၿပီး အထူးသျဖင့္ ဂုိးရဖို႔ရုန္းကန္ေနရတဲ့တုိက္စစ္ပုိင္းအတြက္ အသင္းတိုက္စစ္မႈးေဟာင္းဘာဘာေတာ့ဗ္က ျပင္းျပငး္ထန္ထန္ေ၀ဖန္လိုက္ကာ ကမာၻ႔အေကာင္းဆုံးတုိက္စစ္မႈးေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေတာင္ လက္ရွိမန္ယူမွာဆို ဂိုးရဖုိ႔ ရုနး္ကန္ရမွာလို႔ ေျပာလိုက္တာပါ။
တကယ္လည္း တုိက္စစ္ပိုင္းဟာ ဒီရာသီ မန္ယူရဲ႕အဓိကျပသနာျဖစ္ေနပါတယ္။ မန္ယူဟာ နယူးကာဆယ္ကိုရႈံးခဲ့တဲ့ပြဲမတိုင္ခင္ အယ္ခမာနဲ႔ယူရိုပါလိဂ္ေျခစစ္ပြဲမွာကတည္းက ဂိုးမရွိသေရရလဒ္နဲ႔အတူ ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္မွကို မရွိခဲ့တာပါ။ နယူးကာဆယ္ကို ၁-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း မန္ယူဟာ တစ္ပြဲလုံးမွာ အပိုင္အခြင့္အေရးဆုိလို႔ ေထာင့္ကန္ေဘာကေန ေနာက္ခံလူမက္ဂြိဳင္းယား အနီးကပ္ေခါင္းတုိက္ရတဲ့တစ္ႀကိမ္ပဲရွိခဲ့ပါတယ္။ မန္ယူဟာ ရာသီအဖြင့္မွာ ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္ခဲ့ၿပီးကတည္းက ၿပိဳင္ပြဲအရပ္ရပ္ တစ္ဂိုးထက္ပိုသြင္းႏိုင္တာ မရွိေတာ့ပါဘူး။
ဒါေၾကာင့္လည္း ဘာဘာေတာ့ဗ္က”ေဆာင္းရာသီေစ်းကြက္ကေတာ့ ခက္ခဲေတာ့မွာပါ။ ကြငး္ထဲမွာေတာ့ မန္ယူဟာ ေလာေလာဆယ္ အသင္းတစ္သငး္အေနနဲ႔ စြမ္းေဆာင္ႏိုင္ျခင္း မရွိပါဘူး။ ခင္ဗ်ားဘယ္ေလာက္ေကာငး္ေကာင္း အဲဒါမွ ဘာမွလုပ္လုိ႔ မရပါဘူး။ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ အဲဒီသြားလည္း သူတုိ႔ခက္ခဲမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ အသင္းကမွ ဘာမွမလုပ္ႏိုင္ျဖစ္ေနတာေလ”လို႔ ဆုိးလ္ရွားရဲ႕အသင္းကို ေ၀ဖန္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။