မက်ဆီနောက်ကောက်ချခံရဖို့များနေတဲ့ ဒီရာသီ The European Golden Boot

Photo- Internet
Photo- Internet

ဘာစီလိုနာအသင်းတိုက်စစ်မှူ း မက်ဆီဟာပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆု(The European Golden Boot) ဆုကိုသူကဘဲ ရယူခဲ့ပေမယ့် ဒီရာသီမှာတော့ အခြားလိဂ်က ကစားသမားတွေ ခြေစွမ်းပိုပြနေကြလို့ ဆုကိုလက်လွှတ်ရဖို့ များနေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာဒီဆုကိုနောက်ဆုံး ၃ ကြိမ်ရယူမှုအပါအဝင် ၆ ကြိမ်နဲ့အများဆုံးရရှိသူအဖြစ်စံချိန်တင်ထားတာပါ။ ဒီဆုကိုဥရောပထိပ်တန်းလိဂ်တွေအားလုံးမှာ ရာသီကုန်လို့ဂိုးအများဆုံးသွင်းသူကိုပေးအပ်တာဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်ပေးတဲ့စနစ်ကျင့်သုံးလို့ အခက်ခဲဆုံးဖြစ်တဲ့ ထိပ်တန်းလိဂ်မှာကစားတဲ့သူတွေက အမှတ်ပိုရပါတယ်။

Photo- Internet

ဥရောပထိပ်တန်းလိဂ်မှာကစားနေတဲ့သူတွေထဲကနေ တစ်ဂိုးသွင်းရင်၂ မှတ်ပေးပြီးအလယ်အလတ်လိဂ်တွေကတော့ တစ်ဂိုးကို၁.၅ မှတ်နဲ့ အောက်တန်းလိဂ်တွေကတော့ ၁ မှတ်ဘဲရရှိတာပါ။ အဆင့်သတ်မှတ်မှုကိုတော့ ယူအီးအက်ဖ်အေရဲ့ Coefficient အရခွဲခြားသတ်မှတ်ပြီး ထိပ်တန်းလိဂ် ၅ ခုအတွက် တစ်ဂိုးကို ၂ မှတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကကစားသမားတွေဟာအခြားလိဂ်က သူတွေထက် ဂိုးလျော့နည်းရင်းလည်း  အမှတ်ကြောင့် ဆုရဖို့ အခွင့်အလမ်းပိုများပါတယ်။

Photo- Internet

မက်ဆီဟာ ဒီရာသီလာလီဂါမှာ ၁၄ ဂိုးသာရရှိသေးလို့ စီးရီးအေက လာဇီယိုအသင်းတိုက်စစ်မှူ း အင်မိုဘိုင်းထက် ၁၂ ဂိုးလျော့နည်းနေတာပါ။ ဒီရာသီအတွက် ဆုရနိုင်တဲ့သူတွေထဲမှာ ၂၆ ဂိုးသွင်းထားပြီး ၅၂ မှတ်ရထားတဲ့ အင်မိုဘိုင်းကရေပန်းအစားဆုံးဖြစ်နေတာပါ။ သူ့နောက်မှာ ဘိုင်ယန်မြူ းနစ်တိုက်စစ်မှူ း လီဝန်ဒေါစကီးက ၂၃ ဂိုးနဲ့ ၄၆ မှတ်နဲ့ ရပ်တည်နေပါတယ်။

Photo- Internet

လစ်ပ်ဇစ်က တီမိုဝါနာက ဂိုး ၂၀ နဲ့ ၄၀ မှတ်၊ စီရော်နယ်ဒိုကလည်းသွင်းဂိုး ၂၀ နဲ့ ၄၀ မှတ်၊ ဟာလန်းက ၂၄ ဂိုးနဲ့ ၄၀ မှတ်ရထားပါတယ်။(သူဟာအရင်ကဆဲလ်ဘတ်အတွက် ၁၆ ဂိုးသွင်းယူခဲ့ပေမယ့် သြတတြီးယားလိဂ်ဟာအလယ်အလတ်အဆင့်အဖြစ်သာသတ်မှတ်ခံထားရလို့ ၁၆ ဂိုးအတွက် ၂၄ မှတ်၊ ဒေါ့မန်အတွက် ၈ ဂိုးက ၁၆ မှတ်ပေါင်းပြီး ၄၀ မှတ်သာရရှိထားတာဖြစ်ပါတယ်)။သူတို့နောက်မှာ ဗာဒီနဲ့ လူကာကူတို့က ၁၇ ဂိုးစီသွင်းပြီး ၃၄ မှတ်စီနဲ့ ရပ်တည်နေကြပါတယ်။ အခုစာရင်းမှာ အက်စ်တိုးနီးယားလိဂ်က ဖလိုရာမှာကစားနေတဲ့ တိုက်စစ်မှူ း အဲရစ်ဆိုဂါဟာ ၃၁ ဂိုးသွင်းပြီး ၃၁ မှတ်နဲ့ ဆုရနိုင်သူစာရင်းထဲမှာ အပါအဝင်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

မက္ဆီေနာက္ေကာက္ခ်ခံရဖို႔မ်ားေနတဲ႔ ဒီရာသီ The European Golden Boot

ဘာစီလိုနာအသင္းတိုက္စစ္မွဴ း မက္ဆီဟာၿပီးခဲ့တဲ႔ႏွစ္ေတြအတြင္းမွာ ဥေရာပဂိုးသြင္းအမ်ားဆုံးေရႊဖိနပ္ဆု(The European Golden Boot) ဆုကိုသူကဘဲ ရယူခဲ့ေပမယ္႔ ဒီရာသီမွာေတာ႔ အျခားလိဂ္က ကစားသမားေတြ ေျခစြမ္းပိုျပေနၾကလို႔ ဆုကိုလက္လႊတ္ရဖို႔ မ်ားေနတယ္လို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ႔ မက္ဆီဟာဒီဆုကိုေနာက္ဆုံး ၃ ႀကိမ္ရယူမႈအပါအ၀င္ ၆ ႀကိမ္နဲ႔အမ်ားဆုံးရရွိသူအျဖစ္စံခ်ိန္တင္ထားတာပါ။ ဒီဆုကိုဥေရာပထိပ္တန္းလိဂ္ေတြအားလုံးမွာ ရာသီကုန္လို႔ဂိုးအမ်ားဆုံးသြင္းသူကိုေပးအပ္တာျဖစ္ပါတယ္။ ဒါေပမယ္႔ အမွတ္ေပးတဲ႔စနစ္က်င့္သုံးလို႔ အခက္ခဲဆုံးျဖစ္တဲ႔ ထိပ္တန္းလိဂ္မွာကစားတဲ႔သူေတြက အမွတ္ပိုရပါတယ္။

ဥေရာပထိပ္တန္းလိဂ္မွာကစားေနတဲ႔သူေတြထဲကေန တစ္ဂိုးသြင္းရင္၂ မွတ္ေပးၿပီးအလယ္အလတ္လိဂ္ေတြကေတာ႔ တစ္ဂိုးကို၁.၅ မွတ္နဲ႔ ေအာက္တန္းလိဂ္ေတြကေတာ႔ ၁ မွတ္ဘဲရရွိတာပါ။ အဆင့္သတ္မွတ္မႈကိုေတာ႔ ယူအီးအက္ဖ္ေအရဲ႕ Coefficient အရခြဲျခားသတ္မွတ္ၿပီး ထိပ္တန္းလိဂ္ ၅ ခုအတြက္ တစ္ဂိုးကို ၂ မွတ္ေပးတာျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီကကစားသမားေတြဟာအျခားလိဂ္က သူေတြထက္ ဂိုးေလ်ာ႔နည္းရင္းလည္း  အမွတ္ေၾကာင့္ ဆုရဖို႔ အခြင့္အလမ္းပိုမ်ားပါတယ္။

မက္ဆီဟာ ဒီရာသီလာလီဂါမွာ ၁၄ ဂိုးသာရရွိေသးလို႔ စီးရီးေအက လာဇီယိုအသင္းတိုက္စစ္မွဴ း အင္မိုဘိုင္းထက္ ၁၂ ဂိုးေလ်ာ႔နည္းေနတာပါ။ ဒီရာသီအတြက္ ဆုရႏိုင္တဲ႔သူေတြထဲမွာ ၂၆ ဂိုးသြင္းထားၿပီး ၅၂ မွတ္ရထားတဲ႔ အင္မိုဘိုင္းကေရပန္းအစားဆုံးျဖစ္ေနတာပါ။ သူ႔ေနာက္မွာ ဘိုင္ယန္ျမဴ းနစ္တိုက္စစ္မွဴ း လီ၀န္ေဒါစကီးက ၂၃ ဂိုးနဲ႔ ၄၆ မွတ္နဲ႔ ရပ္တည္ေနပါတယ္။

လစ္ပ္ဇစ္က တီမို၀ါနာက ဂိုး ၂၀ နဲ႔ ၄၀ မွတ္၊ စီေရာ္နယ္ဒိုကလည္းသြင္းဂိုး ၂၀ နဲ႔ ၄၀ မွတ္၊ ဟာလန္းက ၂၄ ဂိုးနဲ႔ ၄၀ မွတ္ရထားပါတယ္။(သူဟာအရင္ကဆဲလ္ဘတ္အတြက္ ၁၆ ဂိုးသြင္းယူခဲ့ေပမယ္႔ ၾသတႀတီးယားလိဂ္ဟာအလယ္အလတ္အဆင့္အျဖစ္သာသတ္မွတ္ခံထားရလို႔ ၁၆ ဂိုးအတြက္ ၂၄ မွတ္၊ ေဒါ့မန္အတြက္ ၈ ဂိုးက ၁၆ မွတ္ေပါင္းၿပီး ၄၀ မွတ္သာရရွိထားတာျဖစ္ပါတယ္)။သူတို႔ေနာက္မွာ ဗာဒီနဲ႔ လူကာကူတို႔က ၁၇ ဂိုးစီသြင္းၿပီး ၃၄ မွတ္စီနဲ႔ ရပ္တည္ေနၾကပါတယ္။ အခုစာရင္းမွာ အက္စ္တိုးနီးယားလိဂ္က ဖလိုရာမွာကစားေနတဲ႔ တိုက္စစ္မွဴ း အဲရစ္ဆိုဂါဟာ ၃၁ ဂိုးသြင္းၿပီး ၃၁ မွတ္နဲ႔ ဆုရႏိုင္သူစာရင္းထဲမွာ အပါအ၀င္ျဖစ္ေနတယ္လို႔ သိရပါတယ္။