မက်ဆီနေရာ ဆက်ခံမယ်ဆိုတဲ့ ဖာတီကို မန်စီးတီးထံ ကမ်းလှမ်းလိုက်တဲ့ ဂျော့မန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အန်ဆူ ဖာတီရဲ့ အနာဂတ်က ဘာစီလိုနာမှာပဲ ရှိလိမ့်မယ်လို့ အားလုံးက ယူဆထားကြပေမယ့် ကလပ်အသင်း နှင့် ကစားသမားရဲ့ တာဝန်ရှိသူတွေကြားမှာတော့ ယနေ့ချိန်ထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးပါဘူး။

El Nacional သတင်းစာရဲ့ ယခု သောကြာနေ့ ဖော်ပြချက်အရ ကစားသမားရဲ့ တာဝန်ရှိသူ အေးဂျင့် ဂျော့မန်ဒက်ဟာ ဘာစီလိုနာကို ဖိအားပေးတဲ့အနေနဲ့ အန်ဆူကို ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အန်ဆူ ဖာတီရဲ့ စာချုပ်က ဇွန်လ ( ၃၀ ) ရက်နေ့မှာ သက်တမ်း ကုန်ဆုံးဖို့ ရှိနေပြီး ဘာစီလိုနာအသင်းက တိုက်စစ်မှူးနဲ့အတူ လာမယ့်အပတ်အတွင်းမှာ နောက်ထပ် လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ပက်ဒရီရဲ့ စာချုပ်ကိုလည်း သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ ငေွကြေးခက်ခဲမှု ပြဿနာကို အားလုံး နားလည်ထားကြသလို လူငယ်ကွင်းလယ်ကစားသမား မိုရီဘာကိုလည်း ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအ‌ရွေ့အတွင်းမှာ လိုက်ဇစ်အသင်းထံ ရောင်းချခဲ့ပါတယ်။

လက်ရှိ အန်ဆူရဲ့ အခြေအနေက သူနဲ့ မတူနိုင်ပေမယ့် နှစ်ဖက်စလုံးက ကိုယ့်ဘက် သူ့ဘက် အားသာချက်ရရှိဖို့ ကစားနေကြပါတယ်။

အဆိုပါ သတင်းရဲ့ အဆိုပါအရ ဘာစီလိုနာမှ ကစားသမားတွေ အားလုံးက လစာလျော့ယူဖို့ ဆွေးနွေးနေကြချိန် မန််ဒက်စ်ကတော့ သူ့ရဲ့ ကစားသမားအတွက် စာချုပ်သက်တမ်းတိုးရာမှာ ယခုထက် ပိုမိုမြင့်မားတဲ့လစာကို အလိုရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ နံပါတ် ( ၁၀ ) ကစားသမားဟာ ( ၁ ) နှစ်နီးပါး အနားယူခဲ့ရတဲ့ ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် ပွဲကစားနိုင်မယ့်ရက်တော့ မရှိသေးပါဘူး ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီေနရာ ဆက္ခံမယ္ဆိုတဲ့ ဖာတီကို မန္စီးတီးထံ ကမ္းလွမ္းလိုက္တဲ့ ေဂ်ာ့မန္ဒက္စ္

အန္ဆူ ဖာတီရဲ႕ အနာဂတ္က ဘာစီလိုနာမွာပဲ ရွိလိမ့္မယ္လို႔ အားလုံးက ယူဆထားၾကေပမယ့္ ကလပ္အသင္း ႏွင့္ ကစားသမားရဲ႕ တာဝန္ရွိသူေတြၾကားမွာေတာ့ ယေန႔ခ်ိန္ထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မရရွိေသးပါဘူး ။ El Nacional သတင္းစာရဲ႕ ယခု ေသာၾကာေန႔ ေဖာ္ျပခ်က္အရ ကစားသမားရဲ႕ တာဝန္ရွိသူ ေအးဂ်င့္ ေဂ်ာ့မန္ဒက္ဟာ ဘာစီလိုနာကို ဖိအားေပးတဲ့အေနနဲ႔ အန္ဆူကို ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းထံ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အန္ဆူ ဖာတီရဲ႕ စာခ်ဳပ္က ဇြန္လ ( ၃၀ ) ရက္ေန႔မွာ သက္တမ္း ကုန္ဆုံးဖို႔ ရွိေနၿပီး ဘာစီလိုနာအသင္းက တိုက္စစ္မႉးနဲ႔အတူ လာမယ့္အပတ္အတြင္းမွာ ေနာက္ထပ္ လူငယ္ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္တဲ့ ပက္ဒရီရဲ႕ စာခ်ဳပ္ကိုလည္း သက္တမ္းတိုးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းရဲ႕ ေငြေၾကးခက္ခဲမႈ ျပႆနာကို အားလုံး နားလည္ထားၾကသလို လူငယ္ကြင္းလယ္ကစားသမား မိုရီဘာကိုလည္း ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအ‌ေ႐ြ႕အတြင္းမွာ လိုက္ဇစ္အသင္းထံ ေရာင္းခ်ခဲ့ပါတယ္။ လက္ရွိ အန္ဆူရဲ႕ အေျခအေနက သူနဲ႔ မတူႏိုင္ေပမယ့္ ႏွစ္ဖက္စလုံးက ကိုယ့္ဘက္ သူ႔ဘက္ အားသာခ်က္ရရွိဖို႔ ကစားေနၾကပါတယ္။

အဆိုပါ သတင္းရဲ႕ အဆိုပါအရ ဘာစီလိုနာမွ ကစားသမားေတြ အားလုံးက လစာေလ်ာ့ယူဖို႔ ေဆြးေႏြးေနၾကခ်ိန္ မန္္ဒက္စ္ကေတာ့ သူ႔ရဲ႕ ကစားသမားအတြက္ စာခ်ဳပ္သက္တမ္းတိုးရာမွာ ယခုထက္ ပိုမိုျမင့္မားတဲ့လစာကို အလိုရွိေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာရဲ႕ နံပါတ္ ( ၁၀ ) ကစားသမားဟာ ( ၁ ) ႏွစ္နီးပါး အနားယူခဲ့ရတဲ့ ဒဏ္ရာျပႆနာကေန ျပန္လည္ေကာင္းမြန္လာေပမယ့္ ပြဲကစားႏိုင္မယ့္ရက္ေတာ့ မရွိေသးပါဘူး ။