
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းဟာ ယမန်နေ့ညက ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၁ဂိုးစီ သရေရအောင် ရုန်းကန် ကစားခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ပွဲစကတည်းက ရုန်းကန်နေရပြီး ပထမပိုင်း မပြီးခင်မှာ အဓိက နောက်ခံလူ ပီကေး ဒဏ်ရာကြောင့် ထွက်သွားရတဲ့အတွက် ပိုပြီး ခက်ခဲခဲ့ပါတယ်။
ဘာစီလိုနာအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုကတော့ နောက်ခံလူ အဲရစ် ဂါစီယာ ပွဲပြီးခါနီးကျမှ ၂ဝါ၁နီနဲ့ ထုတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဘရိတ်ဝိတ်ဟာ ဂိုးမရှိသရေကျနေချိန်မှာ ရရှိလာခဲ့တဲ့ အပိုင်အခွင့်အရေးကို အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် မပြောင်းလဲပေးနိုင်ခဲ့ဘဲ အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။
ပထမပိုင်း ပွဲကစားချိန် (၆) မိနစ်မှာတင် ဒီပိုင်းရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့်ရရှိလာတဲ့ အခွင့်အရေးကို ဘရိတ်ဝိတ်က ပိုင်ပိုင်နိုင်နိုင်ကန်ခွင့်ရရှိခဲ့ပေမယ့် မိုးပေါ်ထောင်ကန်ခဲ့တာပါ။
ဘရိတ်ဝိတ်ဟာ ရာသီအဖွင့်ပွဲအဖြစ် ဆိုစီဒက်အသင်းကို ၄ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးကာ ခြေစွမ်းပြနိုင်ခဲ့သူပါ။
အဲဒီပွဲအပြီးမှာလည်း ဘရိတ်ဝိတ်ကို မက်ဆီမရှိချိန်မှာ အားထားရမယ့် သူတစ်ယောက်အဖြစ် မျှော်လင့်ခဲ့ကြပါတယ်။
ဘရိတ်ဝိတ်ဟာ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ ပြိုင်ပွဲမှာလည်း ဒိန်းမတ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။
ဒီပိုင်း၊ အဂွေရို၊ ဂရစ်ဇ်မန်းတို့နဲ့အတူ ဘရိတ်ဝိတ်ကို အားကိုးရမယ့် ကစားသမားအဖြစ် မျှော်လင့်ချိန် အခုလက်ရှိမှာတော့ တစ်ပွဲကောင်း၊ တစ်ပွဲလွဲ ကစားသမား ဖြစ်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီေနရာကို အရယူႏိုင္ဖို႔ ႀကံေပမယ့္ တစ္ခါေကာင္း႐ုံပဲျဖစ္ေနတဲ့ ဘရိတ္ဝိတ္
ဘာစီလိုနာအသင္းဟာ ယမန္ေန႔ညက ဘီလ္ဘာအိုကို အေဝးကြင္းမွာ ၁ဂိုးစီ သေရရေအာင္ ႐ုန္းကန္ ကစားခဲ့ရပါတယ္။ဘာစီလိုနာအသင္းဟာ ပြဲစကတည္းက ႐ုန္းကန္ေနရၿပီး ပထမပိုင္း မၿပီးခင္မွာ အဓိက ေနာက္ခံလူ ပီေကး ဒဏ္ရာေၾကာင့္ ထြက္သြားရတဲ့အတြက္ ပိုၿပီး ခက္ခဲခဲ့ပါတယ္။ ဘာစီလိုနာအတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္တစ္ခုကေတာ့ ေနာက္ခံလူ အဲရစ္ ဂါစီယာ ပြဲၿပီးခါနီးက်မွ ၂ဝါ၁နီနဲ႔ ထုတ္ခံလိုက္ရတာပဲ ျဖစ္ပါတယ္။
အဲဒီပြဲမွာ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မႉး ဘရိတ္ဝိတ္ဟာ ဂိုးမရွိသေရက်ေနခ်ိန္မွာ ရရွိလာခဲ့တဲ့ အပိုင္အခြင့္အေရးကို အသင္းအတြက္ ဦးေဆာင္ဂိုးအျဖစ္ မေျပာင္းလဲေပးႏိုင္ခဲ့ဘဲ အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့ပါတယ္။
ပထမပိုင္း ပြဲကစားခ်ိန္ (၆) မိနစ္မွာတင္ ဒီပိုင္းရဲ႕ ဖန္တီးေပးပို႔မႈကတစ္ဆင့္ရရွိလာတဲ့ အခြင့္အေရးကို ဘရိတ္ဝိတ္က ပိုင္ပိုင္ႏိုင္ႏိုင္ကန္ခြင့္ရရွိခဲ့ေပမယ့္ မိုးေပၚေထာင္ကန္ခဲ့တာပါ။
ဘရိတ္ဝိတ္ဟာ ရာသီအဖြင့္ပြဲအျဖစ္ ဆိုစီဒက္အသင္းကို ၄ဂိုး-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ တစ္ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးေပးကာ ေျခစြမ္းျပႏိုင္ခဲ့သူပါ။ အဲဒီပြဲအၿပီးမွာလည္း ဘရိတ္ဝိတ္ကို မက္ဆီမရွိခ်ိန္မွာ အားထားရမယ့္ သူတစ္ေယာက္အျဖစ္ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။
ဘရိတ္ဝိတ္ဟာ ၿပီးခဲ့တဲ့ ယူ႐ို- ၂၀၂၀ ၿပိဳင္ပြဲမွာလည္း ဒိန္းမတ္အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ထိ တက္လွမ္းႏိုင္ခဲ့ပါေသးတယ္။ ဒီပိုင္း၊ အေဂြ႐ို၊ ဂရစ္ဇ္မန္းတို႔နဲ႔အတူ ဘရိတ္၀ိတ္ကို အားကိုးရမယ့္ ကစားသမားအျဖစ္ ေမွ်ာ္လင့္ခ်ိန္ အခုလက္ရွိမွာေတာ့ တစ္ပြဲေကာင္း၊ တစ္ပြဲလြဲ ကစားသမား ျဖစ္ေနပါတယ္။