
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
PSG အသင်းရဲ့အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီ လက်ရှိနေထိုင်နေတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ Le Royal Monceau ဟိုတယ်မှာ မျက်နှာဖုံးစွပ်ထားတဲ့လူတစ်စုက အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေသားတွေကို ခိုးယူမှုဖြစ်ပွားခဲ့ပါတယ်။
ဖောက်ထွင်းသူတွေက မက်ဆီနေထိုင်တဲ့အခန်းအပေါ်ထပ်က သော့မခတ်ထားတဲ့ လသာဆောင်ထဲကနေ ဟိုတယ်ထဲကိုဝင်ရောက်ခဲ့ကြတာဖြစ်ပြီး အခန်း(၄)ခန်းထဲကအဖိုးတန်ပစ္စည်းတွေကို ခိုးယူခဲ့ကြသလို မက်ဆီကတော့ ကံကောင်းစွာနဲ့ အခိုးခံရတဲ့သူတွေထဲမှာ ပါဝင်ပုံမရပါဘူး။
ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့တစ်ပတ်ဗုဒ္ဓဟူးနေ့တုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းတွေအရ မျက်နှာဖုံးစွပ်ထားတဲ့လူနှစ်ယောက်က (၆)လွှာလသာဆောင်ကနေ ကုပ်တွယ်ဆင်းလာပြီးတော့ အခုလိုခိုးယူခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဟိုတယ်မှာ တည်းခိုနေတဲ့ ဒူဘိုင်းမှာဘဏ္ဍာရေးအကြံပေးအဖြစ်လုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးဟာ ညနေပိုင်းလောက်မှာ သူမအခန်းထဲကနေအပြင်ထွက်သွားပြီး
နောက်တစ်နေ့မှာတော့ သူမရဲ့ပေါင်(၃၀၀၀)တန်ရွှေဆွဲကြိုး၊ ပေါင်(၅၀၀)တန်နားကပ်နဲ့ ငွေသားပေါင်(၂၀၀၀)ပျောက်ဆုံးသွားတာကို သတိပြုမိတာကြောင့် ဟိုတယ်တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပေမယ့် တာဝန်ရှိသူတွေက မယုံကြည်ကြဘဲ နောက်ဆုံးရဲတွေရောက်လာမှသာ ယုံကြည်သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လကတည်းက မက်ဆီဟာ ဇနီးဖြစ်သူအန်တိုနယ်လာ၊ ကလေး(၃)ဦးနဲ့အတူ Le Royal Monceau ဟိုတယ်က ပေါင်(၁၇၀၀၀)တန်အခန်းမှာနေထိုင်နေတာဖြစ်ပြီး
အဲဒီအတွက် ဟိုတယ်တွင်းမှာလုံခြုံရေးတိုးမြှင့်ထားသလို PSG ပရိသတ်တွေကလည်း မက်ဆီကို တွေ့ရအောင်လို့ နေ့တိုင်းလိုလို ဟိုတယ်ရှေ့မှာစောင့်ဆိုင်းနေကြတာပါ။
ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့အပြီးမှာ အခုလိုအဖြစ်အပျက်ဖြစ်ပွားခဲ့တာကြောင့် မက်ဆီဟာ ပါရီမြို့အတွင်းနေအိမ်တစ်လုံးငှားရမ်းနေထိုင်ဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး မကြာခင်ပြောင်းရွှေ့တော့တယ်လို့ သတင်းထွက်နေပါတယ်။
ဟိုတယ်အတွင်းမှာ စီစဉ်ထားရှိတဲ့လုံခြုံရေးအကာအကွယ်တွေဟာ ချိုးဖျက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ကတော့ ဒါက အတွေ့အကြုံရှိတဲ့လူဆိုးဂိုဏ်းတစ်ခုရဲ့လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးက “လုံခြုံရေးအကာအကွယ်တွေကို စနစ်တကျဖျက်ဆီးထားတာကိုတွေ့ရှိခဲ့ရပြီး အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
သက်သေအထောက်အထားတွေအရ ဒါဟာ အတွေ့အကြုံရှိတဲ့လူဆိုးဂိုဏ်းတစ်ခုရဲ့လက်ချက်လို့ သတ်မှတ်ရမှာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မက္ဆီေနထိုင္တဲ့ ၾကယ္ငါးပြင့္အဆင့္ရွိဟိုတယ္အတြင္း အဖိုးတန္လက္ဝတ္ရတနာနဲ႔ေငြေတြ ခိုးယူမႈျဖစ္ပြား
PSG အသင္းရဲ႕အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီ လက္ရွိေနထိုင္ေနတဲ့ ၾကယ္ငါးပြင့္အဆင့္ရွိ Le Royal Monceau ဟိုတယ္မွာ မ်က္ႏွာဖုံးစြပ္ထားတဲ့လူတစ္စုက အဖိုးတန္လက္ဝတ္ရတနာေတြနဲ႔ ေငြသားေတြကို ခိုးယူမႈျဖစ္ပြားခဲ့ပါတယ္။ ေဖာက္ထြင္းသူေတြက မက္ဆီေနထိုင္တဲ့အခန္းအေပၚထပ္က ေသာ့မခတ္ထားတဲ့ လသာေဆာင္ထဲကေန ဟိုတယ္ထဲကိုဝင္ေရာက္ခဲ့ၾကတာျဖစ္ၿပီး အခန္း(၄)ခန္းထဲကအဖိုးတန္ပစၥည္းေတြကို ခိုးယူခဲ့ၾကသလို မက္ဆီကေတာ့ ကံေကာင္းစြာနဲ႔ အခိုးခံရတဲ့သူေတြထဲမွာ ပါဝင္ပုံမရပါဘူး။
ဒီအျဖစ္အပ်က္က ၿပီးခဲ့တဲ့တစ္ပတ္ဗုဒၶဟူးေန႔တုန္းကျဖစ္ပြားခဲ့တာျဖစ္ၿပီး CCTV မွတ္တမ္းေတြအရ မ်က္ႏွာဖုံးစြပ္ထားတဲ့လူႏွစ္ေယာက္က (၆)လႊာလသာေဆာင္ကေန ကုပ္တြယ္ဆင္းလာၿပီးေတာ့ အခုလိုခိုးယူခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီဟိုတယ္မွာ တည္းခိုေနတဲ့ ဒူဘိုင္းမွာဘ႑ာေရးအႀကံေပးအျဖစ္လုပ္ကိုင္ေနသူအမ်ိဳးသမီးတစ္ဦးဟာ ညေနပိုင္းေလာက္မွာ သူမအခန္းထဲကေနအျပင္ထြက္သြားၿပီး ေနာက္တစ္ေန႔မွာေတာ့ သူမရဲ႕ေပါင္(၃၀၀၀)တန္ေ႐ႊဆြဲႀကိဳး၊ ေပါင္(၅၀၀)တန္နားကပ္နဲ႔ ေငြသားေပါင္(၂၀၀၀)ေပ်ာက္ဆုံးသြားတာကို သတိျပဳမိတာေၾကာင့္ ဟိုတယ္တာဝန္ရွိသူေတြကို တိုင္ၾကားခဲ့ေပမယ့္ တာဝန္ရွိသူေတြက မယုံၾကည္ၾကဘဲ ေနာက္ဆုံးရဲေတြေရာက္လာမွသာ ယုံၾကည္သြားတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ၾသဂုတ္လကတည္းက မက္ဆီဟာ ဇနီးျဖစ္သူအန္တိုနယ္လာ၊ ကေလး(၃)ဦးနဲ႔အတူ Le Royal Monceau ဟိုတယ္က ေပါင္(၁၇၀၀၀)တန္အခန္းမွာေနထိုင္ေနတာျဖစ္ၿပီး အဲဒီအတြက္ ဟိုတယ္တြင္းမွာလုံၿခဳံေရးတိုးျမႇင့္ထားသလို PSG ပရိသတ္ေတြကလည္း မက္ဆီကို ေတြ႕ရေအာင္လို႔ ေန႔တိုင္းလိုလို ဟိုတယ္ေရွ႕မွာေစာင့္ဆိုင္းေနၾကတာပါ။ ဗုဒၶဟူးေန႔က ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ မန္စီးတီးအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့အၿပီးမွာ အခုလိုအျဖစ္အပ်က္ျဖစ္ပြားခဲ့တာေၾကာင့္ မက္ဆီဟာ ပါရီၿမိဳ႕အတြင္းေနအိမ္တစ္လုံးငွားရမ္းေနထိုင္ဖို႔အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မၾကာခင္ေျပာင္းေ႐ႊ႕ေတာ့တယ္လို႔ သတင္းထြက္ေနပါတယ္။
ဟိုတယ္အတြင္းမွာ စီစဥ္ထားရွိတဲ့လုံၿခဳံေရးအကာအကြယ္ေတြဟာ ခ်ိဳးဖ်က္ခံခဲ့ရၿပီး ရဲတပ္ဖြဲ႕ကေတာ့ ဒါက အေတြ႕အႀကဳံရွိတဲ့လူဆိုးဂိုဏ္းတစ္ခုရဲ႕လုပ္ရပ္ျဖစ္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက “လုံၿခဳံေရးအကာအကြယ္ေတြကို စနစ္တက်ဖ်က္ဆီးထားတာကိုေတြ႕ရွိခဲ့ရၿပီး အခုအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္။ သက္ေသအေထာက္အထားေတြအရ ဒါဟာ အေတြ႕အႀကဳံရွိတဲ့လူဆိုးဂိုဏ္းတစ္ခုရဲ႕လက္ခ်က္လို႔ သတ္မွတ္ရမွာပါ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။