
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပီအက်စ်ဂျီအသင်းကတော့ လီဂူးမှာ ၃ ပွဲဆက်တိုက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်ပါတယ်။
မနေ့ကကစားခဲ့တဲ့ ဘရက်စ်နဲ့ပွဲမှာလည်း ၄-၂ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့ပြီး မက်ဆီ၊ နေမာတို့မပါဝင်ခဲ့ပေမယ့် ဂိုးတွေအများကြီးရယူနိုင်ခဲ့ကာ နှစ်ပွဲဆက်တိုက် ၄ ဂိုးနှုန်းသွင်းယူနိုင်ခဲ့ပြီး ဘတ်ပီကလည်း အသင်းတိုက်စစ်ကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ပြိုင်ဘက်အသင်းကို ဘောလုံးပိုင်ဆိုင်မှုတစ်ဖက်သတ်နီးပါးနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုကလည်း တော်တော်လေးရခဲ့ပါတယ်။
ဒါပေမယ့် ပေးဂိုး ၂ ဂိုးအထိ ပြန်လည်ခွင့်ပြုခဲ့ရလို့ သူတို့ရဲ့ခံစစ်ပိုင်းအားနည်းမှုကိုတော့ ပြုပြင်ရဦးမှာဖြစ်ပြီး ရာမို့စ်ကစားပေးနိုင်ချိန်မှာ ပြောင်းလဲပေးနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
အီကာဒီကတော့ ဂိုးပေါက်ပျောက်ခဲ့ပြီး ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ဘတ်ပီ၊ ဟာရဲရား၊ ဂွီယီ နဲ့ ဒီမာရီယာတို့က သွင်းယူပေးခဲ့ကြပါတယ်။
ကစားသမားသစ် ဟာကီမီကတော့ တစ်ပွဲကို ဂိုးဖန်တီးမှုတစ်ကြိမ် (သို့) သွင်းဂိုးတွေ ရရှိအောင်စွမ်းဆောင်ပေးနေကာ ခြေစွမ်းပြနေခဲ့ပါတယ်။
အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်သန်ကစားသမား ဒီမာရီယာဟာ လက်ရှိအချိန်အထိ ပိန်ပိန်ပါးပါးခန္ဓာကိုယ်နဲ့ သွက်သွက်လက်လက်ကစားပြနေဆဲဖြစ်ပြီး ပီအက်စ်ဂျီ အသင်းအတွက်လည်း အဓိကအားကိုးနေရတဲ့ ကစားသမားပါ။
ဘရက်စ်နဲ့ပွဲမှာသွင်းခဲ့တဲ့သွင်းဂိုးနဲ့ တစ်ပုံစံတည်းဆင်တူတဲ့သွင်းဂိုးကို ဒီမာရီယာက ဘရာဇီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းအတွက် သွင်းယူပေးခဲ့ပြီး အဲဒါကိုလည်း ပရိသတ်အချို့က သတိထားမိခဲ့ကြပါတယ်။
ပရိသတ်တွေက “ကိုပါအမေရိကဖိုင်နယ်က သွင်းဂိုးနဲ့ တစ်ပုံစံတည်းပါ။” “ဒီမာရီယာက ဘရာဇီးဘက်ကို သွင်းခဲ့တဲ့သွင်းဂိုးအတိုင်း ပုံစံတူသွင်းဂိုးကို ထပ်ပြီးသွင်းလိုက်ပြန်ပါပြီ။” လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။
မက်ဆီကတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့ ကစားမယ့် ရင်းမ်နဲ့ပွဲမှသာ ပါဝင်ကစားပေးမှာဖြစ်ပါတယ်။
နေမာကလည်း ကြံ့ခိုင်မှုပိုင်း၊ ကိုယ်အလေးချိန်တက်လာတဲ့ ပြဿနာရှိနေပြီး အဲဒီအပိုင်းကို ဖြေရှင်းနေတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီရဲ့ တိုက်စစ်ပိုင်းကတော့ မက်ဆီနဲ့ နေမာတို့ ကစားပေးမယ့်အချိန်ဆိုရင်တော့ ဟန့်တားနိုင်မယ့်အသင်းမရှိလောက်အောင် ထက်မြက်မယ်လို့ ယူဆရပါတယ်။ နေမာ၊ ဘတ်ပီ၊ မက်ဆီတိုက်စစ်အတွဲကို အားလုံးက စောင့်မျှော်နေကြပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မက္ဆီထုတ္မသုံးရေသးခ်ိန္ ပီအက္စ္ဂ်ီ ႏိုင္ပြဲဆက္တဲ့ပြဲက ဒီမာရီယာရဲ႕ ထူးျခားခ်က္
ပီအက္စ္ဂ်ီအသင္းကေတာ့ လီဂူးမွာ ၃ ပြဲဆက္တိုက္ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားကို ဦးေဆာင္ေနၿပီျဖစ္ပါတယ္။ မေန႔ကကစားခဲ့တဲ့ ဘရက္စ္နဲ႔ပြဲမွာလည္း ၄-၂ နဲ႔ အေဝးကြင္းႏိုင္ပြဲရရွိခဲ့ၿပီး မက္ဆီ၊ ေနမာတို႔မပါဝင္ခဲ့ေပမယ့္ ဂိုးေတြအမ်ားႀကီးရယူႏိုင္ခဲ့ကာ ႏွစ္ပြဲဆက္တိုက္ ၄ ဂိုးႏႈန္းသြင္းယူႏိုင္ခဲ့ၿပီး ဘတ္ပီကလည္း အသင္းတိုက္စစ္ကို ဦးေဆာင္ကစားႏိုင္ခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ၿပိဳင္ဘက္အသင္းကို ေဘာလုံးပိုင္ဆိုင္မႈတစ္ဖက္သတ္နီးပါးနဲ႔ ကစားႏိုင္ခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈကလည္း ေတာ္ေတာ္ေလးရခဲ့ပါတယ္။ ဒါေပမယ့္ ေပးဂိုး ၂ ဂိုးအထိ ျပန္လည္ခြင့္ျပဳခဲ့ရလို႔ သူတို႔ရဲ႕ခံစစ္ပိုင္းအားနည္းမႈကိုေတာ့ ျပဳျပင္ရဦးမွာျဖစ္ၿပီး ရာမို႔စ္ကစားေပးႏိုင္ခ်ိန္မွာ ေျပာင္းလဲေပးႏိုင္မလားဆိုတာကလည္း စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။
အီကာဒီကေတာ့ ဂိုးေပါက္ေပ်ာက္ခဲ့ၿပီး ပီအက္စ္ဂ်ီအတြက္ အႏိုင္ဂိုးေတြကို ဘတ္ပီ၊ ဟာရဲရား၊ ဂြီယီ နဲ႔ ဒီမာရီယာတို႔က သြင္းယူေပးခဲ့ၾကပါတယ္။ ကစားသမားသစ္ ဟာကီမီကေတာ့ တစ္ပြဲကို ဂိုးဖန္တီးမႈတစ္ႀကိမ္ (သို႔) သြင္းဂိုးေတြ ရရွိေအာင္စြမ္းေဆာင္ေပးေနကာ ေျခစြမ္းျပေနခဲ့ပါတယ္။
အသက္ (၃၃) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘယ္သန္ကစားသမား ဒီမာရီယာဟာ လက္ရွိအခ်ိန္အထိ ပိန္ပိန္ပါးပါးခႏၶာကိုယ္နဲ႔ သြက္သြက္လက္လက္ကစားျပေနဆဲျဖစ္ၿပီး ပီအက္စ္ဂ်ီ အသင္းအတြက္လည္း အဓိကအားကိုးေနရတဲ့ ကစားသမားပါ။
ဘရက္စ္နဲ႔ပြဲမွာသြင္းခဲ့တဲ့သြင္းဂိုးနဲ႔ တစ္ပုံစံတည္းဆင္တူတဲ့သြင္းဂိုးကို ဒီမာရီယာက ဘရာဇီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ ကိုပါအေမရိကဗိုလ္လုပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ သြင္းယူေပးခဲ့ၿပီး အဲဒါကိုလည္း ပရိသတ္အခ်ိဳ႕က သတိထားမိခဲ့ၾကပါတယ္။
ပရိသတ္ေတြက “ကိုပါအေမရိကဖိုင္နယ္က သြင္းဂိုးနဲ႔ တစ္ပုံစံတည္းပါ။” “ဒီမာရီယာက ဘရာဇီးဘက္ကို သြင္းခဲ့တဲ့သြင္းဂိုးအတိုင္း ပုံစံတူသြင္းဂိုးကို ထပ္ၿပီးသြင္းလိုက္ျပန္ပါၿပီ။” လို႔ မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။
မက္ဆီကေတာ့ လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔ ကစားမယ့္ ရင္းမ္နဲ႔ပြဲမွသာ ပါဝင္ကစားေပးမွာျဖစ္ပါတယ္။ ေနမာကလည္း ႀကံ့ခိုင္မႈပိုင္း၊ ကိုယ္အေလးခ်ိန္တက္လာတဲ့ ျပႆနာရွိေနၿပီး အဲဒီအပိုင္းကို ေျဖရွင္းေနတယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီရဲ႕ တိုက္စစ္ပိုင္းကေတာ့ မက္ဆီနဲ႔ ေနမာတို႔ ကစားေပးမယ့္အခ်ိန္ဆိုရင္ေတာ့ ဟန႔္တားႏိုင္မယ့္အသင္းမရွိေလာက္ေအာင္ ထက္ျမက္မယ္လို႔ ယူဆရပါတယ္။ ေနမာ၊ ဘတ္ပီ၊ မက္ဆီတိုက္စစ္အတြဲကို အားလုံးက ေစာင့္ေမွ်ာ္ေနၾကပါၿပီ။