မက်ဆီထက် ရော်နယ်ဒို ပိုကောင်းတယ်ဆိုသူတွေက ဘောလုံးအကြောင်း နားမလည်သူတွေလို့ ဗန်ဘက်စတန် ပြော

Photo Credit

Photo Credit

နယ်သာလန်ဂန္ထဝင်တိုက်စစ်မှူး မာကိုဗန်ဘက်စတန်က ယခုအချိန်အထိ လူပြောများနေဆဲဖြစ်တဲ့ မက်ဆီ-ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ Debate ထဲ ပါဝင်လာပြီး မက်ဆီထက် ရော်နယ်ဒို ပိုကောင်းတယ်လို့ ပြောသူတွေက တကယ်တော့ ဘောလုံးအကြောင်း နားမလည်သူတွေသာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

Photo Credit

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ လာလီဂါမှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာ အားပြိုင်ခဲ့ကြပြီး မက်ဆီက အမှတ်ပေးချန်ပီယံဆုပိုမိုရရှိခဲ့သလို ရော်နယ်ဒိုကလည်း ၅ရာသီအတွင်း ချန်ပီယံလိဂ်ဖလား ၄ကြိမ်ရရှိခဲ့တဲ့အထိ အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ မက်ဆီက ၂၀၁၉ ရွှေဘောလုံးဆုရယူနိုင်ခဲ့ပြီးနောက် ၆ကြိမ်နဲ့ အများဆုံးရရှိသူအဖြစ် ရပ်တည်နေသလို ရော်နယ်ဒိုကလည်း ၁ကြိမ်အလိုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Photo Credit

”ရော်နယ်ဒိုက ကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ မက်ဆီထက် ရော်နယ်ဒို ပိုကောင်းတယ်လို့ ပြောနေသူတွေက ဘောလုံးအကြောင်း နားမလည်သူတွေပါ။ ဒီလိုမဟုတ်ရင်လည်း သူတို့က အတ္တအစွဲမကင်းသူတွေဖြစ်ပါလိမ့်မယ်။ မက်ဆီဆိုတဲ့ကစားသမားမျိုးက နှစ်ပေါင်း ၅၀၊ ၁၀၀ လောက်မှ တစ်ကြိမ်ပဲထွက်ပေါ်လာတတ်တဲ့ကစားသမားမျိုးဖြစ်ပြီး ကလေးဘဝကတည်းက ပါရမီပါလာသူပါ”လို့ ဗန်ဘက်စတန်က ပြောပါတယ်။

Photo Credit

ဗန်ဘက်စတန်ကိုယ်တိုင်ကလည်း ဂန္ထဝင်တစ်ဦးအဖြစ် ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့သူဖြစ်ပြီး အေဂျက်စ်ကစားသမားဘ၀ ဆယ်ကျော်သက်မှာ ၁၅၂ ပွဲကစား ၁၇၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ပြီး ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

သူဟာ အေစီမီလန်အသင်းနဲ့အတူ ဥရောပဖလား ၂ကြိမ်နဲ့ စီးရီးအေဆုဖလား ၃ကြိမ်ရယူနိုင်ခဲ့သလို နယ်သာလန်အသင်းနဲ့အတူ ယူရို ၈၈ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ မထွက်ပေါ်ခင် ဗန်ဘက်စတန်ဟာ တစ်နိုင်ငံတည်းသား ယိုဟန်ခရိုက်ဖ်၊ ပြင်သစ်ဂန္ထဝင်ကစားသမား ပလာတီနီတို့နဲ့အတူ ရွှေဘောလုံးဆု ၃ကြိမ်ရယူနိုင်တဲ့ ကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ သူဟာ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်ခဲ့ရပြီး တကယ်လို့များ ဒဏ်ရာပြဿနာတွေသာမရခဲ့ရင် ဒီထက်ပိုကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။ ”ကျွန်တော်ဟာ အသက် ၂၈နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကိုပဲ ကြည့်ပါ။ အသက် ၃၀ကျော်မှာ ဘယ်လောက်အထိ ကောင်းနေသေးလဲဆိုတာကိုပေါ့”လို့ ဗန်ဘက်စတန်က ပြောပါတယ်။

Photo Credit

Zawgyi

မက္ဆီထက္ ေရာ္နယ္ဒို ပိုေကာင္းတယ္ဆုိသူေတြက ေဘာလုံးအေၾကာင္း နားမလည္သူေတြလုိ႔ ဗန္ဘက္စတန္ ေျပာ

နယ္သာလန္ဂႏၳ၀င္တုိက္စစ္မွဴး မာကိုဗန္ဘက္စတန္က ယခုအခ်ိန္အထိ လူေျပာမ်ားေနဆဲျဖစ္တဲ့ မက္ဆီ-ေရာ္နယ္ဒို ဘယ္သူပိုေကာင္းလဲဆုိတဲ့ Debate ထဲ ပါ၀င္လာၿပီး မက္ဆီထက္ ေရာ္နယ္ဒို ပိုေကာင္းတယ္လုိ႔ ေျပာသူေတြက တကယ္ေတာ့ ေဘာလုံးအေၾကာင္း နားမလည္သူေတြသာျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။
ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ လာလီဂါမွာ ဆယ္စုႏွစ္တစ္ခုနီးပါးၾကာ အားၿပိဳင္ခဲ့ၾကၿပီး မက္ဆီက အမွတ္ေပးခ်န္ပီယံဆုပိုမိုရရွိခဲ့သလုိ ေရာ္နယ္ဒိုကလည္း ၅ရာသီအတြင္း ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္ရရွိခဲ့တဲ့အထိ ေအာင္ျမင္မႈရယူႏိုင္ခဲ့ပါတယ္။ မက္ဆီက ၂၀၁၉ ေရႊေဘာလုံးဆုရယူႏိုင္ခဲ့ၿပီးေနာက္ ၆ႀကိမ္နဲ႔ အမ်ားဆုံးရရွိသူအျဖစ္ ရပ္တည္ေနသလုိ ေရာ္နယ္ဒိုကလည္း ၁ႀကိမ္အလိုနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
”ေရာ္နယ္ဒိုက ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးပါ။ ဒါေပမ့ဲ မက္ဆီထက္ ေရာ္နယ္ဒို ပိုေကာင္းတယ္လုိ႔ ေျပာေနသူေတြက ေဘာလုံးအေၾကာင္း နားမလည္သူေတြပါ။ ဒီလိုမဟုတ္ရင္လည္း သူတို႔က အတၱအစဲြမကင္းသူေတြျဖစ္ပါလိမ့္မယ္။ မက္ဆီဆိုတဲ့ကစားသမားမ်ိဳးက ႏွစ္ေပါင္း ၅၀၊ ၁၀၀ ေလာက္မွ တစ္ႀကိမ္ပဲထြက္ေပၚလာတတ္တဲ့ကစားသမားမ်ိဳးျဖစ္ၿပီး ကေလးဘ၀ကတည္းက ပါရမီပါလာသူပါ”လုိ႔ ဗန္ဘက္စတန္က ေျပာပါတယ္။
ဗန္ဘက္စတန္ကိုယ္တုိင္ကလည္း ဂႏၳ၀င္တစ္ဦးအျဖစ္ ကမၻာ့ေဘာလုံးေလာကကို လႊမ္းမုိးႏိုင္ခဲ့သူျဖစ္ၿပီး ေအဂ်က္စ္ကစားသမားဘ၀ ဆယ္ေက်ာ္သက္မွာ ၁၅၂ ပြဲကစား ၁၇၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ေအစီမီလန္ကို ေျပာင္းေရႊ႕သြားခဲ့ၿပီး ၁၉၈၀ ေႏွာင္းပိုင္းနဲ႔ ၁၉၉၀ အေစာပိုင္းႏွစ္ေတြမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
သူဟာ ေအစီမီလန္အသင္းနဲ႔အတူ ဥေရာပဖလား ၂ႀကိမ္နဲ႔ စီးရီးေအဆုဖလား ၃ႀကိမ္ရယူႏိုင္ခဲ့သလို နယ္သာလန္အသင္းနဲ႔အတူ ယူ႐ို ၈၈ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ မက္ဆီနဲ႔ ေရာ္နယ္ဒိုတုိ႔ မထြက္ေပၚခင္ ဗန္ဘက္စတန္ဟာ တစ္ႏိုင္ငံတည္းသား ယိုဟန္ခ႐ိုက္ဖ္၊ ျပင္သစ္ဂႏၳ၀င္ကစားသမား ပလာတီနီတုိ႔နဲ႔အတူ ေရႊေဘာလုံးဆု ၃ႀကိမ္ရယူႏိုင္တဲ့ ကစားသမားအျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ကစားသမားဘ၀ကို ေစာစီးစြာ အဆုံးသတ္ခဲ့ရၿပီး တကယ္လုိ႔မ်ား ဒဏ္ရာျပႆနာေတြသာမရခဲ့ရင္ ဒီထက္ပိုေကာင္းလာႏုိင္တယ္လုိ႔ ဆုိပါတယ္။ ”ကၽြန္ေတာ္ဟာ အသက္ ၂၈ႏွစ္အရြယ္မွာ ကစားသမားဘ၀ကေန အနားယူခဲ့ရပါတယ္။ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ကိုပဲ ၾကည့္ပါ။ အသက္ ၃၀ေက်ာ္မွာ ဘယ္ေလာက္အထိ ေကာင္းေနေသးလဲဆုိတာကိုေပါ့”လုိ႔ ဗန္ဘက္စတန္က ေျပာပါတယ္။