မက်ဆီထက် စာချုပ်ဖျက်သိမ်းကြေးထက်တောင် ပိုများနေတဲ့ ဗယ်လ်ဗာဒီရဲ့စာချုပ်ဖျက်သိမ်းကြေး

Photo Credit

Photo Credit

ရီးရဲလ်ကွင်းလယ်လူ ဖီဒရီကိုဗယ်လ်ဗာဒီဟာ မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီမှာ အားလုံးကို အံ့အားသင့်သွားစေတာက သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးဖြစ်ပြီး ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီထက်တောင် စာချုပ်ဖျက်သိမ်းကြေးက ပိုများနေပါတယ်။

Photo Credit

လာလီဂါမှာ ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေအရ ကလပ်အသင်းတွေဟာ ကစားသမားတွေကို စာချုပ်ချုပ်ဆိုရာမှာ စာချုပ်ဖျက်သိမ်းကြေးအနည်းဆုံးကို မဖြစ်မနေထည့်သွင်းချုပ်ဆိုရပါတယ်။ ဒါပေမဲ့ အသင်းအများစုကတော့ ကစားသမားတွေကို အလွယ်တကူမဆုံးရှုံးရအောင်လို့ စာချုပ်ဖျက်သိမ်းကြေးကို မဖြစ်နိုင်လောက်တဲ့ပမာဏအထိ ထည့်သွင်းချုပ်ဆိုလေ့ရှိပါတယ်။

Photo Credit

ဒါပေမဲ့ အဲဒီလိုလုပ်တာကလည်း ကိုယ့်ကစားသမားကို ကာကွယ်နိုင်လိမ့်မယ်လို့ ယတိပြတ်ပြောလို့မရဘဲ ၂၀၁၇ နွေရာသီကဆိုရင် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာတိုက်စစ်မှူး နေမာကို စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူခဲ့ပါတယ်။ ရီးရဲလ်က ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးတွေကို မဖြစ်နိုင်လောက်တဲ့ပမာဏထည့်သွင်းချုပ်ဆိုတဲ့နေရာမှာ အများဆုံးအသင်းဖြစ်ပါတယ်။

Photo Credit

အခုလည်း ဗယ်လ်ဗာဒီကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၄၀အထိ ထည့်သွင်းချုပ်ဆိုခဲ့ရာ ဒုတိယမြောက်အများဆုံးစာချုပ်ဖျက်သိမ်းကြေးဖြစ်လာပါတယ်။ ဥရုဂွေးကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ ယခုရာသီမှာ အသင်းရဲ့ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ကွင်းလယ်မှာ ကက်စ်မဲရိုး၊ တိုနီခရူးစ်(သို့)မိုဒရစ်တို့နဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရနေပါတယ်။

Photo Credit

ဒီအတွက်ကြောင့် မက်ဆီလည်း စာချုပ်ဖျက်သိမ်းကြေးအများဆုံးစာရင်းမှာ တတိယနေရာရောက်သွားပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၆၂၀ ရှိပါတယ်။ မက်ဆီနဲ့အတူ တတိယနေရာမှာ ပူးတွဲရပ်တည်နေတာက နောက်ထပ်ရီးရဲလ်ကွင်းလယ်လူဖြစ်တဲ့ အစ္စကိုဖြစ်ပြီး ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့တောင်ပံကစားသမား အဆန်စီယိုရဲ့စာချုပ်ဖျက်သိမ်းကြေးကလည်း ပေါင်သန်း ၆၂၀ပါပဲ။

Photo Credit

ကမ္ဘာ့ဘောလုံးလောကရဲ့စာချုပ်ဖျက်သိမ်းကြေးအမြင့်မားဆုံးကစားသမားကတော့ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားဖြစ်ပြီး ပေါင် ၈၈၆သန်းအထိရှိရာ ဒုတိယနေရာက အသင်းဖော်ကွင်းလယ်လူ ဗယ်လ်ဗာဒီထက် ပေါင် ၂၄၆သန်းအထိ ပိုများနေပါတယ်။

Photo Credit

Zawgyi

မက္ဆီထက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးထက္ေတာင္ ပိုမ်ားေနတဲ့ ဗယ္လ္ဗာဒီရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကး

ရီးရဲလ္ကြင္းလယ္လူ ဖီဒရီကိုဗယ္လ္ဗာဒီဟာ မၾကာေသးခင္ကမွ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ပါတယ္။ အဲဒီမွာ အားလုံးကို အံ့အားသင့္သြားေစတာက သူ႕ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးျဖစ္ၿပီး ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီထက္ေတာင္ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ပိုမ်ားေနပါတယ္။

လာလီဂါမွာ ထုတ္ျပန္ထားတဲ့စည္းမ်ဥ္းေတြအရ ကလပ္အသင္းေတြဟာ ကစားသမားေတြကို စာခ်ဳပ္ခ်ဳပ္ဆုိရာမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးအနည္းဆုံးကုိ မျဖစ္မေနထည့္သြင္းခ်ဳပ္ဆုိရပါတယ္။ ဒါေပမဲ့ အသင္းအမ်ားစုကေတာ့ ကစားသမားေတြကို အလြယ္တကူမဆုံး႐ံႈးရေအာင္လုိ႔ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို မျဖစ္ႏုိင္ေလာက္တဲ့ပမာဏအထိ ထည့္သြင္းခ်ဳပ္ဆုိေလ့ရွိပါတယ္။

ဒါေပမဲ့ အဲဒီလုိလုပ္တာကလည္း ကုိယ့္ကစားသမားကို ကာကြယ္ႏိုင္လိမ့္မယ္လုိ႔ ယတိျပတ္ေျပာလုိ႔မရဘဲ ၂၀၁၇ ေႏြရာသီကဆုိရင္ ပီအက္စ္ဂ်ီအသင္းက ဘာစီလုိနာတုိက္စစ္မွဴး ေနမာကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပးၿပီး ေခၚယူခဲ့ပါ တယ္။ ရီးရဲလ္က ကစားသမားရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးေတြကို မျဖစ္ႏိုင္ေလာက္တဲ့ ပမာဏထည့္သြင္းခ်ဳပ္ ဆိုတဲ့ေနရာ မွာ အမ်ားဆုံးအသင္းျဖစ္ပါတယ္။

အခုလည္း ဗယ္လ္ဗာဒီကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၆၄၀အထိ ထည့္သြင္းခ်ဳပ္ဆိုခဲ့ရာ ဒုတိယေျမာက္ အမ်ားဆုံး စာခ်ဳပ္ဖ်က္သိမ္းေၾကးျဖစ္လာပါတယ္။ ဥ႐ုေဂြးကြင္းလယ္လူ ဗယ္လ္ဗာဒီဟာ ယခုရာသီမွာ အသင္းရဲ႕ေျခစြမ္း အတည္ ၿငိမ္ဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး ကြင္းလယ္မွာ ကက္စ္မဲ႐ုိး၊ တုိနီခ႐ူးစ္(သို႔)မိုဒရစ္တုိ႔နဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ ရေနပါတယ္။

ဒီအတြက္ေၾကာင့္ မက္ဆီလည္း စာခ်ဳပ္ဖ်က္သိမ္းေၾကးအမ်ားဆုံးစာရင္းမွာ တတိယေနရာေရာက္သြားၿပီး သူ႕ရဲ႕စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္သန္း ၆၂၀ ရိွပါတယ္။ မက္ဆီနဲ႔အတူ တတိယေနရာမွာ ပူးတြဲရပ္တည္ေနတာက ေနာက္ထပ္ ရီးရဲလ္ကြင္းလယ္လူျဖစ္တဲ့ အစၥကိုျဖစ္ၿပီး ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရတဲ့ေတာင္ပံကစားသမား အဆန္စီယုိ ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ေပါင္သန္း ၆၂၀ပါပဲ။

ကမၻာ့ေဘာလုံးေလာကရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးအျမင့္မားဆုံးကစားသမားကေတာ့ ရီးရဲလ္တုိက္စစ္မွဴး ဘန္ဇီးမားျဖစ္ၿပီး ေပါင္ ၈၈၆သန္းအထိရွိရာ ဒုတိယေနရာက အသင္းေဖာ္ကြင္းလယ္လူ ဗယ္လ္ဗာဒီထက္ ေပါင္ ၂၄၆သန္းအထိ ပိုမ်ားေနပါတယ္။