မက်ဆီတို့ ကံဆိုးချက်က ရာသီဥတုကိုယ့်ဘက်မပါလို့ အထူးဂျာစီ ဝတ်ကစားခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်လာလီဂါမှာ ဆုဖလားရရှိရေးအတွက် အက်သလက်တီကိုနဲ့အပြိုင်ဖြစ်နေတဲ့ ရီးရဲလ်နဲ့ ဘာကာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာတော့ ရီးရဲလ်က ၂-၁ နဲ့ အနိုင်ယူသွားခဲ့ပါပြီ။ မက်ဆီဦးဆောင်လာတဲ့ ဘာစီလိုနာဟာ အဝေးကွင်းမှာ မက်ဒရစ်ကိုအရှုံးပေးခဲ့ရပြီး ဒီရာသီမှာ ရီးရဲလ်ကို အနိုင်မရရှိတဲ့မှတ်တမ်းကို ရရှိခဲ့သလို မက်ဆီကလည်း အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဂိုးပေါက်ထပ်ပျောက်ခဲ့ပြီး ကျိန်စာသင့်နေဆဲပဲဖြစ်ခဲ့ရပါတယ်။

ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ မဟာပြိုင်ဘက် ရော်နယ်ဒို နောက်ဆုံးပွဲအဖြစ် ဘာစီလိုနာနဲ့ကစားခဲ့တဲ့ ၂၀၁၈ခုနှစ် မေလ နောက်ပိုင်း အယ်လ်ကလက်စီကိုဒါဘီမှာ ဂိုးသွင်းထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲမှာ မိုးကလည်း တော်တော်လေးရွာခဲ့ပါတယ်။ပထမပိုင်းကတည်းကရွာနေတဲ့မိုးကြောင့် ကစားသမားတွေဟာ အတော်လေးအေးတဲ့ဒဏ်ကိုခံစားနေရတာကြောင့် ဒုတိယပိုင်းမှာတော့ ဂျာစီလဲလှယ်ပြီးဆော့ခဲ့ရပါတယ်။

ကစားသမားတိုင်းလိုလို ပုံမှန် ဂျာစီအသစ်နဲ့ ပြန်ဝင်လာခဲ့ပေမယ့် မက်ဆီ ကတော့ သူ့အတွက် အထူးစီစဉ်ထားတဲ့ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတဲ့ ဂျာစီလက်ရှည်ကိုဝတ်ဆင်ကစားခဲ့တာပါ။ပထမပိုင်းမှာကတည်းက မက်ဆီဟာ ခိုက်ခိုက်တုန်ချမ်းနေခဲ့တာပါ။

တစ်ဖက်က ပွဲနဲ့ ပတ်သက်တဲ့ မှတ်တမ်းကောင်း တစ်ခုကတော့ ရီးရဲလ်မက်ဒရစ်က ယခုနှစ်ဘောလုံးရာသီမှာကစားခဲ့တဲ့ ၂ ကျော့လုံးကို အနိုင်ရခဲ့တာကြောင့် အခုလို ၂ ကျော့လုံးအနိုင်ရခဲ့ဖူးတာဟာ ၂၀၀၇-၀၈ ဘောလုံးရာသီက နောက်ဆုံးဖြစ်ခဲ့ပြီး ၁၃ နှစ်အကြာမှသာ အခုလို မှတ်တမ်းကောင်းတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ နောက်ဆုံးသုံးပွဲဆက် အနိုင်ရခဲ့ပြီး အဲဒါဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီတို႔ ကံဆိုးခ်က္က ရာသီဥတုကိုယ့္ဘက္မပါလို႔ အထူးဂ်ာစီ ဝတ္ကစားခဲ့ရ

စပိန္လာလီဂါမွာ ဆုဖလားရရွိေရးအတြက္ အက္သလက္တီကိုနဲ႔အၿပိဳင္ျဖစ္ေနတဲ့ ရီးရဲလ္နဲ႔ ဘာကာတို႔ရဲ႕ အယ္လ္ကလက္စီကိုပြဲစဥ္မွာေတာ့ ရီးရဲလ္က ၂-၁ နဲ႔ အႏိုင္ယူသြားခဲ့ပါၿပီ။

မက္ဆီဦးေဆာင္လာတဲ့ ဘာစီလိုနာဟာ အေဝးကြင္းမွာ မက္ဒရစ္ကိုအရႈံးေပးခဲ့ရၿပီး ဒီရာသီမွာ ရီးရဲလ္ကို အႏိုင္မရရွိတဲ့မွတ္တမ္းကို ရရွိခဲ့သလို မက္ဆီကလည္း အယ္လ္ကလက္စီကိုပြဲစဥ္မွာ ဂိုးေပါက္ထပ္ေပ်ာက္ခဲ့ၿပီး က်ိန္စာသင့္ေနဆဲပဲျဖစ္ခဲ့ရပါတယ္။

ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္တဲ့ မက္ဆီဟာ သူ႔ရဲ႕ မဟာၿပိဳင္ဘက္ ေရာ္နယ္ဒို ေနာက္ဆုံးပြဲအျဖစ္ ဘာစီလိုနာနဲ႔ကစားခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေမလ ေနာက္ပိုင္း အယ္လ္ကလက္စီကိုဒါဘီမွာ ဂိုးသြင္းထားႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ အယ္လ္ကလက္စီကိုပြဲမွာ မိုးကလည္း ေတာ္ေတာ္ေလး႐ြာခဲ့ပါတယ္။ပထမပိုင္းကတည္းက႐ြာေနတဲ့မိုးေၾကာင့္ ကစားသမားေတြဟာ အေတာ္ေလးေအးတဲ့ဒဏ္ကိုခံစားေနရတာေၾကာင့္ ဒုတိယပိုင္းမွာေတာ့ ဂ်ာစီလဲလွယ္ၿပီးေဆာ့ခဲ့ရပါတယ္။

ကစားသမားတိုင္းလိုလို ပုံမွန္ ဂ်ာစီအသစ္နဲ႔ ျပန္ဝင္လာခဲ့ေပမယ့္ မက္ဆီ ကေတာ့ သူ႔အတြက္ အထူးစီစဥ္ထားတဲ့ ခႏၶာကိုယ္အပူခ်ိန္ကိုထိန္းညႇိေပးတဲ့ ဂ်ာစီလက္ရွည္ကိုဝတ္ဆင္ကစားခဲ့တာပါ။ပထမပိုင္းမွာကတည္းက မက္ဆီဟာ ခိုက္ခိုက္တုန္ခ်မ္းေနခဲ့တာပါ။

တစ္ဖက္က ပြဲနဲ႔ ပတ္သက္တဲ့ မွတ္တမ္း​ေကာင္း တစ္ခုက​ေတာ့ ရီးရဲလ္မက္ဒရစ္က ယခုႏွစ္ေဘာလုံးရာသီမွာကစားခဲ့တဲ့ ၂ ေက်ာ့လုံးကို အႏိုင္ရခဲ့တာ​ေၾကာင့္ အခုလို ၂ ေက်ာ့လုံးအႏိုင္ရခဲ့ဖူးတာဟာ ၂၀၀၇-၀၈ ေဘာလုံးရာသီက ေနာက္ဆုံးျဖစ္ခဲ့ၿပီး ၁၃ ႏွစ္အၾကာမွသာ အခုလို မွတ္တမ္းေကာင္းတစ္ခုကို ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဘာစီလိုနာနဲ႔ ကစားခဲ့တဲ့ ေနာက္ဆုံးသုံးပြဲဆက္ အႏိုင္ရခဲ့ၿပီး အဲဒါဟာ ၁၉၇၈ ခုႏွစ္ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။