မက်ဆီတိတ်ဆိတ်ခဲ့ရပြီး ဂရစ်ဇ်မန်းရဲ့ချေပဂိုးနဲ့ အီတလီမှာ သရေရခဲ့တဲ့ ဘာစီလိုနာ

photo-daily mail

photo-gettyimages

အီတလီနိုင်ငံ၊ နေပယ်မြို့က နာပိုလီနဲ့ ဘာစီလိုနာတို့ရဲ့ပထမအကျော့ကတော့ ၁-၁ သရေနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အသင်းက စတင်ဦးဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာက နောက်မှ ချေပဂိုးလိုက်သွင်းနိုင်ခဲ့ကာ သရေရလဒ်နဲ့အတူ အဝေးဂိုးတစ်ဂိုးတော့ ယူနိုင်ခဲ့ပါတယ်။

photo-reuters

ဘာစီလိုနာဟာ ပထမပိုင်းမှာကတည်းက စုစုစည်းစည်းကျစ်ကျစ်လစ်လစ်နဲ့ ကစားသွားတဲ့ အိမ်ရှင်အသင်းကို ထိထိရောက်ရောက်ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲချိန်မိနစ် ၃၀ ရောက်တော့ မာတန်းစ်က နာပိုလီအတွက် ဦးဆောင်ဂိုးကို ၁၈ ကိုက်အကွာကနေ ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ အဲဒီဂိုးကြောင့် သူဟာ နာပိုလီသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်တဲ့ ဟမ်ဆစ်ရဲ့၁၂၁ ဂိုးစံချိန်ကိုလိုက်မီသွားပြီး နာပိုလီရဲ့ပူးတွဲထိပ်တန်းဂိုးသွင်းဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာကတော့ ပထမပိုင်းပြီးချိန်အထိ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်မှကို မရှိခဲ့ပါဘူး။ ဒုတိယပိုင်း ၅၇ မိနစ်ရောက်မှသာ ဆီမီဒိုရဲ့အနိမ့်ဘောဖြတ်ပို့ပေးမှုကနေ ဂရစ်ဇ်မန်းက ချေပဂိုးသွင်းပေးနိုင်ခဲ့တာပါ။ ဒီပွဲမှာ နာပိုလီဟာ အနိုင်ရနိုင်မယ့်အခွင့်အလမ်းတွေရခဲ့ပေမယ့် အင်ဆစ်ဂ်နီနဲ့ကယ်လီဂျွန်တို့ရဲ့အပိုင်ကြိုးပမ်းမှုတွေကို ဘာစီလိုနာဂိုးသမားတာစတီဂန် လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဘာစီလိုနာရဲ့ဗီဒယ်ဟာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရသေးတယ်။

photo-gettyimages

ဘာစီလိုနာဟာ အဲဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းရှိခဲ့ပေမယ့် တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် ၂ ချက်သာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေ အီဘာနဲ့လာလီဂါပွဲတုန်းက ၄ ဂိုးသွင်းခဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဒီပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ မာရာဒိုနာရဲ့ကွင်းဟောင်းမှာ တိတ်ဆိတ်ခဲ့ရပါတယ်။

[Zawgyi]

မက္ဆီတိတ္ဆိတ္ခဲ့ရၿပီး ဂရစ္ဇ္မန္းရဲ႕ေခ်ပဂိုးနဲ႔ အီတလီမွာ သေရရခဲ့တဲ့ ဘာစီလိုနာ

အီတလီႏိုင္ငံ၊ ေနပယ္ၿမိဳ႕က နာပိုလီနဲ႔ ဘာစီလိုနာတုိ႔ရဲ႕ပထမအေက်ာ့ကေတာ့ ၁-၁ သေရနဲ႔သာ အဆုံးသတ္သြားခဲ့ပါတယ္။ ဒီပြဲမွာ အိမ္ရွင္အသင္းက စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဘာစီလုိနာက ေနာက္မွ ေခ်ပဂိုးလိုက္သြင္းႏိုင္ခဲ့ကာ သေရရလဒ္နဲ႔အတူ အေ၀းဂိုးတစ္ဂိုးေတာ့ ယူႏုိင္ခဲ့ပါတယ္။

ဘာစီလုိနာဟာ ပထမပိုင္းမွာကတည္းက စုစုစည္းစည္းက်စ္က်စ္လစ္လစ္နဲ႔ ကစားသြားတဲ့ အိမ္ရွင္အသင္းကို ထိထိေရာက္ေရာက္ထိုးေဖာက္ႏို္င္ျခင္း မရွိခဲ့ပါဘူး။ ပြဲခ်ိန္မိနစ္ ၃၀ ေရာက္ေတာ့ မာတန္းစ္က နာပိုလီအတြက္ ဦးေဆာင္ဂိုးကို ၁၈ ကုိက္အကြာကေန ေ၀့၀ိုက္ကန္ခ်က္နဲ႔ သြင္းယူေပးခဲ့ပါတယ္။ အဲဒီဂိုးေၾကာင့္ သူဟာ နာပိုလီသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုးသြင္းထားသူျဖစ္တဲ့ ဟမ္ဆစ္ရဲ႕၁၂၁ ဂိုးစံခ်ိန္ကိုလိုက္မီသြားၿပီး နာပိုလီရဲ႕ပူးတြဲထိပ္တန္းဂိုးသြင္းျဖစ္လာခဲ့ပါတယ္။ ဘာစီလိုနာကေတာ့ ပထမပိုင္းၿပီးခ်ိန္အထိ ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္မွကုိ မရွိခဲ့ပါဘူး။ ဒုတိယပိုင္း ၅၇ မိနစ္ေရာက္မွသာ ဆီမီဒိုရဲ႕အနိမ့္ေဘာျဖတ္ပို႔ေပးမႈကေန ဂရစ္ဇ္မန္းက ေခ်ပဂိုးသြင္းေပးႏိုင္ခဲ့တာပါ။ ဒီပြဲမွာ နာပုိလီဟာ အႏိုင္ရႏိုင္မယ့္အခြင့္အလမ္းေတြရခဲ့ေပမယ့္ အင္ဆစ္ဂ္နီနဲ႔ကယ္လီဂၽြန္တုိ႔ရဲ႕အပိုင္ႀကိဳးပမ္းမႈေတြကို ဘာစီလိုနာဂိုးသမားတာစတီဂန္ လက္စြမ္းျပကာကြယ္သြားခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ ဘာစီလိုနာရဲ႕ဗီဒယ္ဟာ ႏွစ္၀ါတစ္နီနဲ႔ အထုတ္ခံခဲ့ရေသးတယ္။

ဘာစီလုိနာဟာ အဲဒီပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းရွိခဲ့ေပမယ့္ တစ္ပြဲလုံးမွာ ဂိုးေပါက္တည့္ကန္ခ်က္ ၂ ခ်က္သာ ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့စေန အီဘာနဲ႔လာလီဂါပဲြတုန္းက ၄ ဂိုးသြင္းခဲ့တဲ့ ဘာစီလုိနာအသင္းေခါင္းေဆာင္မက္ဆီဟာ ဒီပြဲမွာေတာ့ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ မာရာဒိုနာရဲ႕ကြငး္ေဟာင္းမွာ တိတ္ဆိတ္ခဲ့ရပါတယ္။