မက်ဆီတင်ရှိထားတဲ့ ချန်ပီယံလိဂ်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့သူ ပူလီဆစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ ပေါ်တိုအသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲမှာ ဘာစီလိုနာ နာမည်ကျော်ကစားသမား မက်ဆီတင်ရှိထားတဲ့ ချန်ပီယံလိဂ်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပေါ်တိုကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် ပူလီဆစ်ဟာ အသင်းအတွက်အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေက သူ့ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ မကြာခဏပြစ်ဒဏ်ကျူးလွန်ခဲ့ကြပါတယ်။ ပူလီဆစ်ကြောင့် ချယ်လ်ဆီးအသင်းရခဲ့တဲ့ ပြစ်ဒဏ်ဘောအရေအတွက်က (၁၁)ကြိမ်အထိရှိခဲ့တဲ့အတွက် မက်ဆီနောက်ပိုင်း ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ပြစ်ဒဏ်အကျူးလွန်ခံရဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

၂၀၁၁ ခုနှစ်တုန်းက ဆီမီးဖိုင်နယ်ပွဲအဖြစ် ရီးယဲလ်နဲ့ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ ပြစ်ဒဏ်ဘော(၁၁)ကြိမ်အထိရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ ပြစ်ဒဏ်အကျူးလွန်ခံရမှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ပူလီဆစ်က အဲဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်ဟာ ချယ်လ်ဆီးအသင်းကို တူချယ်လ်စတင်ကိုင်တွယ်တဲ့အချိန်တုန်းက ပုံမှန်ကစားခွင့်မရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပွဲထွက်ခွင့်ပြန်ရနေပြီး ပြီးခဲ့တဲ့တစ်ပတ်က ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ မိနစ်(၉၀)ပြည့်ကစားခွင့်ရခဲ့သလို အခုပေါ်တိုနဲ့ပွဲမှာလည်း ပွဲထွက်ခွင့်ဆက်လက်ရရှိခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်အနေနဲ့ ပြီးခဲ့တဲ့လတွေအတွင်း အသင်းအတွက် ဂိုးပေါက်ပျောက်ခဲ့သလို သူကိုယ်တိုင်ကလည်း ၂၀၂၀-၂၁ ရာသီဟာ သူမျှော်လင့်သလိုဖြစ်မလာခဲ့ဘူးလို့ မကြာသေးမီက ဝန်ခံပြောဆိုခဲ့ပါတယ်။

“ဒီရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒဏ်ရာပြဿနာတွေသာမက ပုံမှန်ကစားခွင့်ရဖို့လည်း ရုန်းကန်ခဲ့ရတာပါ။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ ခံစားမိပါတယ်”။ ချယ်လ်ဆီးအသင်းဟာ ပေါ်တိုအသင်းကို အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်(၂-၁)ဂိုးနဲ့ ၂၀၁၁-၁၂ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

ချယ်လ်ဆီးအသင်းအနေနဲ့ ပေါ်တိုနဲ့ပွဲအပြီး လာမယ့်တစ်ပတ်စနေနေ့ကျရင် FA ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ပွဲ​ကျပ်ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီတင္ရွိထားတဲ့ ခ်န္ပီယံလိဂ္မွတ္တမ္းတစ္ခုကို ပိုင္ဆိုင္ခဲ့သူ ပူလီဆစ္

ခ်ယ္လ္ဆီးအသင္း ေတာင္ပံတိုက္စစ္ကစားသမား ပူလီဆစ္ဟာ ေပၚတိုအသင္းနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ဒုတိယအေက်ာ့ပြဲမွာ ဘာစီလိုနာ နာမည္ေက်ာ္ကစားသမား မက္ဆီတင္ရွိထားတဲ့ ခ်န္ပီယံလိဂ္မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ ေပၚတိုကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ ပူလီဆစ္ဟာ အသင္းအတြက္အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ခံစစ္ကစားသမားေတြက သူ႔ကိုထိန္းခ်ဳပ္ႏိုင္ျခင္းမရွိဘဲ မၾကာခဏျပစ္ဒဏ္က်ဴးလြန္ခဲ့ၾကပါတယ္။ ပူလီဆစ္ေၾကာင့္ ခ်ယ္လ္ဆီးအသင္းရခဲ့တဲ့ ျပစ္ဒဏ္ေဘာအေရအတြက္က (၁၁)ႀကိမ္အထိရွိခဲ့တဲ့အတြက္ မက္ဆီေနာက္ပိုင္း ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ ျပစ္ဒဏ္အက်ဴးလြန္ခံရဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။

၂၀၁၁ ခုႏွစ္တုန္းက ဆီမီးဖိုင္နယ္ပြဲအျဖစ္ ရီးယဲလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ မက္ဆီဟာ ျပစ္ဒဏ္ေဘာ(၁၁)ႀကိမ္အထိရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ပြဲစဥ္တစ္ပြဲမွာ ျပစ္ဒဏ္အက်ဴးလြန္ခံရမႈအမ်ားဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုအၾကာမွာ ပူလီဆစ္က အဲဒီမွတ္တမ္းကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ပူလီဆစ္ဟာ ခ်ယ္လ္ဆီးအသင္းကို တူခ်ယ္လ္စတင္ကိုင္တြယ္တဲ့အခ်ိန္တုန္းက ပုံမွန္ကစားခြင့္မရခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ပြဲထြက္ခြင့္ျပန္ရေနၿပီး ၿပီးခဲ့တဲ့တစ္ပတ္က ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ မိနစ္(၉၀)ျပည့္ကစားခြင့္ရခဲ့သလို အခုေပၚတိုနဲ႔ပြဲမွာလည္း ပြဲထြက္ခြင့္ဆက္လက္ရရွိခဲ့တာျဖစ္ပါတယ္။ ပူလီဆစ္အေနနဲ႔ ၿပီးခဲ့တဲ့လေတြအတြင္း အသင္းအတြက္ ဂိုးေပါက္ေပ်ာက္ခဲ့သလို သူကိုယ္တိုင္ကလည္း ၂၀၂၀-၂၁ ရာသီဟာ သူေမွ်ာ္လင့္သလိုျဖစ္မလာခဲ့ဘူးလို႔ မၾကာေသးမီက ဝန္ခံေျပာဆိုခဲ့ပါတယ္။

“ဒီရာသီမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒဏ္ရာျပႆနာေတြသာမက ပုံမွန္ကစားခြင့္ရဖို႔လည္း ႐ုန္းကန္ခဲ့ရတာပါ။ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္ဟာ ႀကံ့ခိုင္မႈအျပည့္ရွိေနၿပီလို႔ ခံစားမိပါတယ္”။ ခ်ယ္လ္ဆီးအသင္းဟာ ေပၚတိုအသင္းကို အိမ္ကြင္းမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ ႏွစ္ေက်ာ့ေပါင္းရလဒ္(၂-၁)ဂိုးနဲ႔ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါၿပီ။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ေပၚတိုနဲ႔ပြဲအၿပီး လာမယ့္တစ္ပတ္စေနေန႔က်ရင္ FA ဖလား ဆီမီးဖိုင္နယ္ပြဲအျဖစ္ မန္စီးတီးအသင္းနဲ႔ ပြဲ​က်ပ္ယွဥ္ၿပိဳင္ကစားရမွာလည္းျဖစ္ပါတယ္။