
photo-gettyimages
photo-gettyimages
လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီဟာ စံချိန်ပေါင်းများစွာကို တင်နိုင်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ကစားသမားဘဝမှာ စုစုပေါင်း ၇၀၃ ဂိုးတောင်သွင်းနိုင်ခဲ့ပြီး အများစုက ကလပ်အသင်းဘာစီလိုနာအတွက် ဖြစ်ပါတယ်။ အဲဒီထဲမှာ သူဂိုးအများသွင်းခဲ့တဲ့ပြိုင်ဘက်ကလပ် ၅ ခုကို ဖော်ပြပေးရမယ်ဆိုရင်….
photo-gettyimages
ဆီဗီလာ(၃၇ ဂိုး)
မက်ဆီဟာ ဆီဗီလာနဲ့ ပွဲ ၃၀ ရင်ဆိုင်ခဲ့ပြီး ၃၇ ဂိုးသွင်းခဲ့တာပါ။ ဆီဗီလာဘက်ကို သူနောက်ဆုံးဂိုးသွင်းခဲ့တာက ၄-၀ ဂိုးနဲ့အနိုင်ရတဲ့ ၂၀၁၉ အောက်တိုဘာမှာဖြစ်ပြီး သူပထမဆုံးသွင်းနိုင်ခဲ့တာက ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၀၆ အောက်တိုဘာတုန်းက ပွဲဖြစ်ပါတယ်။
အက်သလက်တီကို(၃၁ ဂိုး)
အက်သလက်တီကိုဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် မက်ဆီ ဒုတိယအများဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ပြိုင်ဘက်ဖြစ်ပါတယ်။ အက်သလက်တီကိုဘက်ကို သူပထမဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တာက ၆-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၀၇ မေလက ပွဲဖြစ်ပါတယ်။
ဗလင်စီယာ(၂၈ ဂိုး)
ဗလင်စီယာဘက်ကို မက်ဆီပထမဆုံးဂိုးသွင်းခဲ့တာက ၆-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၀၈ မေလက ပွဲဖြစ်ပါတယ်။ သူဟာ ဗလင်စီယာဘက်ကို ဟက်ထရစ် ၃ ကြိမ်သွင်းဖူးပြီး မှတ်မှတ်ရရတစ်ပွဲမှာဆိုရင် ၄ ဂိုးတောင် သွင်းနိုင်ခဲ့ပါတယ်။
photo-gettyimages
ရီးရဲလ်မက်ဒရစ်(၂၇ ဂိုး)
သူ့ရဲ့ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ဖြစ်ကောင်းဖြစ်မှာပါ။ ရီးရဲလ်ဟာ သူအများဆုံးရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်လည်း ဖြစပါတယ်။ ရီးရဲလ်ဘက်ကို ဟက်ထရစ် ၂ ကြိမ်တောင် သွင်းခဲ့ဖူးပါတယ်။
အက်စ်ပန်ညို(၂၅ ဂိုး)
အက်စ်ပန်ညိုဘက်ကို မက်ဆီဂိုးသွင်းတဲ့အခါတိုင်း ဘာစီလိုနာဟာ ဘယ်တော့မှ ရှုံးလေ့မရှိပါဘူး။ အက်စ်ပန်ညိုကို သူနောက်ဆုံးဂိုးသွင်းခဲ့တာက ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၁၉ မတ်လက ပွဲဖြစ်ပါတယ်။
[Zawgyi]
မက်ဆီဂိုးအများဆုံးသွင်းခဲ့တဲ့ ပြိုင်ဘက်ကလပ် ၅ ခု
ဆီဗီလာ(၃၇ ဂိုး)
အက်သလက်တီကို(၃၁ ဂိုး)
ဗလင်စီယာ(၂၈ ဂိုး)
အက်စ်ပန်ညို(၂၅ ဂိုး)