မက်ဆီကြောင့် လီဂူး-၁ ပြိုင်ပွဲကြည့်သူအရေအတွက် ၇၅ ရာခိုင်နှုန်းတိုးလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီရဲ့မက်ဆီခေါ်ယူမှုဟာ ပြင်သစ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာဆွဲဆောင်နိုင်မှုကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။

အဲဒီအာဂျင်တီးနားစူပါစတားဟာ ဒီရာသီလီဂူးပြိုင်ပွဲက ကွင်းထဲမှာ ခြေစွမ်းပြနိုင်ခြင်းမရှိသေးပေမယ့် ကွင်းပြင်ပမှာတော့ သူ့ရဲ့သက်ရောက်မှုက ကြီးမားခဲ့ပါတယ်။

မက်ဆီရဲ့ပုံရိပ်ကြောင့် ပြင်သစ်လီဂူး-၁ ရုပ်သံထုတ်လွှင့်ခွင့် ဝယ်ယူကြတဲ့ နိုင်ငံအရေအတွက် တဟုတ်ထိုးတိုးလာခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ပြင်ဘောလုံးလိဂ်ရဲ့နိုင်ငံတကာရုပ်သံထုတ်လွှင့်ခွင့်ရရှိထားတဲ့ ကာတာအခြေစိုက် BeIn Sports က မက်ဆီပြောင်းလာပြီးကတည်းက လီဂူးပြိုင်ပွဲထုတ်လွှင်တဲ့နိုင်ငံသစ် ၆ နိုင်ငံ ရှိလာတယ်လို့ ဆိုပါတယ်။

BeIn Sports ဟာ လီဂူး-၁ ရဲ့ပြည်ပရပ်ခြားရုပ်သံထုတ်လွှင့်ခွင့်အတွက် တစ်ရာသီကို ယူရို ၇၅ သန်းနဲ့ ဝယ်ယူထားတာဖြစ်ပြီး

၂၀၂၁-၂၄ နှစ်အပိုင်းအခြားအတွက် သူတို့နဲ့စာချုပ်ခဲ့တဲ့နိုင်ငံသစ်တွေထဲမှာ ဘယ်လ်ဂျီယံ၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ပါဝင်တယ်လို့ သိရပါတယ်။

မက်ဆီပြောင်းလာလို့ လီဂူး-၁ ပြသခွင့်ဝယ်ယူကြတဲ့နိုင်ငံတွေထဲမှာ ဆွီဒင်နဲ့ နော်ဝေအပြင် စပိန်တောင် ပါဝင်တယ်လု့ိ သိရပါတယ်။

အဲဒီအတွက်ကြောင့်လည်း လီဂူး-၁ ပြိုင်ပွဲကို ကြည့်ရှုသူအရေအတွက် တိုးလာခဲ့ပြီး အောက်တိုဘာ ၂၄ မှာကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့မာဆေးတို့ရဲ့ပွဲမှာဆိုရင် မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာတင် ကြည့်သူအရေအတွက် ၇၆ ရာခိုင်နှုန်းကျော်တိုးလာခဲ့ပါတယ်။

မက်ဆီကြောင့် ပြင်သစ်လီဂူးဟာ ရုပ်သံဝင်ငွေများစွာတိုးလာခဲ့ပေမယ့် ဥရောပထိပ်တန်းလိဂ်တွေထဲမှာတော့ တခြားလိဂ်တွေနဲ့ယှဉ်ရင် အများကြီးနည်းနေပါသေးတယ်။

ပရီးမီးယားလိဂ်က ရုပ်သံကနေ တစ်နှစ်ကို ယူရိုသန်း ၁၅၀၀ ရနေတာဖြစ်ပြီး လာလီဂါက ယူရိုသန်း ၉၀၀ နဲ့ စီးရီးအေက ယူရိုသန်း ၃၇၀ လောက်ရနေကြတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီေၾကာင့္ လီဂူး-၁ ၿပိဳင္ပြဲၾကည့္သူအေရအတြက္ ၇၅ ရာခိုင္ႏႈန္းတိုးလာ

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ပီအက္စ္ဂ်ီရဲ႕မက္ဆီေခၚယူမႈဟာ ျပင္သစ္ေဘာလုံးရဲ႕ကမာၻလုံးဆိုင္ရာဆြဲေဆာင္ႏိုင္မႈကို အႀကီးအက်ယ္ေျပာင္းလဲေစခဲ့ပါတယ္။

အဲဒီအာဂ်င္တီးနားစူပါစတားဟာ ဒီရာသီလီဂူးၿပိဳင္ပြဲက ကြင္းထဲမွာ ေျခစြမ္းျပႏိုင္ျခင္းမရွိေသးေပမယ့္ ကြင္းျပင္ပမွာေတာ့ သူ႔ရဲ႕သက္ေရာက္မႈက ႀကီးမားခဲ့ပါတယ္။

မက္ဆီရဲ႕ပုံရိပ္ေၾကာင့္ ျပင္သစ္လီဂူး-၁ ႐ုပ္သံထုတ္လႊင့္ခြင့္ ဝယ္ယူၾကတဲ့ ႏိုင္ငံအေရအတြက္ တဟုတ္ထိုးတိုးလာခဲ့ပါတယ္။

ပေရာ္ဖက္ရွင္နယ္ျပင္ေဘာလုံးလိဂ္ရဲ႕ႏိုင္ငံတကာ႐ုပ္သံထုတ္လႊင့္ခြင့္ရရွိထားတဲ့ ကာတာအေျခစိုက္ BeIn Sports က မက္ဆီေျပာင္းလာၿပီးကတည္းက လီဂူးၿပိဳင္ပြဲထုတ္လႊင္တဲ့ႏိုင္ငံသစ္ ၆ ႏိုင္ငံ ရွိလာတယ္လို႔ ဆိုပါတယ္။

BeIn Sports ဟာ လီဂူး-၁ ရဲ႕ျပည္ပရပ္ျခား႐ုပ္သံထုတ္လႊင့္ခြင့္အတြက္ တစ္ရာသီကို ယူ႐ို ၇၅ သန္းနဲ႔ ဝယ္ယူထားတာျဖစ္ၿပီး ၂၀၂၁-၂၄ ႏွစ္အပိုင္းအျခားအတြက္ သူတို႔နဲ႔စာခ်ဳပ္ခဲ့တဲ့ႏိုင္ငံသစ္ေတြထဲမွာ ဘယ္လ္ဂ်ီယံ၊ အိႏၵိယနဲ႔ ဗီယက္နမ္တို႔ပါဝင္တယ္လို႔ သိရပါတယ္။

မက္ဆီေျပာင္းလာလို႔ လီဂူး-၁ ျပသခြင့္ဝယ္ယူၾကတဲ့ႏိုင္ငံေတြထဲမွာ ဆြီဒင္နဲ႔ ေနာ္ေဝအျပင္ စပိန္ေတာင္ ပါဝင္တယ္လု႔ိ သိရပါတယ္။

အဲဒီအတြက္ေၾကာင့္လည္း လီဂူး-၁ ၿပိဳင္ပြဲကို ၾကည့္ရႈသူအေရအတြက္ တိုးလာခဲ့ၿပီး ေအာက္တိုဘာ ၂၄ မွာကစားခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔မာေဆးတို႔ရဲ႕ပြဲမွာဆိုရင္ ေျမာက္အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းမွာတင္ ၾကည့္သူအေရအတြက္ ၇၆ ရာခိုင္ႏႈန္းေက်ာ္တိုးလာခဲ့ပါတယ္။

မက္ဆီေၾကာင့္ ျပင္သစ္လီဂူးဟာ ႐ုပ္သံဝင္ေငြမ်ားစြာတိုးလာခဲ့ေပမယ့္ ဥေရာပထိပ္တန္းလိဂ္ေတြထဲမွာေတာ့ တျခားလိဂ္ေတြနဲ႔ယွဥ္ရင္ အမ်ားႀကီးနည္းေနပါေသးတယ္။

ပရီးမီးယားလိဂ္က ႐ုပ္သံကေန တစ္ႏွစ္ကို ယူ႐ိုသန္း ၁၅၀၀ ရေနတာျဖစ္ၿပီး လာလီဂါက ယူ႐ိုသန္း ၉၀၀ နဲ႔ စီးရီးေအက ယူ႐ိုသန္း ၃၇၀ ေလာက္ရေနၾကတာပါ။