မက်ဆီကောင်းပေမယ့် ဖရီးကစ်ဂိုးအရေအတွက်မှာ စီရော်နယ်ဒိုကို မကျော်နိုင်သေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗလင်စီယာနဲ့ပွဲမှာ မက်ဆီတစ်ယောက် ပင်နယ်တီမဝင်ခဲ့ပေမယ့် ဖရီးကစ်ကနေ ဂိုးသွင်းနိုင်လိုက်ပြီး ဘာစီလိုနာအတွက် သူဟာ ဖရီးကစ်ကနေ သွင်းယူခဲ့တာ ဂိုး ၅၀ ပြည့်ဖြစ်သွားခဲ့ပါတယ်။

ဒီအချိန်မှာ မက်ဆီရဲ့ မဟာပြိုင်ဘက် စီရော်နယ်ဒိုက ဖရီးကစ်တွေကနေ ဂိုးမသွင်းနိုင်တာ ကြာနေပြီဖြစ်တဲ့အတွက် လူပြောများစရာဖြစ်ခဲ့တာပါ။

ဒါပေမယ့် အချက်အလက်တွေအရ ကစားသမားဘ၀ တစ်လျှောက်မှာ ဖရီးကစ်ကနေ သွင်းထားနိုင်တဲ့ စုစုပေါင်းဂိုးအရေအတွက်မှာတော့ မက်ဆီက စီရော်နယ်ဒိုကို မကျော်နိုင်သေးပါဘူး။

၃၃နှစ်အရွယ်ရှိ မက်ဆီဟာ ဖရီးကစ်ကနေ ဘာစီလိုနာအတွက် သွင်းဂိုး ၅၀နဲ့ နိုင်ငံအသင်း အာဂျင်တီးနားအတွက် ၆ဂိုး စုစုပေါင်း ဖရီးကစ်ဂိုး ၅၆ဂိုး သွင်းယူထားနိုင်ပါတယ်။

စီရော်နယ်ဒိုက အခုနောက်ပိုင်း ဖရီးကစ်ကနေ ဂိုးမရတာကြာပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ မန်ယူ၊ ရီးရဲလ်နဲ့ ဂျူဗင်တပ်တို့အတွက် ဖရိးကစ်ကနေ ၄၇ဂိုး နိုင်ငံအသင်း ပေါ်တူဂီအတွက် ၁၀ဂိုး သွင်းထားပြီး စုစုပေါ်း ၅၇ဂိုးရှိတဲ့အတွက် မက်ဆီထက် ၁ဂိုးသားနေဆဲပါ။

ထူခြားတာက ၂၀၁၁ခုနှစ် အကုန်ပိုင်းအထိ မက်ဆီက ဖရီးကစ်ဂိုး ၃ဂိုးသာ သွင်းယူထားနိုင်တဲ့အချိန်မှာ စီရော်နယ်ဒိုက မန်ယူနဲ့ ရီးရဲလ်အသင်း ၂ခုပေါင်း ဖရီးကစ်ဂိုး ၂၂ဂိုး အထိ ရရှိထားပြီးသားဖြစ်နေတာပါ။

နောက်ပိုင်းကာလမှာ စီရော်နယ်ဒိုတစ်ယောက် ဖရီးကစ်ကနေ ဂိုးရတာနည်းသွားပြီး မက်ဆီက ဆက်တိုက်ပြန်လိုက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီကစပြီး စီရော်နယ်ဒိုဟာ ကလပ်အသင်းအတွက် ဖရီးကစ်ကနေ ၂ဂိုးသာ သွင်းထားနိုင်တော့တာ တွေ့ခဲ့ရပါတယ်။

ဂျူဗင်တပ်ကိုရောက်ပြီး ဖရီးကစ်ကန်သွင်းချက် ၇၂ချက်မှာ ၁ဂိုးသာရထား လေ့ကျင့်ရေးကွင်းမှာ အမြဲတမ်းနီးပါး ဂိုး၇တဲ့သူ့ကို အသင်းဖော်တွေက အားမလို အားမရ ဖြစ်နေကြတာပါ။

စီရော်နယ်ဒိုဟာ သူ့ရဲ့ နိုင်ငံအသင်း ၈ိုး၁၀၀ ရာပြည့်ဂိုးကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအသင်းအတွက် ၁၀ဂိုးမြောက် ဖရီးကစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ၂ဦးစလုံးဟာ ဖရီးကစ်ကနေ တစ်ပွဲတည်း ၂ဂိုး သွင်းယူနိုင်ခဲ့တာမျိုးလည်း ၃ပွဲစီ ရရှိထားကြဖူးပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီေကာင္းေပမယ့္ ဖရီးကစ္ဂိုးအေရအတြက္မွာ စီေရာ္နယ္ဒိုကို မေက်ာ္ႏိုင္ေသး

ဗလင္စီယာနဲ႔ပြဲမွာ မက္ဆီတစ္ေယာက္ ပင္နယ္တီမဝင္ခဲ့ေပမယ့္ ဖရီးကစ္ကေန ဂိုးသြင္းႏိုင္လိုက္ၿပီး ဘာစီလိုနာအတြက္ သူဟာ ဖရီးကစ္ကေန သြင္းယူခဲ့တာ ဂိုး ၅၀ ျပည့္ျဖစ္သြားခဲ့ပါတယ္။

ဒီအခ်ိန္မွာ မက္ဆီရဲ႕ မဟာၿပိဳင္ဘက္ စီေရာ္နယ္ဒိုက ဖရီးကစ္ေတြကေန ဂိုးမသြင္းႏိုင္တာ ၾကာေနၿပီျဖစ္တဲ့အတြက္ လူေျပာမ်ားစရာျဖစ္ခဲ့တာပါ။ ဒါေပမယ့္ အခ်က္အလက္ေတြအရ ကစားသမားဘ၀ တစ္ေလွ်ာက္မွာ ဖရီးကစ္ကေန သြင္းထားႏိုင္တဲ့ စုစုေပါင္းဂိုးအေရအတြက္မွာေတာ့ မက္ဆီက စီေရာ္နယ္ဒိုကို မေက်ာ္ႏိုင္ေသးပါဘူး။

၃၃ႏွစ္အ႐ြယ္ရွိ မက္ဆီဟာ ဖရီးကစ္ကေန ဘာစီလိုနာအတြက္ သြင္းဂိုး ၅၀နဲ႔ ႏိုင္ငံအသင္း အာဂ်င္တီးနားအတြက္ ၆ဂိုး စုစုေပါင္း ဖရီးကစ္ဂိုး ၅၆ဂိုး သြင္းယူထားႏိုင္ပါတယ္။ စီေရာ္နယ္ဒိုက အခုေနာက္ပိုင္း ဖရီးကစ္ကေန ဂိုးမရတာၾကာေပမယ့္ သူ႔ရဲ႕ ကစားသမားဘဝမွာ မန္ယူ၊ ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္တို႔အတြက္ ဖရိးကစ္ကေန ၄၇ဂိုး ႏိုင္ငံအသင္း ေပၚတူဂီအတြက္ ၁၀ဂိုး သြင္းထားၿပီး စုစုေပၚး ၅၇ဂိုးရွိတဲ့အတြက္ မက္ဆီထက္ ၁ဂိုးသားေနဆဲပါ။

ထူျခားတာက ၂၀၁၁ခုႏွစ္ အကုန္ပိုင္းအထိ မက္ဆီက ဖရီးကစ္ဂိုး ၃ဂိုးသာ သြင္းယူထားႏိုင္တဲ့အခ်ိန္မွာ စီေရာ္နယ္ဒိုက မန္ယူနဲ႔ ရီးရဲလ္အသင္း ၂ခုေပါင္း ဖရီးကစ္ဂိုး ၂၂ဂိုး အထိ ရရွိထားၿပီးသားျဖစ္ေနတာပါ။

ေနာက္ပိုင္းကာလမွာ စီေရာ္နယ္ဒိုတစ္ေယာက္ ဖရီးကစ္ကေန ဂိုးရတာနည္းသြားၿပီး မက္ဆီက ဆက္တိုက္ျပန္လိုက္လာႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ၂၀၁၇-၁၈ ေဘာလုံးရာသီကစၿပီး စီေရာ္နယ္ဒိုဟာ ကလပ္အသင္းအတြက္ ဖရီးကစ္ကေန ၂ဂိုးသာ သြင္းထားႏိုင္ေတာ့တာ ေတြ႕ခဲ့ရပါတယ္။

ဂ်ဴဗင္တပ္ကိုေရာက္ၿပီး ဖရီးကစ္ကန္သြင္းခ်က္ ၇၂ခ်က္မွာ ၁ဂိုးသာရထား ေလ့က်င့္ေရးကြင္းမွာ အၿမဲတမ္းနီးပါး ဂိုး၇တဲ့သူ႔ကို အသင္းေဖာ္ေတြက အားမလို အားမရ ျဖစ္ေနၾကတာပါ။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ႏိုင္ငံအသင္း ၈ိုး၁၀၀ ရာျပည့္ဂိုးကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ႏိုင္ငံအသင္းအတြက္ ၁၀ဂိုးေျမာက္ ဖရီးကစ္ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ၂ဦးစလုံးဟာ ဖရီးကစ္ကေန တစ္ပြဲတည္း ၂ဂိုး သြင္းယူႏိုင္ခဲ့တာမ်ိဳးလည္း ၃ပြဲစီ ရရွိထားၾကဖူးပါေသးတယ္။