မက်ဆီကို ဦးစားပေး ပစ်မှတ်အနေနဲ့ ကြိုက်ဈေးပေးပြီး ကမ်းလှမ်းတော့မယ့် ပီအက်စ်ဂျီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် ဇွန်လ ဈေးကွက်မှာ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကို ၃နှစ်စာချုပ်နဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ သူတို့ရဲ့ အရင်ကတည်းက စိတ်ဝင်စားနေမှုကို အကောင်အထည်ဖော်ဖို့အတွက် ပီအက်စ်ဂျီ်ရဲ့ ခြေလှမ်းစမှုဖြစ်လာခဲ့ပြီး ဘာစီလိုနာအတွက်တော့ သူတို့ရဲ့ အရေးအပါဆုံး ကစားသမားကို ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားရတော့မှာဖြစ်ပါတယ်။

ရာသီကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာခွင့်ရရှိထားပြီးဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လမှာကတည်းက ထွက်ဖို့ရှိနေပြီး ကိုဗစ်ကပ်ရောဂါကြောင့် ဘာစီလိုနာနဲ့စာချုပ်ကိစ္စမှာ အငြင်းပွားမှုတွေ ရှိခဲ့တာပါ။

ဒါကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ ဆုံးဖြတ်ထားရသေးခြင်း မရှိသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက အသင်းကထွက်ခွာခွင့် တောင်းခဲ့ပေမယ့်လည်း စာချုပ်ပါအချက်အလက်တချို့ကို ကိုင်စွဲပြီး ဘာစီလိုနာက တားမြစ်ထားခဲ့လို့ မက်ဆီဟာ ဒီရာသီကို ဆက်လက်ကစားပေးနေတာဖြစ်ပြီး ဒီရာသီကုန်မှာတော့ သူ့အနာဂတ်ကို ဆုံးဖြတ်နိုင်တော့မှာဖြစ်ပါတယ်။

TNT Sports က ဖော်ပြခဲ့ရာမှာ ပီအက်စ်ဂျီက မက်ဆီကို ၂နှစ်သက်တမ်းရှိစာချုပ်နဲ့ ကမ်းလှမ်းမှာြဖြစ်ပြီး နောက်ထပ် ၁နှစ်စာချုပ်သက်တမ်းတိုးခွင့်ပါရှိမယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘာစီလိုနာက လက်ရှိမှာ ကိုပါဒယ်ရေးဖလားဆွတ်ခူးထားပြီး လာလီဂါဖလားကိုလည်း ရယူနိုင်ဖို့ မျှော်လင့်နေနိုင်ကာ ပြည်တွင်းဖလား ၂လုံးစလုံး ရယူနိုင်ခဲ့မယ်ဆိုရင် မက်ဆီအနေနဲ့ နူးကမ့်မှာသာ ဆက်လက်ရှိသွားဖွယ်ရှိနေတာက သူတို့အတွက် အဓိက အတားအဆီးအဖြစ်ရှိနေပါတယ်။

ဘာစီလိုနာကလည်း မက်ဆီကို ဆက်လက်ရှိနေစေဖို့ အစွမ်းကုန်ကြိုးစားနေပြီး ကစားသမားနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ မျှော်လင့်နေပါတယ်။ အသင်းသာ အောင်မြင်မှုတွေရခဲ့မယ်ဆိုရင် မက်ဆီရဲ့ ဆန္ဒပြောင်းလဲသွားမယ်လို့ ကလပ်အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပြီး မက်ဆီရဲ့ အနာဂတ်ဟာ ဘာစီလိုနာအသင်း အမှတ်ပေးဖလားရ၊မရဆိုတဲ့အပေါ်မှာ မူတည်နေပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ မက်မောလောက်ဖွယ်ရာ ကမ်းလှမ်းမှုနဲ့ အသင့်ဖြစ်နေပြီဖြစ်နေတဲ့အပြင် လက်ရှိ ပီအက်စိဂျီတိုက်စစ်မှုး နေမာနဲ့ ရင်းနှီးမှုကို အသုံးချပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ မက်ဆီ တစ်ယောက် လာမယ့် ဇွန်လမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီကို ဦးစားေပး ပစ္မွတ္အေနနဲ႔ ႀကိဳက္ေဈးေပးၿပီး ကမ္းလွမ္းေတာ့မယ့္ ပီအက္စ္ဂ်ီ

လာမယ့္ ဇြန္လ ေဈးကြက္မွာ ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာတိုက္စစ္မႉးမက္ဆီကို ၃ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔အတြက္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဒါဟာ သူတို႔ရဲ႕ အရင္ကတည္းက စိတ္ဝင္စားေနမႈကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ပီအက္စ္ဂ်ီ္ရဲ႕ ေျခလွမ္းစမႈျဖစ္လာခဲ့ၿပီး ဘာစီလိုနာအတြက္ေတာ့ သူတို႔ရဲ႕ အေရးအပါဆုံး ကစားသမားကို ထိန္းသိမ္းႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။

ရာသီကုန္မွာ ဘာစီလိုနာကေန ထြက္ခြာခြင့္ရရွိထားၿပီးျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ ဇြန္လမွာကတည္းက ထြက္ဖို႔ရွိေနၿပီး ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဘာစီလိုနာနဲ႔စာခ်ဳပ္ကိစၥမွာ အျငင္းပြားမႈေတြ ရွိခဲ့တာပါ။

ဒါေၾကာင့္ သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ ဆုံးျဖတ္ထားရေသးျခင္း မရွိေသးတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီကုန္ကတည္းက အသင္းကထြက္ခြာခြင့္ ေတာင္းခဲ့ေပမယ့္လည္း စာခ်ဳပ္ပါအခ်က္အလက္တခ်ိဳ႕ကို ကိုင္စြဲၿပီး ဘာစီလိုနာက တားျမစ္ထားခဲ့လို႔ မက္ဆီဟာ ဒီရာသီကို ဆက္လက္ကစားေပးေနတာျဖစ္ၿပီး ဒီရာသီကုန္မွာေတာ့ သူ႔အနာဂတ္ကို ဆုံးျဖတ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

TNT Sports က ေဖာ္ျပခဲ့ရာမွာ ပီအက္စ္ဂ်ီက မက္ဆီကို ၂ႏွစ္သက္တမ္းရွိစာခ်ဳပ္နဲ႔ ကမ္းလွမ္းမွာျျဖစ္ၿပီး ေနာက္ထပ္ ၁ႏွစ္စာခ်ဳပ္သက္တမ္းတိုးခြင့္ပါရွိမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဘာစီလိုနာက လက္ရွိမွာ ကိုပါဒယ္ေရးဖလားဆြတ္ခူးထားၿပီး လာလီဂါဖလားကိုလည္း ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနႏိုင္ကာ ျပည္တြင္းဖလား ၂လုံးစလုံး ရယူႏိုင္ခဲ့မယ္ဆိုရင္ မက္ဆီအေနနဲ႔ ႏူးကမ့္မွာသာ ဆက္လက္ရွိသြားဖြယ္ရွိေနတာက သူတို႔အတြက္ အဓိက အတားအဆီးအျဖစ္ရွိေနပါတယ္။

ဘာစီလိုနာကလည္း မက္ဆီကို ဆက္လက္ရွိေနေစဖို႔ အစြမ္းကုန္ႀကိဳးစားေနၿပီး ကစားသမားနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္သြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အသင္းသာ ေအာင္ျမင္မႈေတြရခဲ့မယ္ဆိုရင္ မက္ဆီရဲ႕ ဆႏၵေျပာင္းလဲသြားမယ္လို႔ ကလပ္အသင္းတာဝန္ရွိသူေတြက ယုံၾကည္ေနၿပီး မက္ဆီရဲ႕ အနာဂတ္ဟာ ဘာစီလိုနာအသင္း အမွတ္ေပးဖလားရ၊မရဆိုတဲ့အေပၚမွာ မူတည္ေနၿပီျဖစ္ပါတယ္။ ပီအက္စ္ဂ်ီကေတာ့ မက္ေမာေလာက္ဖြယ္ရာ ကမ္းလွမ္းမႈနဲ႔ အသင့္ျဖစ္ေနၿပီျဖစ္ေနတဲ့အျပင္ လက္ရွိ ပီအက္စိဂ်ီတိုက္စစ္မႈး ေနမာနဲ႔ ရင္းႏွီးမႈကို အသုံးခ်ၿပီး ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနတာပါ။ မက္ဆီ တစ္ေယာက္ လာမယ့္ ဇြန္လမွာဘယ္လိုဆုံးျဖတ္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။