
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းကြီး အီတူးကတော့ ဘာစီလိုနာအသင်းကနေ ထွက်ခွာရလို့ မျက်ရည်စက်လက် ဖြစ်ရတဲ့ မက်ဆီကို နှစ်သိမ့်စကားပြောကြားလိုက်ပါတယ်။
မက်ဆီဟာ သူ (၂၁) နှစ်ကြာကစားလာတဲ့ ကတ်တလန်ဒေသခံကလပ်အသင်းကို မနေ့က တရားဝင်နှုတ်ဆက်ခဲ့ပြီး အဲဒီသတင်းစာရှင်းလင်းပွဲမှာ မက်ဆီက ပွဲအစ (၅) စက္ကန့်လောက်အကြာမှာတင် ငိုကြွေးခဲ့တာပါ။
မက်ဆီနဲ့ပတ်သက်လို့ အီတူးက “မငိုပါနဲ့သားရေ။ မင်းက အရာအားလုံးပေးဆပ်ခဲ့ပေမယ့် ဘဝမှာ တချို့အရာတွေက ရှင်းပြဖို့ မဖြစ်နိုင်ပါဘူး။ ငါတို့ မင်းကိုချစ်ပါတယ်။” လို့ သူ့ရဲ့အင်စတာဂရမ်မှာ နှစ်သိမ့်စကားဆိုထားပါတယ်။
မက်ဆီနဲ့ အီတူးတို့ဟာ (၂၀၀၉) ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ အတူတွဲကစားခဲ့ပြီး (၂၀၀၉) ခုနှစ်မှာတော့ အီတူးက အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
မက်ဆီရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်သူ ဆွာရက်ဇ်ကလည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် မက်ဆီအတွက် သတင်းစကား ပေးပို့ထားပါတယ်။ “မက်ဆီ၊ မင်းအနေနဲ့ ဘာစီလိုနာမှာ သမိုင်းတွေ လုံလုံလောက်လောက် ရေးထိုးပြီးသွားပါပြီ။”
“မင်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့် ထောင်ပေါင်းများစွာ ရခဲ့တာက အတူတွဲပြီး ကစားခွင့်ရလို့ဖြစ်ပါတယ်။ အဲဒီအတွက် ကံကောင်းတယ်လို့ ယူဆပါတယ်။”
“ငါ့အနေနဲ့ အနာဂတ်မှာ မင်းနဲ့ မင်းမိသားစုတွေအတွက် အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မင်းကိုငါ သိပ်ချစ်ပါတယ် မက်ဆီ”လို့ လူမှုကွန်ယက်တွင် ဆွာရက်ဇ်ကရေးသားထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မက္ဆီကို အားေပးႏွစ္သိမ့္တဲ့ အီတူးနဲ႔ ဆြာရက္ဇ္
ဘာစီလိုနာအသင္းရဲ႕ ကစားသမားေဟာင္းႀကီး အီတူးကေတာ့ ဘာစီလိုနာအသင္းကေန ထြက္ခြာရလို႔ မ်က္ရည္စက္လက္ ျဖစ္ရတဲ့ မက္ဆီကို ႏွစ္သိမ့္စကားေျပာၾကားလိုက္ပါတယ္။
မက္ဆီဟာ သူ (၂၁) ႏွစ္ၾကာကစားလာတဲ့ ကတ္တလန္ေဒသခံကလပ္အသင္းကို မေန႔က တရားဝင္ႏႈတ္ဆက္ခဲ့ၿပီး အဲဒီသတင္းစာရွင္းလင္းပြဲမွာ မက္ဆီက ပြဲအစ (၅) စကၠန႔္ေလာက္အၾကာမွာတင္ ငိုေႂကြးခဲ့တာပါ။
မက္ဆီနဲ႔ပတ္သက္လို႔ အီတူးက “မငိုပါနဲ႔သားေရ။ မင္းက အရာအားလုံးေပးဆပ္ခဲ့ေပမယ့္ ဘဝမွာ တခ်ိဳ႕အရာေတြက ရွင္းျပဖို႔ မျဖစ္ႏိုင္ပါဘူး။ ငါတို႔ မင္းကိုခ်စ္ပါတယ္။” လို႔ သူ႔ရဲ႕အင္စတာဂရမ္မွာ ႏွစ္သိမ့္စကားဆိုထားပါတယ္။
မက္ဆီနဲ႔ အီတူးတို႔ဟာ (၂၀၀၉) ခုႏွစ္အထိ ဘာစီလိုနာအသင္းမွာ အတူတြဲကစားခဲ့ၿပီး (၂၀၀၉) ခုႏွစ္မွာေတာ့ အီတူးက အင္တာမီလန္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။
မက္ဆီရဲ႕ အရင္းႏွီးဆုံး မိတ္ေဆြတစ္ဦးျဖစ္သူ ဆြာရက္ဇ္ကလည္း ဆိုရွယ္မီဒီယာမွတစ္ဆင့္ မက္ဆီအတြက္ သတင္းစကား ေပးပို႔ထားပါတယ္။ “မက္ဆီ၊ မင္းအေနနဲ႔ ဘာစီလိုနာမွာ သမိုင္းေတြ လုံလုံေလာက္ေလာက္ ေရးထိုးၿပီးသြားပါၿပီ။”
“မင္းနဲ႔အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခိုက္အတန႔္ ေထာင္ေပါင္းမ်ားစြာ ရခဲ့တာက အတူတြဲၿပီး ကစားခြင့္ရလို႔ျဖစ္ပါတယ္။ အဲဒီအတြက္ ကံေကာင္းတယ္လို႔ ယူဆပါတယ္။”
“ငါ့အေနနဲ႔ အနာဂတ္မွာ မင္းနဲ႔ မင္းမိသားစုေတြအတြက္ အေကာင္းဆုံးေတြ ျဖစ္လာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ မင္းကိုငါ သိပ္ခ်စ္ပါတယ္ မက္ဆီ”လို႔ လူမႈကြန္ယက္တြင္ ဆြာရက္ဇ္ကေရးသားထားပါတယ္။