မက်ဆီကို ‘မှော်’၊ စီရော်နယ်ဒိုကို ‘ဂိုး’အဖြစ် စကားလုံးတစ်လုံးတည်းနဲ့ဖော်ပြခဲ့တဲ့ မော်ရင်ဟို

photo-gettyimages

photo-gettyimages

မန်ယူနည်းပြဟောင်းမော်ရင်ဟိုဟာ မကြာသေးခင်တုန်းက အင်တာဗျူးတစ်ခုမှာ စကားလုံးတစ်လုံးတည်းနဲ့ဖော်ပြတဲ့ဂိမ်းကို ကစားခဲ့ပါတယ်။ အင်တာဗျူးသူက အဲဒီပေါ်တူဂီသားရဲ့နှလုံးသားနဲ့ နီးစပ်တဲ့နေရာတွေနဲ့ ဘောလုံးသမားနာမည်တွေကို တစ်ခုချင်းစီမေးပြီး မော်ရင်ဟိုက စကားလုံးတစ်လုံးတည်းနဲ့ ပြန်လည်ဖော်ပြပေးရတာပါ။ အဲဒီထဲမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးတွေဖြစ်ကြတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့အပြင် ချဲလ်ဆီးကစားသမားဟောင်းတွေဖြစ်ကြတဲ့ တယ်ရီ၊အက်ဆီယန်နဲ့ဒီယေဂိုကော်စတာတို့ရဲ့နာမည်တွေလည်း ပါဝင်ခဲ့ကြတာပါ။

photo-gettyimages

အင်တာဗျူးတဲ့သူက မက်ဆီလို့ပြောလိုက်တော့ မော်ရင်ဟိုက ‘မှော်’အဖြစ် ပြန်ဖြေခဲ့ပါတယ်။ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့နာမည်ကိုပြောလိုက်တော့ ‘ဂိုး’လို့ ပြန်ဖြေပါတယ်။ ချဲလ်ဆီးအသင်းခေါင်းဆေင်ဟောင်းဂျွန်တယ်ရီကိုတော့ ‘ခေါင်းဆောင်’လို့ မော်ရင်ဟိုက ဖော်ပြပါတယ်။ ချဲလ်ဆီးတိုက်စစ်မှုးဟောင်းဒရော့ဘာကိုတော့ ‘ဂန္ထဝင်’အဖြစ် ချီးကျူးခဲ့ပါတယ်။ သူ့ရဲ့ဖေးဘရိတ်ကစားသမားဖြစ်တဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်းမိုက်ကယ်အက်ဆီယန်ကိုတော့ ‘သား’အဖြစ် မော်ရင်ဟိုက ဖော်ပြခဲ့ပါတယ်။

photo-gettyimages

အဲဒီစကားလုံးတစ်လုံးတည်းနဲ့ဖော်ပြတဲ့ဂိမ်းမှာ မော်ရင်ဟိုအထိမိဆုံးဖော်ပြနိုင်ခဲ့တဲ့ကစားသမားကတော့ ချဲလ်ဆီးတိုက်စစ်မှုးဟောင်းဒီယေဂိုကော်စတာပါပဲ။ ကော်စတာဟာ ၂၀၁၄ တုန်းက အက်သလက်တီကိုကနေ မော်ရင်ဟိုခေါ်ယူခဲ့တဲ့ကစားသမားပါ။ ချဲလ်ဆီးနဲ့ ၃  ရာသီကြာကစားသမားဘဝမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ကြမ်းကြမ်းတမ်းတမ်းကစားပုံစတိုင်ကြောင့် ကော်စတာကို မော်ရင်ဟိုက ‘တိရစ္ဆာန်’လို့ ဖော်ပြခဲ့တာပါ။

[Zawgyi]

မက္ဆီကို ‘ေမွာ္’၊ စီေရာ္နယ္ဒိုကို ‘ဂိုး’အျဖစ္ စကားလုံးတစ္လုံးတည္းနဲ႔ေဖာ္ျပခဲ့တဲ့ ေမာ္ရင္ဟို

မန္ယူနည္းျပေဟာင္းေမာ္ရင္ဟိုဟာ မၾကာေသးခင္တုန္းက အင္တာဗ်ဴးတစ္ခုမွာ စကားလုံးတစ္လုံးတည္းနဲ႔ေဖာ္ျပတဲ့ဂိမ္းကို ကစားခဲ့ပါတယ္။ အင္တာဗ်ဴးသူက အဲဒီေပၚတူဂီသားရဲ႕ႏွလုံးသားနဲ႔ နီးစပ္တဲ့ေနရာေတြနဲ႔ ေဘာလုံးသမားနာမည္ေတြကို တစ္ခုခ်င္းစီေမးၿပီး ေမာ္ရင္ဟိုက စကားလုံးတစ္လုံးတည္းနဲ႔ ျပန္လည္ေဖာ္ျပေပးရတာပါ။ အဲဒီထဲမွာ လက္ရွိကမာၻ႔အေကာင္းဆုံးေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔အျပင္ ခ်ဲလ္ဆီးကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ တယ္ရီ၊အက္ဆီယန္နဲ႔ဒီေယဂိုေကာ္စတာတို႔ရဲ႕နာမည္ေတြလည္း ပါ၀င္ခဲ့ၾကတာပါ။

အင္တာဗ်ဴးတဲ့သူက မက္ဆီလို႔ေျပာလုိက္ေတာ့ ေမာ္ရင္ဟိုက ‘ေမွာ္’အျဖစ္ ျပန္ေျဖခဲ့ပါတယ္။ သူနဲ႔တစ္ႏိုင္ငံတည္းသားျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕နာမည္ကိုေျပာလိုက္ေတာ့ ‘ဂိုး’လို႔ ျပန္ေျဖပါတယ္။ ခ်ဲလ္ဆီးအသင္းေခါင္းေဆင္ေဟာင္းဂၽြန္တယ္ရီကိုေတာ့ ‘ေခါင္းေဆာင္’လို႔ ေမာ္ရင္ဟိုက ေဖာ္ျပပါတယ္။ ခ်ဲလ္ဆီးတုိက္စစ္မႈးေဟာင္းဒေရာ့ဘာကိုေတာ့ ‘ဂႏၳ၀င္’အျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။ သူ႔ရဲ႕ေဖးဘရိတ္ကစားသမားျဖစ္တဲ့ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းမိုုက္ကယ္အက္ဆီယန္ကိုေတာ့ ‘သား’အျဖစ္ ေမာ္ရင္ဟိုက ေဖာ္ျပခဲ့ပါတယ္။

အဲဒီစကားလုံးတစ္လုံးတည္းနဲ႔ေဖာ္ျပတဲ့ဂိမ္းမွာ ေမာ္ရင္ဟိုအထိမိဆံုးေဖာ္ျပႏိုင္ခဲ့တဲ့ကစားသမားကေတာ့ ခ်ဲလ္ဆီးတိုက္စစ္မႈးေဟာင္းဒီေယဂိုေကာ္စတာပါပဲ။ ေကာ္စတာဟာ ၂၀၁၄ တုန္းက အက္သလက္တီကိုကေန ေမာ္ရင္ဟိုေခၚယူခဲ့တဲ့ကစားသမားပါ။ ခ်ဲလ္ဆီးနဲ႔ ၃  ရာသီၾကာကစားသမားဘ၀မွာ ဘယ္သူ႔ကိုမွ ဂရုမစိုက္တဲ့ ၾကမး္ၾကမ္းတမ္းတမ္းကစားပုံစတိုင္ေၾကာင့္ ေကာ္စတာကို ေမာ္ရင္ဟိုက ‘တိရစာၦန္’လုိ႔ ေဖာ္ျပခဲ့တာပါ။