
Photo Credit
Photo Credit
ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ ရာဖေးဗာရန်းကတော့ ယနေ့ညပွဲစဉ်မှာ တစ်သင်းလုံးစည်းစည်းလုံးလုံးနဲ့သာ ကစားမယ်ဆိုရင် ပြိုင်ဘက် ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကို တားဆီးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ အယ်လ်ကလက်စီကိုပွဲစဉ် နောက်ဆုံး ၃ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် ယခုလအစောပိုင်းကမှ ၆ ကြိမ်မြောက် Ballon d’Or ဆု ဆွတ်ခူးထားတဲ့ ကစားသမားဖြစ်တာကြောင့် ဧည့်သည်အသင်းအတွက် အန္တရာယ်ရှိပြီး ထိန်းချုပ်ရခက်ခဲမယ့် ကစားသမား ဖြစ်ပါတယ်။
Photo Credit
ဘာစီလိုနာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အန်တိုနီဂရစ်ဇ်မန်းနဲ့ လူးဝစ်ဆွာရက်ဇ်တို့ကတော့ ဒီဇင်ဘာမှာ ၂ ဦးပေါင်း ၄ ဂိုး သွင်းယူထားပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ယနေ့ည နူးကမ့်မြေအထိ သွားရောက်ကစားရာမှာ ရီးရဲလ်မက်ဒရစ်ကစားသမား တစ်ဦးချင်းစီတိုင်းက မက်ဆီကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လိ့ု ဗာရန်းက ဆိုပါတယ်။
Photo Credit
ဗာရာနီက “မက်ဆီက အထူးကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး တခြားကစားသမားကို ခံစစ်ကစားသမားမျိုး သွားကစားလို့မရပါဘူး။ သူက သူ့ပုံစံနဲ့သူ ကစားပြီး ခင်ဗျားရဲ့ အာရုံစိုက်မှုကို အလိုရှိပါလိမ့်မယ်။ ပြီးရင်တော့ ခင်ဗျားကို ပစ်လဲကျအောင် လိမ်ခေါက်ပြပါလိမ့်မယ်။ ကျွန်တော်တို့ အသင်းဖော်တွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့ သူ့ကို တားဆီးဖို့လိုပါလိမ့်မယ်”
Photo Credit
”ဒါက စည်းစည်းလုံးလုံး လုပ်ဆောင်ရမှာပါ။ သူ့ကို တတ်နိုင်သမျှ နေရာလွတ်တွေ မရနိုင်အောင် တားဆီးရမှာပါ”လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Photo Credit
Zawgyi
မက္ဆီကို ဘယ္လုိတားဆီးရမလဲဆုိတာ ဖြင့္ဟလာတဲ့ ဗာရန္း
ရီးရဲလ္မက္ဒရစ္ ဗဟိုေနာက္ခံလူ ရာေဖးဗာရန္းကေတာ့ ယေန႔ညပြဲစဥ္မွာ တစ္သင္းလံုးစည္းစည္းလံုးလံုးနဲ႔သာ ကစားမယ္ဆိုရင္ ၿပိဳင္ဘက္ ဘာစီလုိနာအသင္းတုိက္စစ္မွဴး မက္ဆီကို တားဆီးႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာပါတယ္။
ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ အယ္လ္ကလက္စီကိုပြဲစဥ္ ေနာက္ဆံုး ၃ ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း မရွိခဲ့ေပမယ့္ ယခုလအေစာပိုင္းကမွ ၆ ႀကိမ္ေျမာက္ Ballon d’Or ဆု ဆြတ္ခူးထားတဲ့ ကစားသမားျဖစ္တာေၾကာင့္ ဧည့္သည္အသင္းအတြက္ အႏၱရာယ္ရွိၿပီး ထိန္းခ်ဳပ္ရခက္ခဲမယ့္ ကစားသမား ျဖစ္ပါတယ္။
ဘာစီလုိနာ တိုက္စစ္မွဴးေတြျဖစ္ၾကတဲ့ အန္တိုနီဂရစ္ဇ္မန္းနဲ႔ လူးဝစ္ဆြာရက္ဇ္တို႔ကေတာ့ ဒီဇင္ဘာမွာ ၂ ဦးေပါင္း ၄ ဂိုး သြင္းယူထားပါတယ္။ ဒါေပမဲ့ မက္ဆီဟာ ႀကီးက်ယ္တဲ့ ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ ယေန႔ည ႏူးကမ့္ေျမအထိ သြားေရာက္ကစားရာမွာ ရီးရဲလ္မက္ဒရစ္ကစားသမား တစ္ဦးခ်င္းစီတိုင္းက မက္ဆီကို ထိန္းခ်ဳပ္ႏုိင္ဖို႔ လိုအပ္တယ္လိ႔ု ဗာရန္းက ဆိုပါတယ္။
ဗာရာနီက “မက္ဆီက အထူးေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး တျခားကစားသမားကို ခံစစ္ကစားသမားမ်ိဳး သြားကစားလုိ႔မရပါဘူး။ သူက သူ႔ပံုစံနဲ႔သူ ကစားၿပီး ခင္ဗ်ားရဲ႕ အာရံုစိုက္မႈကို အလုိရွိပါလိမ့္မယ္။ ၿပီးရင္ေတာ့ ခင္ဗ်ားကို ပစ္လဲက်ေအာင္ လိမ္ေခါက္ျပပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ အသင္းေဖာ္ေတြနဲ႔အတူ စည္းစည္းလံုးလံုးနဲ႔ သူ႔ကို တားဆီးဖို႔လိုပါလိမ့္မယ္”
”ဒါက စည္းစည္းလံုးလံုး လုပ္ေဆာင္ရမွာပါ။ သူ႕ကို တတ္ႏိုင္သမွ် ေနရာလြတ္ေတြ မရႏိုင္ေအာင္ တားဆီးရမွာပါ”လို႔ ေျပာသြားခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပိဳင္ပြဲစံု ေနာက္ဆံုး ၈ ပြဲမွာ ၇ ပြဲအထိ အႏိုင္ရရွိထားတာ ျဖစ္ပါတယ္။